BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူပေါင်း သောင်းချီမျှဝေနေတဲ့...
သတင်းအတု

လူပေါင်း သောင်းချီမျှဝေနေတဲ့ ကိုဗစ်ကုသနည်းအမှား

ဒီရက်ပိုင်းအတွင်းမှာ ကိုဗစ်ရောဂါကို ဆေးမသောက်ပဲ အမြစ်ပြတ်အောင် ကုသနည်းဆိုတဲ့ အချက်အလက်အမှားတွေနဲ့ ဖြန့်ဝေထားတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Jan 2021 8:12 PM IST
  • လူပေါင်း သောင်းချီမျှဝေနေတဲ့ ကိုဗစ်ကုသနည်းအမှား

    အဆိုပါ သတင်းအမှားဟာကိုဗစ်စတင်ဖြစ်ပွားစဉ်ကတည်းက မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ Lay Naing Luck Barua ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    အဲ့ဒီသတင်းအမှားထဲမှာ "ဝူဟန်မှ အိန္ဒိယနိုင်ငံသား၏ ဘာသာပြန်" လို့ရေးထားပြီး "တရုပ်လူမျိုးတို့သည် ကိုရိုနာ ဗိုင်းရပ်အတွက် ဆေးခန်း သို့မဟုတ် မည်သည့်ဆေးမျှ မသောက်ပါ။ သူတို့သည် ရောဂါကုသရန် ဆေးရုံးသို့မသွားပဲ ဗိုင်းရပ်ကို အပူဖြင့် သတ်ပြစ်ကြသည်" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားကာ ရောဂါပိုးကို သေစေနိုင်တဲ့ အဆင့် (၅) ဆင့်ကို ဖော်ပြထားပါတယ်။

    အဲ့ဒီ အဆင့် (၅) ဆင့်ဟာ တစ်နေ့ကို ရေနွေးငွေ့ (၄) ကြိမ်ရှုခြင်း၊ နေ့စဉ် ဆားရေဖြင့် (၄) ကြိမ် အာလုပ်ကျင်းခြင်း၊ ရေနွေးကြမ်း (၄) ကြိမ်သောက်ခြင်း ပြုလုပ်၇မယ်လို့ ရေးထားပြီး ဒီလိုပြုလုပ်ရင် (၄) ရက်အတွင်း ဗိုင်းရပ်ပိုးသေစေနိုင်တယ်လို့ဆိုကာ (၅) ရက်မြောက်နေ့မှာ ကိုရိုနာ ရောဂါပိုးကင်းစင်ပြီလို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ တစ်သောင်းခုနှစ်ထောင်ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်နိုင်ငံက ကိုရိုနာရောဂါ ပျောက်ကင်းအောင် ကုသခဲ့တဲ့ နည်းလမ်းတွေဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူမှုကွန်ယက်ပေါ် ဧပြီလခန့်ကတည်းက ထွက်ပေါ်လာတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    ဒီသတင်းအမှားတွေဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေ ဖြစ်တဲ့ Weibo, Twitter နဲ့ Facebook တို့ပေါ်မှာ ဇန်နဝါရီလခန့်က ပျံနှံ့ခဲ့တဲ့ သတင်းအမှားတစ်ပုဒ်သာဖြစ်ပြီး မြန်မာနိုင်ငံလူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဧပြီလခန့်ကနေ အခုအချိန်ထိ ပျံ့နှံ့နေတဲ့ သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။

    ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဧပြီလခန့်က Boom က အချက်အလက်စစ်ဆေး ရေးသားခဲ့တဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    တရုတ်နိုင်ငံက Covid-19 လျှို့ဝှက် ကာကွယ်နည်းဆိုတဲ့ ကောလဟာလ

    တရုတ်နိုင်ငံမှာ ထွက်ပေါ်လာတဲ့ ရေနွေးသောက်ခြင်း၊ ဆားရည်နဲ့ အာလုပ်ကျင်းခြင်းဟာ ကိုရိုနာရောဂါကို မကွယ်ဘူးလို့

    တရုတ်နိုင်ငံရဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကလည်း ပြောဆိုထားပါတယ်။

    တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (Chinese Center for Disease Control and Prevention) က ကိုရိုနာရောဂါကို ထိန်းချုပ်ဖို့ "ရောဂါဖြစ်ပွားနေတဲ့နေရာတွေကို အသွားအလာ ကန့်သတ်ထိန်းချုပ်ခြင်း၊ ရောဂါလက္ခဏာရှိလာပါက လျှင်မြန်စွာ စစ်ဆေးမှု ခံယူခြင်း၊ ရောဂါဖြစ်ပွားနေလျှင် သက်ဆိုင်ရာသို လျှင်မြန်စွာ အသိပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းခြင်း၊ ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့သူများကို စုံစမ်းခြင်း၊ ဓါတ်ခွဲနမူနာရယူခြင်း၊ လူထုအကြား ရောဂါပြန့်ပွားမှုနှင့် ကာကွယ်မှုလုပ်ငန်းစင်များ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားနေသူကို သီးခြားထားရှိခြင်း၊ လျှင်မြန်သော ဆေးကုသမှု ခံယူခြင်း" စတဲ့ အချက်တွေနဲ့ ကိုရိုနာရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

    အလားတူပဲ အထက်ပါလုပ်ဆောင်ချက်တွေဟာကိုဗစ်ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ ဖြန့်ဝေရေးသားချက်တွေကို WHO အပါအဝင် ကျန်မာရေးအဖွဲံအစည်းအသီးသီးက အကြိမ်ကြိမ်ငြင်းဆိုထားပြီးဖြစ်ပါတယ်။

    Tags

    rumorscovid 19treatmentCorona Myanmarfake newsကုသနည်းအမှားကိုရိုနာမြန်မာ
    Read Full Article
    Claim :   တရုတ်နိုင်ငံက ကိုရိုနာရောဂါ ပျောက်ကင်းအောင် ကုသခဲ့တဲ့ နည်းလမ်းတွေဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!