BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့...
      သတင်းအတု

      သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ ဒေါက်တာနေဇင်လတ်

      ဒီရက်ပိုင်းအတွင်းမှာ ယခင် သမ္မတဟောင်းဦးသိန်းစိန်ရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့ဖူးတဲ့ Nay Zin Latt ဖေ့စ်ဘွတ်အကောင့်က ကိုဗစ်နဲ့ပတ်သက်တဲ့ ထင်ယောင်ထင်မှား အထိတ်တလန့်ဖြစ်ဖွယ်အကြောင်းအရာတွေကို ဆက်တိုက်ဝေမျှခဲ့ပါတယ်။

      By - Boom Live Myanmar | 8 Oct 2020 4:05 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ ဒေါက်တာနေဇင်လတ်

      အောက်တိုဘာလ ၄ ရက်နေ့ကနေ ခြောက်ရက်နေ့အတွင်းမှာ သူ့ရဲ့အကောင့်ကနေ အတည်ပြုမထားတဲ့သတင်းအမှားသုံးခုကို

      ဝေမျှခဲ့တာဖြစ်ပြီး ယခင်ကလည်း သူ့ရဲ့အကောင့်ကနေ သတင်းတုသတင်းမှားတွေမကြခဏဖြန့်ဝေခဲ့ဖူးပါတယ်။

      ပထမ သတင်းအမှား

      ပထမဆုံး သတင်းအမှားကို အောက်တိုဘာလ ၄ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၅၄ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရေးသားမှုထဲမှာ Kyaw Swa Myint ဆိုတဲ့ အကောင့်က တင်ထားတဲ့ "မကြာခင် Contain at Homes မိမိနေအိမ်တွင်ပင် ထိန်းသိမ်းကုသခြင်း" ဆိုတဲ့ ပိုစ့်ကို Screen Shot ပြုလုပ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ "Failure of " last battle " operation. (၂) ပါတ်တိုက်ပွဲ ကျဆုံးသွားတာကိုပြလိုက်တာ ပြောပြောနေတဲ့ Medical fall down ဖြစ်တဲ့ သဘောကိုလဲပြလိုက်တာပဲ။ အိမ်တွေမှာ အလောင်းလိုက်ကောက်ကြတော့" ဆိုတဲ့ စာသားတွေနဲ့အတူ ရေးတင်ခဲ့ပါတယ်။

      မူရင်းရေးသားမှုကို ဒီမှာကြည့်ပါ။


      ဒုတိယ သတင်းအမှား

      ဒုတိယ သတင်းအမှားကို Nay Zin Latt ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၅ ရက်နေ့ ၁၂ နာရီ ၄၃ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ထဲမှာ ကြည့်မြင်တိုင်ကမ်းနား ညောင်ပင်လမ်း အနီးမှာ အရက်အလွန်အကျွံ့သောက်ပြီး လမ်းဘေးမှာ သေဆုံးနေသူ တစ်ဦးကို PPE ဝတ်ဆင်ထားသူ ၂ ဦးက လာရောက်သယ်ယူနေတဲ့ ဓါတ်ပုံကို အသုံးပြုပြီး "Medical fall down ဖြစ်ရင် လမ်းတွေ ၊ အိမ်တွေမှာ အလောင်းလိုက်ကောက်ရတဲ့ အဖြစ်ရောက်လိမ့်မယ်လို့ ရေးခဲ့ပါတယ်နော်" ဆိုတဲ့ စာကို ရေးတင်ခဲ့ပါတယ်။


      တတိယ သတင်းအမှား

      အဲ့ဒီ ဖေ့စ်ဘွတ်အကောင့်က တတိယ သတင်းအမှားကို အောက်တိုဘာလ ၆ ရက်နေ့ ၁၁ နာရီ ၃၇ မိနစ်မှာ ရေးတင်ခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ ဓါတ်ပုံ (၇) ကို အသုံးပြုထားပြီး အဲ့ဒီဓါတ်ပုံတွေဟာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသတိလစ်နေသူတစ်ဦးရဲ့ ဓါတ်ပုံအပါ အခြားဓါတ်ပုံတွေကို အသုံးပြုပြီး "ပြောခဲ့သားပဲ လမ်းတွေအိမ်တွေမှာ လိုက်ကောက် လိုက်သိမ်းရလိမ့်မယ်လို့။ ဒါ ဘာဟုတ်သေးလဲ နောက်တလ ဆက်သာကြည့်လိုက်" လို့ ရေး တင်ပြီး Covid ကြောင့် အလောင်းတွေ လိုက်ကောက်နေ နေရတဲ့ ပုံစံဖြစ်အောင် ရေးသားဖြန့်ဝေခဲ့ပါတယ်။


