BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တရုတ်နိုင်ငံက Covid-19 လျှို့ဝှက်...
      သတင်းအတု

      တရုတ်နိုင်ငံက Covid-19 လျှို့ဝှက် ကာကွယ်နည်းဆိုတဲ့ ကောလဟာလ

      တရုတ်နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ကိုရိုနာရောဂါကာကွယ်နည်း ဆိုတဲ့ သတင်းအမှားဟာ လူမှုကွန်ယက်ပေါ်မှာ တော်တော်ပျံနှံ့ နေပါတယ်။

      By - Boom Live Myanmar |
      Published -  18 April 2020 6:26 PM IST
    • တရုတ်နိုင်ငံက Covid-19 လျှို့ဝှက် ကာကွယ်နည်းဆိုတဲ့ ကောလဟာလ

      ဒီသတင်းအမှားကို တဆင့်ပြန်လည်ဝေမျှသူဟာ သိန်းဂဏန်းခန့်ရှိနေပါတယ်။ ဒီသတင်းအမှားကို ဝေမျှမှုတွေထဲမှာ အထူးကုဆေးခန်း တစ်ခုရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လည်း ပါဝင်သလို တခြား ဖေ့စ်ဘွတ်အသုံးပြုသူ များစွာပါဝင်နေပါတယ်။ ဒီသတင်းအမှားကို Facebook Messenger ကနေ တဆင့်မျှဝေနေသူတွေလည်း ရှိပါတယ်။

      ဒီသတင်းအမှားထဲမှာ "တရုတ်ပြည်မှ ဆရာဝန်များက လူတိုင်းအကျိုးရှိစေမည့် တိကျမှန်ကန်မှုရှိသည့် အောက်ပါ သတင်းအချက်အလက်များကို ပြောကြားလိုက်ပါသည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က တရုတ်ပြည်သည်ရောဂါကူးစက်မှ အရေအတွက် သိသိသာသာလျော့ကျသွားခဲ့ပါသည်။ သူတို့သည် mask တပ်ခြင်းနင့် လက်ဆေးခြင်းတို့အပြင် ဆားရည်နှင့်တနေ့သုံးကြိမ် အာလုပ်ကျင်းကြပါသည်။ အာလုပ်ကျင်းပြီးနောက် ငါးမိနစ်ခန့်ရေနွေးသောက်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးသည် အစပိုင်းတွင်လည်ချောင်းတဝိုက်ကိုသာစတင်တိုက်ခိုက်ပါသည်။ ထို့နောက်တွင်မှ အဆုတ်ကို တိုက်ခိုက်ပါသည်။ ဆားရည်နှင့်ထိတွေ့သောအခါ ရောဂါပိုးသည် သေဆုံးသို့ အစာအိမ်ထဲသို့ရောက်ရှိပြီး ပြိုကွဲပျက်စီးသွားပါသည်။ (ဆားရည်နှင့် အာလုပ်ကျင်းခြင်းနှင့် ရေနွေးသောက်ခြင်း) ကို Covid 19 ဖြစ်ပွားခြင်းမှကာကွယ်နိုင်သောနည်းလမ်းတခုအဖြစ် အသုံးပြုနေကြပါသည်။ ဈေးကွက်ထဲတွင် ၎င်းအတွက်ဝယ်ရန်ဆေးမရှိသလို ဝယ်စရာလည်းမလိုပါ။ ဆေးရုံမှပြောကြားသည်မှာ အဆုတ်ဆီသို့ရောဂါပိုးမရောက်မီစပ်ကြားတွင် ၎င်းသည်လည်ချောင်းတွင် ၄ ရက်ခန့်ရှင်သန်နေထိုင်ပြီး ထိုအချိန်တွင် ရောဂါကူးစက်ခံရသူမှာ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်းတို့စတင်ဖြစ်ပေါ်လာသည်။ အကယ်၍ ရေနွေးသောက်ခြင်းနှင့် ဆားရည်ဖြင့် အာလုပ်ကျင်းခြင်းတို့ကိုလုပ်ဆောင်ပါက ရောဂါပိုးတို့ကိုဖယ်ရှားပစ် နိုင်ပါသည်" လို့ ရေးသားထားပါတယ်။

      ဒီသတင်းအမှားကို တရုတ်၊ English နဲ့ မြန်မာ စတဲ့ ဘာသာစကားသုံးမျိုးနဲ့ ရေးသားထားပါတယ်။


      လက်ရှိမှာ ဒီပိုစ့်ကို တဆင့်ပြန်လည်ကူးယူ ဖော်ပြသူပေါင်းများစွာ ရှိနေသလို တဆင့်မျှဝေ သူများစွာလည်း ရှိနေပါတယ်။

