BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • လူအများအပြား ယုံကြည်မိတဲ့...
Top Block

လူအများအပြား ယုံကြည်မိတဲ့ သတင်းအမှားနှစ်ခု

ကိုရိုနာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ အချိန်မှာ လူအများထိတ်လန့်အောင် ဖြန့်ဝေထားတဲ့ သတင်း အမှားတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Oct 2020 7:41 PM IST
  • လူအများအပြား ယုံကြည်မိတဲ့ သတင်းအမှားနှစ်ခု

    လူမှုကွန်ယက်ပေါ်မှာ Nyan Min Htun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မန္တလေးကနေ ရန်ကုန်ကို Volunteer လာလုပ်ပေးတဲ့ ဆရာမတစ်ဦး နဲ့ ဆရာဝန်တစ်ဦး သေဆုံးသွားတယ်လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    ၎င်း အကောင့်ပိုင်ရှင်က အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်မှာ Volunteer ဆရာမ တစ်ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ကို စတင် ဖြန့်ဝေခဲ့ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "

    "မန်းလေး မှ ရန်ကုန်" သို့ Covid-19 အတွက် Volunteer လာကူညီသော တိုက်စစ်မှူး ဆရာမ ရီဝေနှင်း R I P ပါ " လို့ ရေးသားထားပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေပြီးနောက် အဆိုပါ Nyan Min Htun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နောက်ထပ် သတင်းအမှားတစ်ပုဒ်ကို ထပ်မံဖြန့်ဝေခဲ့ပါတယ်။ ၎င်းဖြန့်ဝေခဲ့တဲ့ ဒုတိယ သတင်းအမှားထဲမှာ "စဉ့်ကိုင်မှ ရန်ကုန် Volunteer လာသော ဒေါက်တာ အောင်သက်ဇော် ၃၇ နှစ် အဆုပ်နဲ့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ကွယ်လွန်သွားကြောင်း သိရပါတယ်။ RIP" လို့ ရေးသားထားပါတယ်။

    ၎င်း တင်ခဲ့တဲ့ ပိုစ့် ၂ ခုကို ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၁၀ ကျော်ခန့်မှာ ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။ ပြန်လည် မဖြုတ်ချမီ ၎င်း ပိုစ့်ကို Like လုပ်ထားသူ ၁၀၀၀ ကျော်နဲ့ ထပ်ဆင့်မျှဝေသူပေါင်း ၅၀၀ နီးပါး ရှိခဲ့ပြီး အဲ့ဒီပိုစ့်ကို New Creation ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ပြန်လည်ကူးယူပြီး ၎င်းရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ပြန်တင်ခဲ့ပါတယ်။

    အဲ့ဒီ ပေ့ချ်မှာ တင်ထားတဲ့ ပိုစ့်ကို Like လုပ်ထားသူ ၂၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှသူ ၂၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင့် အဲ့ဒီ New Creation ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးက သံသယလူနာတွေကို နေရာမချထားပေးခင် သွေးစစ်၊ ဓါတ်မှန်ရိုက် အဖြေစောင့်နေတဲ့ အချိန်မှာ သက်တောင့်သက်သာ ဖြစ်အောင် နေရာ ချထားပေးတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး ရန်ကုန်ဆေးရုံကြီးမှာ ကုတင်မလုံလောက်လို့ Covid လူနာတွေကို ဆေးရုံအပြင် လျှောက်လမ်းမှာ ပလတ်စတစ် ထိုင်ခုံနဲ့ ထားနေရတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ကိုလည်း ဖြန့်ဝေထားပြီး အဲ့ဒီပိုစ့်ကို ထပ်ဆင့်မျှဝေသူပေါင်း ၁၁၀၀ ကျော်နဲ့ Like လုပ်ထားသူ ၂၀၀၀ ကျော်ရှိခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    Nyan Min Htun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားထားတဲ့ မန္တလေးက ရန်ကုန်ကို Volunteer လာလုပ်တဲ့ ဆရာမ တစ်ဦးနဲ့ ဆရာဝန်တစ်ဦး ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မန္တလေးဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဦး က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပထမ သတင်းအမှားအပေါ် "မန္တလေးတိုင်းက ရီဝေနှင်း အမည်နဲ့ လုပ်အားပေး သူနာပြု လုံးဝ မရှိကြောင်း တိုင်းကျန်းမာက အတည်ပြုပါတယ်" လို့ရေးတင်ခဲ့ပါတယ်။

    ဒါ့အပြင် ဒုတိယ သတင်းအမှားနဲ့ ပတ်သက်ပြီးတော့လည်း "ဒီတစ်ယောက် Fake News တွေ တင်နေပါတယ်။ မန္တလေးက ရင်ခေါင်းအထူးကု (physician or surgeon) အောင်သက်ဇော် လုံးဝ မရှိပါ" လို့ ထပ်မံ ရေးတင်ခဲ့ပါတယ်။

    ဒေါက်တာမောင်မောင်ဦးရဲ့ မူရင်းရေးသားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    ဒါ့အပြင် New Creation ဆိုတဲ့ ရဲ့ ပေ့ချ်မှာ ဖော်ပြထားတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကုတင်မလုံလောက်လို့ Covid လူနာတွေကို ဆေးရုံအပြင် လျှောက်လမ်းမှာ ပလတ်စတစ် ထိုင်ခုံနဲ့ ထားနေရတယ် လို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာလည်း သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံတွေဟာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးက သံသယလူနာတွေကို နေရာမချထားပေးခင် အရေးပေါ်လူနာ ရောက်လာတဲ့အခါ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ အဖြေစောင့် နေတဲ့ အချိန်မှာ သက်တောင့်သက်သာ နားနေနိုင်အောင် ချထားပေးတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပုံဟာ ရန်ကုန်ဆေးရုံကြီးက Covid လူနာတွေကို ထားထားတဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။

    မြောက်ဥက္ကဌလာပ ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူရဲ့ ဓါတ်ပုံအကြောင်းရှင်းပြထားတဲ့ ဖေ့စ်ဘွတ်ပိုစ်ကို ဒီမှာ ဖတ်ပါ။

    ဒီသတင်းတွေကို ရေးသားဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့် ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပရဟိတ သမားတစ်ဦးလို့ ရေးသားဖော်ပြထားတာကို တွေ့ရပြီး New Creation ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့ အခါမှာတော့ သတင်းမီဒီယာ အယောင်ဆောင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ် အတု တစ်ခုသာဖြစ်ပြီး လူမှုကွန်ယက်ပေါ်က သတင်းအမှားတွေ ကို ပြန်လည် ကူးယူဖော်ပြနေတာကို တွေ့ရသလို တခြားမီဒီယာတွေပေါ်က သတင်းတွေကို ခွင့်ပြုချက် မတောင်းဘဲ ပြန်လည် ကူးယူဖော်ပြနေတာကို တွေ့ရပါတယ်။


    Tags

    false newsCorona MyanmarVolunteerYGHNorth-Okkalarpa Hospitalသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ လူအများကို အထိတ်တလန့် ဖြစ်အောင် ဖြန့်ဝေထားတဲ့ ကိုရိုနာရောဂါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ သတင်းအမှား ၂ ခုကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!