      ဒါ့အပြင် အောက်တိုဘာလ ည ၆ နာရီ ၂၈ မိနစ်မှာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက သံသယလူနာတွေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက သံသယလူနာတွေကို နေရာမချထားပေးခင် အရေးပေါ်လူနာ ရောက်လာတဲ့အခါ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ အဖြေစောင့် နေတဲ့ အချိန်မှာ သက်တောင့်သက်သာ နားနေနိုင်အောင် ချထားပေးတဲ့ ဓါတ်ပုံကို အသုံးပြုပြီး "မြောက်ဥက္ကလာ မေဓာဝီဆေးရုံ လက်ရှိ အခြေအနေကတော့ မြင်တဲ့အတိုင်းဘဲ ကုတင်တွေမလောက်တော့တဲ့ အခြေအနေပါ" လို့ ရေးသားဖြန့်ဝေထားပါတယ်။

      မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။


      ၎င်းရေးသားဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေဟာ တစ်ခုချင်းစီမှာ ထပ်ဆင့်ဝေမျှသူ (၆၀၀) ကျော်၊ (၇၀၀) ကျော်တွေ အသီးသီး ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      Nay Zin Latt ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ Covid ကုသမှု စနစ်ပြိုလဲပြီး အလောင်းတွေ လိုက်ကောက်နေရပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားတွေသာ ဖြစ်ပြီး အများပြည်သူ ထိတ်လန့်အောင် ရေးသားကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။

      ၎င်း ပထမဆုံး ရေးသားခဲ့တဲ့ Covid ကုသမှုစနစ် ပြိုလဲပြီ ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာ ဒုဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက နေအိမ်တွေမှာ (၂) ပါတ်တိတိ နေထိုင်ပြီး ကိုဗစ်ရောဂါကို ထိန်းချုပ်မှုပြုလုပ်ခဲ့ရာမှာ ရလဒ်ကောင်းတွေ အများကြီးထွတ်လာပြီး ရောဂါအခြေအနေထက် ဆေးပညာရှင်တွေဘက်က Capacity အသာစီးရရှိထားတယ်လို့ MRTV ၊ SKY Net စတဲ့ ရုပ်သံဌာနတွေကနေ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြည်သူကို အသိပေး ပြောကြားခဲ့ပါတယ်။

      ပါမောက္ခချုပ်ဒေါက်တာဇော်ဝေစိုး ရဲ့ ပြောကြားမှုကို ဒီမှာ ကြည့်ပါ။

      ဒါအပြင့် Covid ကုသရေးစနစ် ပြိုလဲ နေပြီဆိုတဲ့ ရေးသားမှုအပေါ် တောင်ဒဂုံ မြို့နယ်နဲ့ ရန်ကုန်တိုင်း အတွင်းက Quarantine Center တွေ၊ ကုသရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာ "ကိုဗစ် ကုသရေးနဲ့ ပတ်သက်ပြီးတော့ ပြိုလဲနေပြီ ဆိုတဲ့ ဟာမျိုးပေါ့ ဒါတွေက လုံးဝ (လုံးဝ) ကို မှားယွင်းတဲ့ ပြည်သူကို အထင်အမြင် လွဲမှားစေတဲ့ သတင်း၊ ပြည်သူတွေ ယုံကြည်မှုကို အားနည်းစေတဲ့ သတင်း ဆိုတာကိုတော့ ပြောချင်တယ်။ လောလောဆယ်မှာ ကိုယ်နေတဲ့ တောင်ဒဂုံမဲဆန္ဒနယ်အနေနဲ့ ပြောရရင် တောင်ဒဂုံမြို့နယ်မှာ Quarantine Center ၆ ခု ရှိတယ်။ အဲ့ဒီ ၆ ခု လုံးမှာ ပြည်သူတွေရဲ့ အားရ ကျေနပ်မှုကလည်းပဲ အပြည့်ပဲ။ မနက်စာတို့ နေလယ်စာတို့ ညနေစစာတို့က အစ ပြည်သူက ပြည်သူသို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည်သူက တောက်လျှောက်ပံ့ပိုးသလို အောင်မြင့်မိုရ် Hospital Quarantine ဆိုရင်လည်းပဲ ဆရာဝန်ကြီးတွေရဲ့ အထူးကြပ်မတ်မှုနဲ့ အတူ စီစဉ်ဆောင်ရွက်ပေးနေတာ အင်မတန်မှ အားရဖို့ ကောင်းပါတယ်။ တစ်ပတ် ၁၄ ရက်ပြည့်တိုင်းမှာလည်းပဲ ရက်ပြည့်သွားလို့ ကျန်းမာရေး ကောင်းမွန်သွားလို့ ဆင်းတဲ့ သူတွေကလည်း မပြတ်ရှိနေသလို၊ ဒီကြားထဲမှာ များများစစ်လို့ များများပေါ်တယ်ပေါ့နော်။ အဲ့ဒါကလည်းပဲ ပုံမှန်လေးကို လုပ်ပေးနိုင်တာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းသာ မက ပြည်ထောင်စု အဆင့်က လမ်းညွှန်မှုနဲ့အတူ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အားကပါ ကောင်းတာ ဖြစ်တဲ့အတွက် Covid နဲ့ ပတ်သက်တဲ့ ကုသမှု အစီအစဉ်တွေဟာ အင်မတန်မှ ကောင်းမွန်တယ်ဆိုတဲ့ဟာကို ပြောချင်တယ်။ အဲ့တော့ ကျန်းမာရေး စနစ်ပြိုလဲတယ်ဆိုတာဟာလည်း မဟုတ်သလို Fake News တွေပါ" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

