BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘားလမ်ဗုံးကွဲဖြစ်စဉ်ကို Yangon PDF...
သတင်းအတု

ဘားလမ်ဗုံးကွဲဖြစ်စဉ်ကို Yangon PDF အမည်နဲ့ထုတ်ပြန်တဲ့ ကြေငြာချက်အတု

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွးခဲ့တဲ့ ဘာလမ်းကားမှတ်တိုင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ People’s Defense Force Yangon နာမည်သုံးပြီးရေးသားဖြန့်ဝေထားတဲ့ ကြေညာချက်အတု တစ်စောင်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  4 Jun 2022 10:06 PM IST
  • ဘားလမ်ဗုံးကွဲဖြစ်စဉ်ကို Yangon PDF အမည်နဲ့ထုတ်ပြန်တဲ့ ကြေငြာချက်အတု

    ၎င်း ကြေညာချက်အတုဟာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မေလ ၃၁ ရက်နေ့ ညပိုင်း ၈ နာရီဝန်းကျင်ခန့်မှာ လူမှုကွန်ယက်ပေါ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ကြေညာချက်ချက်မှာ Yangon PDF အဖွဲ့တစ်ခုပုံစံ ဖြစ်အောင် Logo တစ်ခုပါဝင်တဲ့ Template တစ်ခုနဲ့ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    အဆိုပါ ကြေညာချက်မှာ အချက် ၃ ချက်ပါဝင်ပြီး ပထမ အချက်အနေနဲ့ ၎င်းတို့ဟာ စစ်ကောင်စီကို နိုင်ငံအနှံ့ နေရာမလပ် တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့ရဲ့ တော်လှန်ရေး သစ္စာဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။ ဒုတိယ အချက်အနေနဲ့တော့ တော်လှန်ရေးရဲ့ သဘာဝအရ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပြီး ပြည်သူတွေ သွေးမအေးသွားဖို့ လိုအပ်ကြောင်း ပြည်သူတစ်ချို့ လိုက်နာရန် ပျက်ကွက်ခဲ့တာကြောင့် တော်လှန်ရေးက နှောင့်နှေးစေကြောင်း၊ ဘားလမ်းမှတ်တိုင် ပေါက်ကွဲမှုဟာ Yangon PDF အနေနဲ့ စစ်ကောင်စီ ယန္တရားတွေကို ပစ်မှတ်ထားဆောင်ရွက်ခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ပြည်သူတွေ ထိခိုက်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဖော်ပြထားပါတယ်။

    တတိယအချက်မှာတော့ စစ်ကောင်စီကို တော်လှန်ရင် မရည်ရွယ်ပဲ ထိခိုက်မိတဲ့အတွက် ၎င်းတို့အပေါ် နားလည်ပေးကြဖို့နဲ့ ထိခိုက်မိတဲ့ ပြည်သူတွေကို အနူးအညွတ်တောင်းပန်ကြောင်း တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ Click ခြင်းကို အရင်ထက် ပိုမို အင်တိုက် အားတိုက် လုပ်ဆောင်ပေးကြဖို့ ၎င်းတို့အဖွဲ့က မေတ္တာရပ်ခံကြောင်း အဆိုပါ ကြေညာချက်ထဲ ရေးသားထားပါတယ်။ စာရဲ့ အောက်ဆုံးမှာတော့ ဆက်သွယ်ရန်ဆိုပြီး MPT ဖုန်းနံပါတ်တစ်ခု ထည့်ထားပါတယ်။ ၎င်းစာကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေသူတွေကို အဆိုပါ ပေါက်ကွဲမှုမှာ အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ရေးသားကာ ဖြန့်ဝေနေကြပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ ကြေညာချက်ဟာ လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့ခဲ့ပြီး သတင်းအမှားဖြစ်တယ်လို့ ပြောဆိုသူတွေ ရှိသလို ကြေညာချက်အစစ်ဖြစ်တယ်လို့ ပြောကာဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Yangon PDF နာမည်နဲ့ ဖြန့်ထားတဲ့ ဘာလမ်းပေါက်ကွဲမှုအကြောင်း ရေးသားထားတဲ့ ကြေညာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကြေညာချက်အတု ဖြစ်တာကို တွေ့ရပါတယ်။

    Yangon မြို့မှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေ ရှိပေမယ့် People's Defense Force Yangon ဆိုတဲ့ အဖွဲ့ဟာ တကယ်မရှိဘူးလို့ UG တွေနဲ့ အဆက်အသွယ်ရှိသူက Boom Myanmar ကို အတည်ပြုပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ မြို့ပြပျောက်ကျားအဖွဲ့တွေက ဒီပေါက်ကွဲမှုဟာ တော်လှန်ရေးအင်အားစုတွေ လုပ်ဆောင်ထားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့ပြ ပျောက်ကျားအဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    အခု ကြေညာချက်အတု ထုတ်ပြန်ထားတဲ့ အဖွဲ့ဟာ တကယ်မရှိတဲ့အဖွဲ့ဖြစ်သလို ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ စာတစ်စောင် ဖြန့်ဝေခဲ့ကြပါသေးတယ်။ ၎င်းတို့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတုကို အောက်ပါ Link မှာ ဖတ်ပါ။

    Yangon PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ စာအတု

    Myanmar Witness အဖွဲ့က အဆိုပါ ကြေညာချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အတုသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Myanmar Witness အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။

    ထူးခြားချက်အနေ့ ဒီထုတ်ပြန်ချက်ကို စစ်ကောင်စီထောက်ခံတဲ့အကောင့်တွေနဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ အရင်ဖြန့်ဝေလာတာကို တွေ့ရပြီး PDF တွေဟာ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သူမျိုးဖြစ်ကြောင်း ပုံဖေါ်ရေးသားမှုတွေ တွေ့ရပါတယ်။ CCTV မှတ်တမ်းအရ ဗုံးပေါက်ကွဲမှုဟာ ကားမှတ်တိုင်မှာ ထောင်ထားတဲ့ ဗုံးမဟုတ်ဘဲ သယ်ဆောင်လာစဉ် အိတ်အတွင်း မတော်တဆ ထပေါက်သွားခြင်းမျိုးသာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ် ပြောဆိုမှုတွေရှိနေပြီး ပေါက်ကွဲချိန်မှာ ရှင်းရှင်းလင်း မြင်ရခြင်း မရှိပါဘူး။ ၎င်း ပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့ကမှလည်း တာဝန်ခံပြီး ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။ စစ်ကောင်စီကတော့ ဒီပေါက်ကွဲမှုဟာ PDF သင်တန်းတက်ထားသူ တစ်ဦးဖြစ်ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဆိုပါ ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားတဲ့ လူငယ်ရဲ့ အမေဖြစ်သူနဲ့ အမဖြစ်သူကို ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး ဒီကနေ ပြန်လွတ်ပေးလိုက်တယ်လို့ သိရပါတယယ်။ ဒီ လူငယ်ရဲ့ ဈာပနာကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ကျည်စုသုဿန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ လူငယ်ရဲ့ မိသားစုဝင်တွေ ဖမ်းခံရပြီး ပြန်လွတ်လာတဲ့အကြောင်းနဲ့ ဈာပနာ ပြုလုပ်ခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    Tags

    False statementYangon PDFstop bombingCoupMilitaryကြေညာချက်အတုဘားလမ်းကားမှတ်တိုင်ဗုံးပေါက်ကွဲမှု
    Read Full Article
    Claim :   ဘားလမ်းမှတ်တိုင် ဗုံးပေါက်ကွဲမှုအတွက် People's Defense Force Yangon ရဲ့ ကြေညာချက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!