BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျီးနဲ့လင်းယုန်ဇာတ်လမ်းထဲက...
သတင်းအတု

ကျီးနဲ့လင်းယုန်ဇာတ်လမ်းထဲက အချက်အလက်အမှားတွေ

လင်းယုန်ငှက်ကျောပေါ်မှာ လိုက်ပါပျံသန်းနေတဲ့ကျီးတစ်ကောင်ရဲ့ ပုံကို အသုံးပြုကာ စိတ်ခွန်အားမြှင့်တင်တဲ့ စာတွေ ရေးသား ထားတဲ့အကြောင်းအရာဟာ အချက်အလက်အမှားတွေ ပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Jun 2022 10:13 PM IST
  • ကျီးနဲ့လင်းယုန်ဇာတ်လမ်းထဲက အချက်အလက်အမှားတွေ

    သိန်းငှက်ကျောပေါ်မှာ လိုက်လံကပ်ပါနေတဲ့ ကျီးတစ်ကောင်ရဲ့ ပုံနဲ့အတူ အသုံးပြုပြီး စိတ်ခွန်အားနဲ့ ပတ်သတ်တဲ့ စာတွေရေးသားထားတဲ့ပို့စ်တစ်ခုဟာ အချက်အလက်အမှားတွေပါဝင်နေပါတယ်။ ဒီအကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်တချို့က ဇွန်လ ၁၅ ရက်ရက် ဝန်းကျင်မှာ စတင်ရေးသားဖြန့်ဝေ လာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဒီအကြောင်းအရာထဲမှာ လင်းယုန်ငှက်ကျောပေါ်မှာ နားနေတဲ့ ကျီးတစ်ကောင်ရဲ့ ပုံနဲ့အတူ ကျီးကန်းတွေက သိန်းငှက်ကိုတိုက်ခိုက်ကြောင်းနုဲ့ သိန်းငှက်က တုံ့ပြန်ပုံတို့ကိုရေးသားထားတာဖြစ်ပါတယ်။ တကယ်တော့ ဒီအကြောင်းအရာဟာ နိုင်ငံတကာလူမှုကွန်ရက်တွေမှာရေးသားထားတဲ့ ပို့စ်တချို့ကိုအခြေခံထားတာဖြစ်သလို အဲ့ဒီ မူရင်း အ(်လိပ်ပို့စ်တွေဟာလည်းမှားယွင်းရေးသားထားတာဖြစ်ပါတယ်။

    "သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်ပဲ ရှိတယ်။ အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကိုပြန်မတိုက်ခိုက်ဘူးတဲ့။ အတောင်ပံကို ဖြန့်ပြီး မြင့်သထက် မြင့်အောင် အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။ အမြင့် ရောက်သွားတဲ့အခါ အောက်စီဂျင်န ည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ ပြုတ်ကျသွားတယ်လို့ ဆိုတယ်။ သိန်းငှက်ဆီက သင်ခန်းစာယူပါ။ ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။ အမြင့်ကိုသာ ဆက်တက်ပါ။ ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို ပြန်မတိုက်ခိုက်ပါနဲ့။ အမြင့်ဆုံးသာ တက်လှမ်းပါ။ သူ့ဟာသူ ပြုတ်ကျကျန်လိမ့်မယ်" ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုပို့စ်နဲ့အတူဖြန့်ဝေထားတဲ့ပုံဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ဓာတ်ပုံဆရာ Phoo Chan က 2014 ခုနှစ် မေလအတွင်းက ရိုက်ယူထားတာ ဖြစ်ပါတယ်။

    ဒီဓါတ်ပုံနဲ့ ပတ်သတ်ပြီး ဓာတ်ပုံ Phoo Chan က ရှင်းပြရာမှာ သူ့ရဲ့ အတွေ့အကြုံအရ ကျီးတွေဟာ သူတို့နယ်မြေကို ကျူးကျော်လာသူတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ပေမယ့် အခုပုံထဲက ကျီးကတော့ လင်းယုန်နား ဒီလောက်နီးနီးကပ်ကပ် ရောက်နေတာတောင် တိုက်ခိုက်လိုပုံ မပေါ်ကြောင်းနဲ့ လင်းယုန်ကလည်း သူ့နားကပ်လာတဲ့ ကျီးကို စိတ်ထဲရှိပုံတောင် မပေါ်ဘူးလို့ ရေးသားထားပါတယ်။


    ဓာတ်ပုံ Phoo Chan ရဲ့ ဘလော့စာမျက်နှာမှာ ရှင်းလင်းထားတာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီဓါတ်ပုံအကြောင်းကို နိုင်ငံတကာက သတင်းဌာနတွေမှာလည်း ဖော်ပြခဲ့တာ ဖြစ်ပြီး CBSN သတင်းဌာနရဲ့ ဖော်ပြမှုမှာ လင်းယုန်ငှက်နဲ့ ကျီးဟာ စက္ကန့်အတော်ကြာ အတူပျံသန်းခဲ့ပြီး တနေရာဆီကို ပျံသန်းထွက်ခွါသွားတယ်လို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေသလို ကျီးကန်းဟာ လင်းယုန်ကို တိုက်ခိုက်ပြီး အမြင့်ရောက်တဲ့အချိန် အောက်ဆီဂျင် ပြတ်ပြီး ပြုတ်ကျသွားတယ်ဆိုတဲ့ အချက်အလက်မျိုးတော့ မပါဝင်ပါဘူး။ CBSN သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အမှန်တော့ ခုဖြန့်ဝေနေတဲ့ ပိုစ့်ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလအတွင်းက အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေနေတဲ့ ပိုစ့်တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။


    အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ အထက်ပါပိုစ့်ကိုလည်း Lead Stories ဆိုတဲ့ သတင်းဌာက ငှက်မျိုးစိတ်နဲ့ ယင်းတို့ နေထိုင်ကျက်စားရာ နေရာထိမ်းသိမ်းရေးအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ The Audubon Society က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို မေးမြန်းပြီး သတင်းဆန်းစစ်ထားပါတယ်။


    သတင်းဆန်းစစ်ချက်ထဲမှာ ငှက်မျိုးစိတ်ကျွမ်းကျင်သူက "လင်းယုန်ကို တိုက်ခိုက်ရဲတဲ့ တစ်ကောင်တည်းသော ငှက်ဟာ ကျီးကန်းပဲ ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း၊ တခြားငှက်တွေလည်း ပြန်လည်တိုက်ခိုက်တတ်ကြောင်း၊ လင်းယုန်ငှက်တွေဟာ ငှက်ငယ်တွေရဲ့ အုပ်လိုက်ဝိုင်းဝန်းတိုက်ခိုက်မှုက ကာကွယ်ဖို့ မြင့်မြင့် ပျံသန်းတတ်ပေမယ့် ဒါဟာ အောက်ဆီဂျင် ပြတ်တောက်ဘို့ ရည်ရွယ်တာ မဟုတ်ကြောင်း" ကို ပြန်လည်ဖြေရှင်းထားပါတယ်။

    Lead Stories သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    Tags

    FalsenewsOld imagesသိန်းငှက်ကျီးကန်းMotivationbald eaglethe crowလင်းယုန်ငှက်a crow riding an eagle
    Read Full Article
    Claim :   ကျီးကန်းသည် လင်းယုန်ငှက်ကို ကိုက်ဝံ့သည့် တစ်ခုတည်းသော ငှက်ဖြစ်တယ်လို့ ရေးသားဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!