      သတင်းအမှား ၁ , သတင်းအမှား ၂

      သတင်းဆန်းစစ်ချက်

      ဒီသတင်းအချက်အလက်တွေကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ တရုတ်ပြည်မှာ ကိုရိုနာရောဂါထိန်းချုပ်ဖို့ ဆားရည်နဲ့ တစ်နေ့ကို ပလုပ် ၃ ကြိမ်ကျင်းတယ် ဆိုတာ လုံးဝမှားယွင်းနေပါတယ်။ ဒီသတင်းအမှားတွေဟာ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေ ဖြစ်တဲ့ Weibo, Twitter နဲ့ Facebook တို့ပေါ်မှာ ဇန်နဝါရီလခန့်က ပျံနှံ့ခဲ့တဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လ ခန့်က တရုတ်နိုင်ငံမှာ ပြန့်နေတ့ သတင်းအမှားကို အခု ဧပြီလ မှာ မြန်မာပြည်က လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်မျှဝေနေတာပဲ ဖြစ်ပါတယ်။



      တရုတ်နိုင်ငံရဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကလည်း ဆားရည်နဲ့ အာလုပ်ကျင်းခြင်း ကိုရိုနာရောဂါကို မကာကွယ်နိုင်ကြောင်း ဟာ ပြောဆိုထားပါတယ်။

      တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (Chinese Center for Disease Control and Prevention) က ကိုရိုနာရောဂါကို ထိန်းချုပ်ဖို့ "ရောဂါဖြစ်ပွားနေတဲ့နေရာတွေကို အသွားအလာ ကန့်သတ်ထိန်းချုပ်ခြင်း၊ ရောဂါလက္ခဏာရှိလာပါက လျှင်မြန်စွာ စစ်ဆေးမှု ခံယူခြင်း၊ ရောဂါဖြစ်ပွားနေလျှင် သက်ဆိုင်ရာသို လျှင်မြန်စွာ အသိပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းခြင်း၊ ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့သူများကို စုံစမ်းခြင်း၊ ဓါတ်ခွဲနမူနာရယူခြင်း၊ လူထုအကြား ရောဂါပြန့်ပွားမှုနှင့် ကာကွယ်မှုလုပ်ငန်းစင်များ ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားနေသူကို သီးခြားထားရှိခြင်း၊ လျှင်မြန်သော ဆေးကုသမှု ခံယူခြင်း" စတဲ့ အချက်တွေနဲ့ ကိုရိုနာရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

      တရုတ်နိုင်ငံက ကိုရိုနာရောဂါကို ကာကွယ် ထိန်းချုပ်ခဲ့တဲ့ နည်းလမ်းတွေကို ဒီမှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းကနေ တဆင့် လျှင်မြန်စွာ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ဆားရေနဲ့ အာလုပ်ကျင်းခြင်း နှာခေါင်းဆေးခြင်းဟာ ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆိုပါတယ်။

      နိုင်ငံတာကာ ဆေးပညာရှင်တွေရဲ့ သုတေသန စာတမ်းတွေမှာလည်း ဆားရည်နဲ့ အာလုပ်ကျင်းခြင်းက ကိုရိုနာဗိုင်းရပ်ကို မကာကွယ်နိုင်ဘူးလို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။

      နိုင်ငံတကာ ဆေးပညာရှင်တွေရဲ့ သုတေသန စာတမ်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

      Link 1, Link 2

      ဒါ့အပြင် ဒီသတင်းအမှားထဲမှာ ကိုရိုနာဗိုင်းရပ်ဟာ လည်ချောင်းမှာ ၄ ရက်အသက်ရှင်ပြီးမှ အဆုပ်ဆီကို ရောက်တယ်လို့ ရေးထားပါတယ်။ ဒီအချက်ဟာ လုံးဝ မှားယွင်းနေတဲ့ အချက်ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ဟာ ပျံနှံ့မှုနှုန်းအလွန်မြန်တဲ့ ဗိုင်းရပ်အမျိုးအစားဖြစ်ပါတယ်။ ဒီဗိုင်းရပ်ဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့ကနေတဆင့် အသက်ရှုလမ်းကြောင်းကို ကူးစက်တဲ့ ဗိုင်းရပ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးဟာ အသက်ရှုလမ်းကြောင်း ကနေ အဆုပ်ထဲ ကို လျှင်မြန်စွာရောက်ရှိနိုင်ပါတယ်။

      ဗိုင်းရပ်ပိုး အဆုပ်ထဲ ပျံနှံ့ ရောက်ရှိပုံကို ဒီမှာ ကြည့်ရှု့နိုင်ပါတယ်။


      Tags

      COVID-19Coronavirus rumoursWrong Health TipsCorona MyanmarGargling salt water
      Read Full Article
      Claim :   တရုတ်နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ကိုရိုနာရောဂါကာကွယ်နည်း ဆိုတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအမှားကို Boom Myanmar က အချက်အလတ်တွေ စုစည်းတင်ပြထားပါတယ်။
      Claimed By :  Facebook, Twitter, Wechat, Weibo
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!