BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကိုဗစ်ကာကွယ်ကုသဆေးများဖြင့် အတည်ပြု...
      သတင်းအတု

      ကိုဗစ်ကာကွယ်ကုသဆေးများဖြင့် အတည်ပြု ကုသသည့်အဆင့်မရောက်သေး

      ဒီရက်ပိုင်းအတွင်းမှာ ပျံ့နှံ့နေတဲ့ ကိုဗစ်ဆေးပေါ်ပြီဆိုပြီးဖြန့်ဝေရေးသားမှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာနားလည်မှုလွဲမှားကာ ဝေမျှနေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။

      By - Boom Live Myanmar | 29 Sep 2020 9:42 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ကိုဗစ်ကာကွယ်ကုသဆေးများဖြင့် အတည်ပြု ကုသသည့်အဆင့်မရောက်သေး

      ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်တွေဖြည့်စွက်ရေးသားထားခြင်းမရှိတဲ့ ဒီအကြောင်းအရာထဲမှာ ကိုဗစ်ကာကွယ်ကုသဆေးနဲ့ပတ်သက်လို့လူတွေအထင်မှားစေနိုင်တဲ့အကြောင်းအရာတွေရှိပါတယ်။

      လက်ရှိအခြေအနေအရ ဗစ်ကာကွယ်ဆေးရရှိဖို့ နိုင်ငံအတော်များများက ကြိုးစားနေကြတာဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ ဆေးတော့ ရရှိခြင်း မရှိသေးပါဘူး။ ဆေးပေါ်ပြီးဆိုပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေတာတွေဟာ နားလည်မှုလွဲစေပါတယ်။

      ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကိုဗစ်ကာကွယ်ဆေးပေါ်ပြီဆိုပြီး Aung Zaw Lin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၂၁ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီပိုစ့်ကို ပြန်လည်ဖြန့်ဝေသူ သုံးသောင်းငါးထောင်ကျော်ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ "ဆေးကလည်း ပေါ်ပြီ။ ပြင်သစ်ဦးဆောင်ဆရာဝန်တွေလည်း မြန်မာနိုင်ငံကို လာကူမယ်. သဘာဝဘေးအန္တရယ် ဘီလယံ (၁၀၀၀) ရာထားပြီးပြီ။ ကျေးဇူးပါ အမေ။" ဆိုပြီး ဖြန့်ဝေထားတာဖြစ်ပြီး ပိုစ့်အောက်မှာတော့ remdesivir ထိုးဆေး ဆိုတာနဲ့ ရုရှနိုင်ငံက ကိုဗစ်ကာကွယ်ဆေးအဖြစ် အကြိုမှတ်ပုံတင်ထားတဲ့ "Sputnik V" ဆေးအကြောင်းတွေကို ရည်ညွှန်းရေးသားထားတာဖြစ်ပြီး ကာကွယ်ဆေးပေါ်ပြီ ဆိုပြီး မှတ်ချက်ပေးနေတာ တွေ့ရပါတယ်။


      ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီသတင်းကို BOOM က သတင်းဆန်းစစ်မှုပြုလုပ်ကြည့်ရာမှာ အိန္ဒိယနိုင်ငံအခြေစိုက် businessinsider သတင်းဌာနမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းအရ COVID-19 ကာကွယ်ဆေးနဲ့ ပါတ်သတ်တဲ့ ကမ္ဘာတဝှမ်းက နောက်ဆုံးသတင်းများအရ အဆင့် ၃ အဖြစ်ေ နာက်ဆုံးစမ်းသပ်မှုပြုလုပ်နေတဲ့ ဆေး ၉ မျိုးရှိတယ်လို့ ဆိုထားပါတယ်။


      ဒီဆိုလိုရင်းက ဒီဆေးတွေကို ကာကွယ်ဆေးအဖြစ်သုံးနေတဲ့အဆင့်လို့ ပြောလို့မရသေးပဲ စမ်းသပ်မှုအဖြေအောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ဆက်လက်စောင့်ကြည့်ဖို့ လိုအုံးမှာ ဖြစ်ပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်။

      ပိုစ့်အောက်မှာ ပေးထားတဲ့ မှတ်ချက်တွေထဲက ရုရှနိုင်ငံက ကိုဗစ်ကာကွယ်ဆေးအဖြစ် အကြိုမှတ်ပုံတင်ထားတဲ့ "Sputnik V" ဆိုတဲ့ဆေးလည်း ဒီနောက်ဆုံးအဆင့် စမ်းသပ်နေတဲ့ ကိုးခုစာရင်းမှာ ပါဝင်ပါတယ်။


      "Sputnik V" ကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုကို ရုရှနိုင်ငံအပြင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဖိလစ်ပိုင်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေမှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပြီး ရရှိတဲ့ အချက်အလက်တွေကို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလ လောက်မှာ ထုတ်ပြန်သွားမယ်လို့ ကြေငြာထားပါတယ်။

      စမ်းသပ်ဆေးဝါး တစ်မျိုးဖြစ်တဲ့ Remdesivir ကတော့ ကာကွယ်ဆေးမဟုတ်ပဲ ကုသဆေးအဖြစ် သုံးစွဲနေတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြန်လည်ကောင်းမွန်လာအောင် အထောက်အကူပေးနိုင်ကြောင်း ပြောထားတာပါ။ ဒါပေမယ့် ဒီဆေးနဲ့ ပါတ်သတ်ပြီးလည်း စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်နေရသေးတယ်လို့ ပြောကြားထားပါတယ်။ ဒီဆေးနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကို Eleven မီဒီယာက မေလ ၁ ရက်နေ့က ဖော်ပြခဲ့ပါသေးတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      covid19vaccinePhase 3 Clinical TrialsCoronavirus Vaccinemisunderstandingclinical trialsPhase 3ကိုဗစ်-၁၉ ကာကွယ်ဆေး
      Read Full Article
      Claim :   ကိုဗစ်ကာကွယ်ဆေးရရှိပြီဆိုပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!