BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နှစ်ကုန်မှာ ဆေးတစ်လုံး ၄၀၀၀...
      သတင်းအတု

      နှစ်ကုန်မှာ ဆေးတစ်လုံး ၄၀၀၀ နဲ့ရအောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းအမှား

      ယခုနှစ်ကုန်မှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိမှာဖြစ်ပြီး ဆေး ၁ လုံးကို မြန်မာကျပ်ငွေ ၄၀၀၀ နဲ့ ရအောင်ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

      By - Boom Live Myanmar |
      Published -  20 Oct 2020 8:01 PM IST
    • နှစ်ကုန်မှာ ဆေးတစ်လုံး ၄၀၀၀ နဲ့ရအောင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းအမှား

      ရေးသားဖြန့်ဝေရာမှာ ရုပ်မြင်သံကြား သတင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ကပြောကြားခဲ့တယ်ဆိုပြီး "ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့် TV မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားပါပြီ ။ 2020 နှစ်ကုန်ပိုင်းမှာ ၁၂လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ။ ဆေး ၁ လုံးကိုယ်လည်း မြန်မာကျပ်ငွေ ၄၀၀၀ ဖြင့်ရအောင် ဆောင်ရွက်ပေးပါမည်လို့ ။WHO ကလည်းတရားဝင်ပြောကြားထားပါတယ်။ ။ယခု သတင်းကိုယ်လည်း ၈ နာရီ TV သတင်းမှာ တရားဝင်ကြေငြာပေးနေပါတယ် ။လေ့လာကြည့်ကြပါ ။ဒီတော့ မြန်မာနိူင်ငံသားအားလုံးပဲ ၂ လဆိုတဲ့ အချိန်လေးကို ခဏလေးသီးခံပြီး အိမ်ထဲမှာနေ အားတင်ထားကြရအောင် ဗျာ။ ယခု ကိုဗစ်ရောဂါကြီးပြီးသွားရင် လာမဲ့ အောင်လံသင်္ကြန်မှာ ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး တစ်မြို့လုံးပျှော်ရွှင်စွာ ကဲနိူင်ဖို့ မေတ္တာရေစင်မှာ စပွန်ဆာပါ ပေးလိုက်မယ်။ ယခုတော့ အားလုံး homestay ကြမယ် ok။ ယနေ့ထုတ် စံတော်ချိန်သတင်းစာ နှင့် TV ဖွင့်သတင်းကြည့်ကြပါ" ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

      တချို့ရေးသားဖြန့်ဝေမှုတွေမှာ ထပ်ဆင်ဖြန့်ဝေသူ တစ်ထောင့်ငါးရာ နဲ့ နှစ်ထောင်ကျော်တွေအထိ ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီရေးသားမှုမှာပါဝင်တဲ့ TV မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားတယ် ဆိုတာနဲ့ ပါတ်သတ်ပြီး အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီသတင်းမှာ မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောကြားချက်ကို ကြည့်ရှု့ရာမှာ သူပြောထားသလို "2020 နှစ်ကုန်ပိုင်းမှာ ၁၂လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ။ ဆေး ၁ လုံးကိုယ်လည်း မြန်မာကျပ်ငွေ ၄၀၀၀ ဖြင့်ရအောင် ဆောင်ရွက်ပေးမယ်" ဆိုတာမျိုး ပြောကြားထားခြင်း မရှိပါဘူး။

      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတွင်း COVID -19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


      နောက်တစ်ချက်ဖြစ်တဲ့ "နှစ်ကုန်ပိုင်းမှာ ၁၂လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ" လို့ ဆိုထားရာမှာ ကာကွယ်ကုသဆေးတွေနဲ့ ပါတ်သတ်တဲ့ သတင်းမှား၊ သတင်းတုတွေကို BOOM အနေနဲ့ မကြာခန သတင်းဆန်းစစ်ချက် ပြုလုပ်ထားတာတွေရှိပြီး ကိုဗစ်ကာကွယ်ကုသဆေးများဖြင့် အတည်ပြု ကုသသည့်အဆင့်မရောက်သေးပါဘူး။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ "COVID-19 ကာကွယ်ဆေး သန်း(၂၀၀၀) ဖြန့်ဝေပေးမည့် WHO ၏ (၉၂)နိုင်ငံအစီအစဉ်တွင် မြန်မာနိုင်ငံပါဝင်" ဆိုတဲ့ သတင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောထားတာလည်း ရှိပါတယ်။ သူပြောထားတာက COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံး ထိမ်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက လာမယ့်နှစ်မှာ လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ်ကြိုးပမ်းလျှက်ရှိနေပြီး လာမယ့်နှစ်မှာ WHO က ကာကွယ်ဆေး သန်း ၂၀၀၀ ဖြန့်ဝေပေးမယ် လို့ ပြောဆိုထားတာပါ။


      ဒေါက်တာခင်ခင်ကြီးရဲ့ ပြောဆိုချက်ထဲမှာ ကာကွယ်ဆေးရဘို့ မျှော်လင့်ချက်ဖြစ်လာပြီလို့ ပြောဆိုထားတာပါ။ ကာကွယ်ဆေး ရရှိခဲ့ရင်တောင် ၉၂ နိုင်ငံမှာရှိတဲ့ လူဦးရေ ၂၀ ရာခိုင်နှှုန်းကို လွှမ်းခြုံနိုင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ပထမဦးစားပေးမှာ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေ၊ ဒုတိယ ဦးစားပေးမှာ သက်ကြီးရွယ်အိုတွေ နဲ့ တတိယဦးစားပေးအဖြစ် ရောဂါအခံရှိသူတွေကို ရွေးချယ်ထားကြောင်း သတင်းထဲမှာ ပြောထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      COVID-19 VaccinevaccineCOVAX vaccine facilityWHO ၏ (၉၂) နိုင်ငံ အစီအစဉ်
      Read Full Article
      Claim :   ယခုနှစ်ကုန်မှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိမှာဖြစ်ပြီး ဆေး ၁ လုံးကို မြန်မာကျပ်ငွေ ၄၀၀၀ နဲ့ ရအောင်ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!