BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ၎င်းတို့စစ်ဦးစီးချုပ်ကို...
သတင်းအတု

AA က ၎င်းတို့စစ်ဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

ရခိုင့်တပ်တော် AA က ၎င်းတို့ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  12 April 2022 10:06 PM IST
  • AA က ၎င်းတို့စစ်ဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Voice of China ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၉ ရက်နေ့ မနက် ၇ နာရီ ၁၃ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရခိုင့်တပ်မတော်AAမှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းဝရမ်းထုတ်ပြန်" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "တော်လှန်ရေးရန်ပုံငွေများနှင့် တရုတ်နိုင်ငံဘေဂျင်းမြို့တွင် အနားယူနေသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဒေါက်တာညိုထွန်းအောင်ဦးဆောင်သောရခိုင့်တပ်မတော်မှ ပုန်ကန်မှုဖြင့် ဖမ်းဆီးရန်အမိန့်ထုတ်ပြန် လိုက်ကြောင်း ရခိုင့်တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခကပြောကြားခဲ့သည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပြီး ၎င်းသတင်းအမှားဖြန့်သူတွေက ဒေါက်တာညိုထွန်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း ၊ ဒေါက်တာညိုထွန်းအောင်က AA စစ်ဦးစီးချုပ်ဟာ ရန်ပုံငွေ ဒေါ်လာသန်း၅၀၀ယူပြီး တရုတ်ပြည်ကို ထွက်သွားကြောင်း၊ ၎င်း သန်း ၅၀၀ ဟာ ဆယ်နှစ်မက ဒုစရိုက်မှုတွေလုပ်ပြီးရှာထားတဲ့ ငွေတွေဖြစ်ကြောင်း၊ စစ်ဦးစီးချုပ်ကို ပြန်လွဲပေးဖို့ တရုတ်ပြည်ကို တောင်းဆိုထားကြောင်း၊ ရန်ပုံငွေတွေ ပြန်ရဖို့ ဖမ်းဝရမ်းထုတ်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀ နီးပါးနဲ့ မှတ်ချက်ရေးသားသူ ၅၀ ခန့်ရှိကာ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြနေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA က ၎င်းတို့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဒေါ်လာ သန်း ၅၀၀ ယူပြီး တရုတ်ပြည်ထွက်ပြေးသွားတဲ့အတွက် ဖမ်းဝရမ်းထုတ်ပြန်ထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AA စစ်ဦးစီးချုပ်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ ဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    Voice Of China ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ AA စစ်ဦးစီးချုပ်ကို သတင်းအမှားတွေနဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ အခု သတင်းအမှား မထွက်ပေါ်ခင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်လူမျိုးအဖြစ်က နုတ်ထွက်ပြီး တရုတ်နိုင်ငံသားအဖြစ် ခံယူလိုက်တယ်ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ပါသေးတယ်။

    Voice of China ပေ့ချ်က ပထမဖြန့်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။

    AA စစ်ဦးစီးချုပ် တရုတ်နိုင်ငံသားအဖြစ်ခံယူတယ် ဆိုတဲ့ သတင်းအမှား

    AA စစ်ဦးစီးချုပ်ဟာ တရုတ်ပြည်ကို ထွက်ပြေးသွားခြင်း မရှိသလို ဖမ်းဝရမ်း ထုတ်ခံထားရခြင်းလည်း မရှိပါဘူး။ ဧပြီလ ၁၀ ရက်နေ့က ကျရောက်တဲ့ ရက္ခိုင့်တပ်တော်တည်ထောင်ခြင်း ၁၃ နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်ပြီး လက်ရှိနိုင်ငံရေး အကြပ်အတည်းအပေါ် "ရဲဘော်တို့ စစ်ရေးသတိကို ဘယ်တော့မှ မပေါ့ဆကြနှင့်။ ဗဟိုက အမိန့်ပေးလာတာနဲ့ တိုက်ပွဲဝင်နိုင်ဖို့ အဆင်သင့်ရှိနေကြပါ" လို့ ကြောကြားခဲ့ပါတယ်။ AA တည်ထောင်ခြင်း ၁၃ နှစ်ပြည့် အခမ်းအနားမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိန့်ခွန်းပြောကြားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပေ့ချ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က စတင်ပြုလုပ်ထားတာဖြစ်ပြီး ၎င်းပေ့ချ်က သတင်းအမှားအများစုဟာ ရက္ခိုင့်တပ်တော် AA ကို အများဆုံး တိုက်ခိုက်ထားတာကို တွေ့ရပါတယ်။

    ရခိုင်ပြည်နယ်အတွင်းက AA နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ သတင်းဌာန တစ်ခုဖြစ်တဲ့ Border News Agency က အယ်ဒီတာ တစ်ဦးက ဒီပေ့ချ်မှာ တင်နေတာတွေနဲ့ ပတ်သက်ပြီး "ဒီ Page ကို Like မလုပ်ထားကြပါနဲ့။နောက်ပြီး အဲဒီကသတင်းတွေကို Share မလုပ်ကြပါနဲ့။ ဒီဟာက သတင်းအမှားတွေတင်ပြီး ဝါဒဖြန့်နေတာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ လုပ်နေတာပါ" လို့ အသိပေး ရေးသားထားပါတယ်။

    Tags

    False newsArakan ArmyArrest warrantMajor General Twan Mrat Naingသတင်းအတုရက္ခိုင့်တပ်တော်
    Read Full Article
    Claim :   ရခိုင့်တပ်မတော် AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းဝရမ်းထုတ်ပြန်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!