      Nay Zin Latt ဆိုသူ ရေးသားဖြန့်ဝေထားတဲ့ ဆေးရုံကုတင်တွေ မလုံလောက်တော့ဘူးလို့ ရေးသားမှုဟာလည်း အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်အောာင် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံဟာ ကုတင် မလုံလောက်လို့ လူနာတွေကို ထိုင်ခုံနဲ့ ထားရတာ မဟုတ်ပါဘူး။ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက သံသယလူနာတွေကို နေရာမချထားပေးခင် အရေးပေါ်လူနာ ရောက်လာတဲ့အခါ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ အဖြေစောင့် နေတဲ့ အချိန်မှာ သက်တောင့်သက်သာ နားနေနိုင်အောင် ချထားပေးခြင်းသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အဲ့ဒီ ဓါတ်ပုံကို အသုံးပြုပြီး သတင်းအမှားများစွာ ဖြန့်ဝေခဲ့ကြပါသေးတယ်။

      အဲ့ဒီ ဓါတ်ပုံကို အသုံးပြုပြီး ဖြန့်ဝေခဲ့တဲ့ သတင်းအမှားအကြောင်းကို ဒီမှာ ကြည့်ပါ။

      ၎င်း နောက်ဆုံးတင်ခဲ့တဲ့ ကိုဗစ်ကြောင့် စေဆုံးသူတွေ အလောင်းကို လိုက်ကောက်နေရတယ် ဆိုတဲ့ အကြောင်းအရာထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတစ်ပုံဟာ မန္တလေးမြို့ ၃၅လမ်း / စိန်ပန်းလမ်းမကြီးဒေါင့် မှာ လူတစ်ဦးဆိုင်ကယ်ပေါ်က ပြုကျပြီး သတိလစ်နေတာကို မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးထားတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။

      မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့က မူရင်း ဓါတ်ပုံကို ဒီမှာ ကြည့်နိုင်ပါတယ်။


      ဒါ့ အပြင် အဲ့ဒီ ဓါတ်ပုံ (၇) ပုံထဲမှာ ပါဝင်တဲ့ လူ တစ်ဦးချင်းစီရဲ့ သေဆုံးပုံနဲ့ ပတ်သက်ပြီး 7 Days သတင်းဌာနက သက်ဆိုင်ရာ မြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းပြီး သတင်းအမှားတွေ ဖြစ်ကြောင်း အတည်ပြုချက်ရယူထားပါတယ်။

      7 Days က ရေးသားထားတဲ့ မူရင်း သတင်းကို ဒီမှာ ကြည့်ပါ။

      ဒီလို ကိုဗစ်ရောဂါ ကုသမှု စနစ်ပြိုလဲပြီလို့ ရေးသားဖြန့်ဝေခဲ့တဲ့ Nay Zin Latt ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်မှာ အမျိုးသားတိုးတက်ရေးပါတီဥက္ကဌ အဖြစ် တာဝန်ယူထားပြီး ၎င်းတင်ထားတဲ့ အကြောင်းအရာအပေါ် 7 days သတင်းဌာနက သတင်းအမှားအဖြစ် ရေးသားပြီး နောက်ပိုင်းမှာ ၎င်းရေးသားခဲ့တဲ့ အကြောင်းအရာတွေဟာ ပြည်သူကို Awareness ပြုလုပ်ဖို့ တင်ခဲ့တာဖြစ်ပြီး ပါတီနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးတင်ခဲ့ပါတယ်။





      Tags

      False newsmedical systemfalling downCOVID second waveCorona Myanmar
      Read Full Article
      Claim :   Nay Zin Latt ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ Covid ကုသမှု စနစ်ပြိုလဲလို့ အလောင်းတွေ လိုက်ကောက်နေရပြီဆိုတဲ့ သတင်းအမှားတွေကို ฺBoom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!