BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Yangon PDF နာမည်သုံးပြီး...
သတင်းအတု

Yangon PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ စာအတု

Yangon PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ ကြေညာချက် စာအတုတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Oct 2021 6:38 PM IST
  • Yangon PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ စာအတု

    အဆိုပါ ကြေငြာချက်အတုကို PDF နာမည်ခံ Page အတုတွေကနေ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး Yangon PDF ဆိုတဲ့ နာမည်နဲ့ပြုလုပ်ထားတဲ့ နောက်ခံ Logo တွေအသုံးပြုပြီးအဆိုပါ ကြေညာချက်ကို ဖြန့်ဝေထားတာဖြစ်ပါတယ်။

    အဆိုပါကြေညာစာမှာ နောက်ဆုံးအကြိမ်သတိပေးခြင်းလို့ ရေးသားထားပြီးအတွင်းစာပိုဒ်တွေမှာတော့ အပိုဒ် ၃ ပိုဒ်နဲ့ ၁၊ ၂၊ ၃ နံပါတ်စဉ်တပ်ကာ ရေးသားထားပါတယ်။ အဆိုပါ အချက် ၃ ချက်မှာ "၁။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားပုဒ်မများတပ်ပြီး အမှုဆင် တရာဒစွဲဆိုကာ ဖမ်းဆီးထားခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်ပါသည်။ ၂။ စစ်ကောင်စီသည် လူထုမှ ရွေးချယ်တင်မြှောက်ထားသည့် တရားဝင် အစိုးရ မဟုတ်သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားရင်ဆိုင်စရာအကြောင်း မရှိပေ။ ၃။ ထိုသို့ တရားရင်ဆိုင်စရာ အကြောင်းမရှိသည်ကို သိသိချည်းနှင့် ရှေ့နေများဖြစ်ကြသည့် ဦးခင်မောင်ဇော်၊ ဦးသဲမောင်၊ ဦးကြည်ဝင်း၊ ဒေါ်မင်းမင်းစိုး နှင့် ဒေါ်မာလာစန်းညွန့်တို့ ၅ သီးအနေဖြင့် တရားရင်ဆိုင်နိုင်ရေး အကြံဉာဏ်များပေးကာ လုပ်ဆောင်လျှက်ရှိပါသည်။ အဆိုပါ ရှေ့နေ ၅ ဦးအနေဖြင့် စစ်ကောင်စီအား ကူညီအားပေးသည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက ၎င်းတို့၏ အသက်အန္တရာယ်နှင့် မိသားစုဝင်များ၏ အသက်လုံခြုံမှုအား အာမခံမည် မဟုတ်ကြောင်း မိမိတို့ People's Defence Force – Yangon မှ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ရန်ကုန် PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။အဆိုပါ ကြေညာချက်နဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ TV Channel ဖြစ်တဲ့ Public Voice Television မှာ ကြေညာစာကို စုံစမ်းစစ်ဆေးပြီး အတုဖြစ်ကြောင်းဆန်းစစ်တွေ့ရှိချက်ကိုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

    Public Voice Television ရဲ့ ထုတ်ပြန်ထားတဲ့ သတင်းထဲမှာ "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက မတရားအမှုဆင်စွဲဆိုထားသည့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ့များအား ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ရေးသားထားသည့် စာအတုတစ်စောင် အွန်လိုင်းတွင်ပြန့်နှံ့လျက်ရှိပြီး အဆိုပါစာကို ဖြန့်ချိသည့် အဖွဲ့အစည်းမှာ People's Defence Force (Yangon) ဟု အမည်ခံထားသော အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရသည်။ ရန်ကုန်တိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမှန်တကယ်လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် အဆိုပါအဖွဲ့မပါဝင်ကြောင်းနှင့် People's Defence Force (Yangon) လူမှုကွန်ယက်စာမျက်နှာသည်လည်း သတင်းအမှားများဖြန့်ချိလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောကြားသည်။ People's Defence Force (Yangon)၏ လူမှုကွန်ယက်စာမျက်နှာကို လေ့လာကြည့်ရာ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံမှ ၃ ဦး၊ အီရန်နိုင်ငံမှ ၁ ဦး ကိုင်တွယ်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။" လို့ ရေးသားထုတ်ပြန်ထားပါတယ်။

    သတင်း မူရင်းဖော်ပြချက်ကို ဒီနေရာ မှာကြည့်ပါ။




    Tags

    fake statementlawyersAung San Suu KyiYangon PDFCoupMilitaryFake newsကြေညာချက်အတုခြိမ်းခြောက်စာ
    Read Full Article
    Claim :   ရန်ကုန် PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!