BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အဖန်ဖန် ဖြန့်ဝေနေတဲ့...
သတင်းအတု

အဖန်ဖန် ဖြန့်ဝေနေတဲ့ ကျီးနဲ့လင်းယုန်ဇာတ်လမ်းထဲက အချက်အလက်အမှား

လင်းယုန်ငှက်ကျောပေါ်မှာ လိုက်ပါပျံသန်းနေတဲ့ကျီးတစ်ကောင်ရဲ့ ပုံကို အသုံးပြုပြီး စိတ်ခွန်အားမြှင့်တင်တဲ့ စာတွေရေးသား ထားတဲ့အကြောင်းအရာဟာ အချက်အလက်အမှားတွေကို ထပ်ဖန်တလဲလဲ ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 Jan 2023 2:24 PM IST
  • အဖန်ဖန် ဖြန့်ဝေနေတဲ့ ကျီးနဲ့လင်းယုန်ဇာတ်လမ်းထဲက အချက်အလက်အမှား

    ဒီအကြောင်းအရာကို ၂၀၂၀ ခုနှစ် နှစ်လည်ပိုင်းလောက်ကတည်းက လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာဖြစ်ပြီး ယခုအချိန်ထိလည်း အခါခါ ပြန်လည်ဖြန့်ဝေနေတဲ့ အချက်အလက်အမှားတွေ ပါဝင်နေတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ သိန်းငှက်ကျောပေါ်မှာ လိုက်လံကပ်ပါနေတဲ့ ကျီးတစ်ကောင်ရဲ့ ပုံကို အသုံးပြုပြီး "သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်ပဲ ရှိတယ်။ အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကိုပြန်မတိုက်ခိုက်ဘူးတဲ့။ အတောင်ပံကို ဖြန့်ပြီး မြင့်သထက် မြင့်အောင် အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။ အမြင့် ရောက်သွားတဲ့အခါ အောက်စီဂျင်န ည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ ပြုတ်ကျသွားတယ်လို့ ဆိုတယ်။ သိန်းငှက်ဆီက သင်ခန်းစာယူပါ။ ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။ အမြင့်ကိုသာ ဆက်တက်ပါ။ ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို ပြန်မတိုက်ခိုက်ပါနဲ့။ အမြင့်ဆုံးသာ တက်လှမ်းပါ။ သူ့ဟာသူ ပြုတ်ကျကျန်လိမ့်မယ်" ဆိုပြီး စိတ်ခွန်အားနဲ့ ပတ်သတ်တဲ့ စာတွေရေးသားတာပါ။

    တကယ်တော့ ဒီအကြောင်းအရာကို နိုင်ငံတကာက လူမှုကွန်ရက်အသုံးပြုသူတွေလည်း ဖြန့်ဝေထားတာမျိုးတွေ့ရပြီး အင်္ဂလိပ်လိုရေးသားထားတဲ့ ပိုစ့်တွေမှာကတည်းကအချက်အလက်အမှားတွေ ဖြစ်နေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး အချက်အလက်အမှားတွေ ဖြစ်ကြောင်းကို BOOM က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကတည်းက သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါသေးတယ်။

    BOOM ရဲ့ သတင်းဆန်းစစ်ထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းထဲမှာ အခုဖြန့်ဝေထားတဲ့ ပုံဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ဓာတ်ပုံဆရာ Phoo Chan က 2014 ခုနှစ် မေလအတွင်းက ရိုက်ယူထားတဲ့ ဓါတ်ပုံဖြစ်ပြီး ဓါတ်ပုံဆရာရဲ့ ရှင်းလင်းချက်အရ ကျီးတွေဟာ သူတို့နယ်မြေကို ကျူးကျော်လာသူတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ပေမယ့် အခုပုံထဲက ကျီးကတော့ လင်းယုန်ကို တိုက်ခိုက်လိုပုံ မပေါ်ကြောင်း၊ လင်းယုန်ကလည်း သူ့နားကပ်လာတဲ့ ကျီးကို စိတ်ထဲရှိပုံတောင် မရကြောင်း၊ လင်းယုန်နဲ့ ကျီးဟာ စက္ကန့်အတော်ကြာ အတူပျံသန်းခဲ့ပြီး တနေရာဆီကို ပျံသန်းထွက်ခွါသွားတာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

    Lead Stories ဆိုတဲ့ သတင်းဌာကလည်း ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး ဒီအချက်အလက်တွေဟာ မမှန်ကန်ကြောင်း၊ လင်းယုန်ကို တိုက်ခိုက်ရဲတဲ့ တစ်ကောင်တည်းသော ငှက်ဟာ ကျီးကန်းပဲ ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း၊ တခြားငှက်တွေလည်း ပြန်လည်တိုက်ခိုက်တတ်ကြောင်း၊ လင်းယုန်ငှက်တွေဟာ ငှက်ငယ်တွေရဲ့ အုပ်လိုက်ဝိုင်းဝန်းတိုက်ခိုက်မှုက ကာကွယ်ဖို့ မြင့်မြင့် ပျံသန်းတတ်ပေမယ့် ဒါဟာ အောက်ဆီဂျင် ပြတ်တောက်ဘို့ ရည်ရွယ်တာ မဟုတ်ကြောင်းကို ငှက်မျိုးစိတ်နဲ့ ယင်းတို့ နေထိုင်ကျက်စားရာ နေရာထိမ်းသိမ်းရေးအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ The Audubon Society က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို မေးမြန်းပြီး သတင်းဆန်းစစ်ထားပါတယ်။


    Lead Stories သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    FalsenewsOld imagesMotivationbald eaglethe crowလင်းယုန်ငှက်a crow riding an eagle
    Read Full Article
    Claim :   လင်းယုန်ငှက်ကျောပေါ်မှာ လိုက်ပါပျံသန်းနေတဲ့ကျီးတစ်ကောင်ရဲ့ ပုံကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!