BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းနဲ့...
      သတင်းအတု

      ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းနဲ့ ပတ်သက်ပြီး မကြာခနပြန်လည်ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ဆရာစိုင်းခမ်းလိတ် ရေးသားခဲ့တဲ့ ဘီးနံပါတ် OK122L သီချင်းဟာ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မှုကို ရည်ရွယ်ရေးစပ် ခဲ့တာဆိုပြီး မကြာခန ထပ်တလဲလဲ ဖြန့်ဝေနေမှုတွေဟာ အချက်အလက် အမှားတွေသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  20 May 2024 3:57 PM
    • ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းနဲ့ ပတ်သက်ပြီး မကြာခနပြန်လည်ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ဒီအကြောင်းအရာကို ၂၀၂၀ ခုနှစ် ကတည်းက ဖြန့်ဝေမှုတွေ ရှိခဲ့တာဖြစ်ပြီး မကြာခန ပြန်လည်ဖြန့်ဝေနေတာပါ။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ Power Of Education School ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က တခါ ထပ်မံဖြန့်ဝေအပြီးမှာ နောက်ထပ် ဖြန့်ဝေမှုတွေ အများအပြား ရှိလာပါတယ်။

      ဖြန့်ဝေရာမှာ ဘီးနံပါတ် Ok 0122 L အဓိပ္ပါယ်။ ဆရာစိုင်းခမ်းလိတ် ရေးစပ်ခဲ့တဲ့ မေမြို့မိုးသီချင်း၊ သံလွင်ချောင်းခြားသီချင်း၊ ရန်ကုန်မှာ သာတဲ့လသီချင်းနဲ့ ဘီးနံပါတ် OK122L သီချင်း အချစ်သီချင်းတွေဟာ အချစ်အကြောင်း ဖွဲ့ဆိုထားတာ မဟုတ်ပဲ နိုင်ငံရေးနဲ့ ဆက်စပ်ဖွဲ့ဆိုထားခြင်းသာ ဖြစ်ကြောင်း ရေးသားထားတာပါ။

      'ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ပြီး စိုင်းထီးစိုင် သီဆိုခဲ့တဲ့ မေမြို့မိုး သီချင်းဟာ တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့... ဆိုခဲ့တဲ့ သီချင်းလေးဖြစ်ကြောင်း၊ သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ BCP တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာဖြစ်ကြောင်း၊ ဘီးနံပါတ်.. OK 0122Lဆိုတာ ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်တာ ဖြစ်ကြောင်း'

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဘီးနံပါတ် Ok 0122 L သီချင်းနဲ့ ပတ်သက်ပြီး ခုဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

      ဘီးနံပါတ် Ok 0122 L သီချင်းဟာ ဆရာစိုင်းခမ်းလိတ်နဲ့ သူ့ဇနီး ဒေါ်နွဲ့တင် ရည်းစားဘဝက စီးခဲ့တဲ့ စက်ဘီးနံပါတ် OK0122L ကို ရည်ရွယ်တာဖြစ်ကြောင်း၊ ထိုစက်ဘီးလေး ပျောက်သွားတဲ့အတွက် ရေးစပ်ခဲ့တာဖြစ်ကြောင်း၊ ဒီအကြောင်းကို ဆရာစိုင်းခမ်းလိတ်ရဲ့ အခင်ဆုံးသူငယ်ချင်း ဦးတင်ဝင်း(ဆေး/မန်း) က ပြန်လည်ပြောပြခဲ့တယ်လို့ ဂီတနဲ့ ပတ်သက်တဲ့အကြောင်းတွေ ရေးသားလေ့ရှိတဲ့ မိုနိုလေးက သူ့ရဲ့ 'သိက္ခာရှိတဲ့မှတ်တမ်း' ဆိုတဲ့ ဆောင်းပါးမှာ ရေးသားခဲ့တာပါ။


      ဆရာစိုင်းခမ်းလိတ်နဲ့ အင်တာဗျူးကို မိုနိုလေးက ၂၀၁၀ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ICT Park ထဲက Living Songs ရိုက်ကွင်းမှာ ပြုလုပ်ခဲ့တာလို့ ဆောင်းပါးထဲမှာ ရေးထားပါတယ်။ ရိုက်ကွင်းမှာ တေးရေးဆရာတွေဖြစ်တဲ့ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ မောင်သစ်မင်း နဲ့ Icon အယ်ဒီတာ ကိုဝေးခေါင်တို့ ရှိတယ်လို့ ရေးထားပါတယ်။

      ဒီအင်တာဗျူး ဆောင်းပါးကို ဂီတသတင်းတွေ ရေးသားဖော်ပြတဲ့ ဂီတနယ်ပယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်ဖော်ပြခဲ့ပြီး တေးရေးမြင့်မိုးအောင်က ပြန်လည်ဖြန့်ဝေထားပါသေးတယ်။

      ဂီတနယ်ပယ် မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      တေးရေးဆရာတွေ ရေးစပ်ခဲ့တဲ့ သီချင်းတွေကို လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေဟာ ချဲ၊ နှစ်လုံးထီတွေ တွက်သလို ထွက်ပြီးသား နံပါတ်တွေကို တွက်နည်းနဲ့ အတင်းကိုက်နေတာမျိုးသာ ဖြစ်ပြီး အထောက်အထား မရှိတဲ့ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။

      ဆရာစိုင်းခမ်းလိတ်ရဲ့ ဘီးနံပါတ် Ok 0122 L သီချင်းနဲ့ ပတ်သက်တဲ့ အချက်အလက်အမှားတွေကို မကြာခန ဖြန့်ဝေလေ့ရှိသလို မောင့်အရိုင်းပန်း သီချင်းနဲ့ ပတ်သက်ပြီးလည်း အချက်အလက်အမှားတွေ ဖြန့်ဝေခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ် ခဲ့ပါသေးတယ်။


      BOOM ရဲ့ သတင်းဆန်းစစ်ထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Burmese songစိုင်းခမ်းလိတ်သီချင်းmusicMilitary councilsong composerSingerပြည်ထောင်စုနေ့ပင်လုံစာချုပ်Misinformationအချက်အလက်အမှား
      Read Full Article
      Claim :   ဆရာစိုင်းခမ်းလိတ်ရဲ့ ဘီးနံပါတ် OK122L သီချင်းက ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မှုကို ရည်ရွယ်ရေးစပ်ခဲ့တာ ဖြစ်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!