BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • AA စစ်ဦးစီးချုပ်...
      သတင်းအတု

      AA စစ်ဦးစီးချုပ် တရုတ်နိုင်ငံသားအဖြစ်ခံယူတယ် ဆိုတဲ့ သတင်းအမှား

      ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်လူမျိုးအဖြစ်က နုတ်ထွက်ပြီး တရုတ်နိုင်ငံသားအဖြစ် ခံယူသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကိုဒီရက်ပိုင်ထဲဖြန့်ဝေလျက်ရှိပါတယ်။

      By - Boom Live Myanmar | 12 April 2022 4:31 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • AA စစ်ဦးစီးချုပ် တရုတ်နိုင်ငံသားအဖြစ်ခံယူတယ် ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို Voice of China ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတု တစ်ခုက ဧပြီလ ၄ ရက်နေ့မှာ စတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရခိုင့်တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်လူမျိုးအဖြစ်မှနှုတ်ထွက်ပြီး တရုတ်နိုင်ငံသားခံယူ" လို့ ရေးသားထားပါတယ်။

      သတင်းအမှားရဲ့ အတွင်းမှာတော့ "ရခိုင့်တပ်မတော်စစ်ဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ရခိုင်လူမျိုးအဖြစ်မှနှုတ်ထွက်ပြီး တရုတ်နိုင်ငံသား အဖြစ်ခံယူလိုက်ကြောင်း သူ၏လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြခဲ့သည်" လို့ ရေးသားထားကာ ၎င်းပိုစ့်ထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ DNA စစ်ဆေးပြီးနောက် ရခိုင်လူမျိုးမဟုတ်ဘဲ တရုတ်လူမျိုးဖြစ်တာကို တွေ့ရှိခဲ့ရတဲ့အတွက် မိဘတွေထံကို ဖုန်းဆက်မေးကြည့်တဲ့အခါ တရုတ်ကုန်သည်လင်မယားထံက မွေးစားထားတာ ဖြစ်တယ်လို့ သိရှိခဲ့ရပြီး ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်တွေကိုလည်း သဘောကျတဲ့အတွက် ရက္ခိတလမ်းစဉ်ကို စွန့်လွတ်ပြီး တရုတ်လူမျိုးအဖြစ် ခံယူလိုက်တာ ဖြစ်တယ်လို့ ၎င်းသတင်းအမှားထဲမှာ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ၊ ထပ်ဆင့်ဝေမျှသူနဲ့ မှတ်ချက်ရေးသားသူတွေရှိကာ ကူးယူဖော်ပြနေသူတွေလည်း ရှိပါတယ်။

      သတင်းဆန်းစစ်ချက်

      AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ လက်ရှိမှာ ရက္ခိုင့်တပ်တော်အတွင်းမှာသာ ရှိနေပြီး မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်း မရှိပါဘူး။ ရက္ခိုင့်တပ်တော်ရဲ့ (၁၃) နှစ်ပြည့် တပ်တော်မွေးနေ့ မိန့်ခွန်းတွင် စစ်ဦးစီးချုပ် တပ်မှူးချုပ် ထွန်းမြတ်နိုင်က သတိပေးပြောဆိုလိုက်သည်။ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ရက္ခိုင်တပ်တော် တည်ထောင်တာ ၁၃ နှစ်ပြည့်မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က "ရဲဘော်တို့ စစ်ရေးသတိကို ဘယ်တော့မှ မပေါ့ဆကြနှင့်။ ဗဟိုက အမိန့်ပေးလာတာနဲ့ တိုက်ပွဲဝင်နိုင်ဖို့ အဆင်သင့်ရှိနေကြပါ" ဟု ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ AA နဲ့ စစ်တပ်ကြား စစ်ရေးအနည်းငယ် တင်းမာနေပြီး NUG ကလည်း AA နဲ့ တွေ့ဆုံပြီး တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းမှုတွေ ထွက်ပေါ် ခဲ့ပြီးနောက် AA ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

      ဧပြီလ ၁၀ ရက်နေ့မှာ AA စစ်ဦးစီးချုပ် မိန့်ခွန်းပြောဆိုထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

      ဒါ့အပြင် သတင်းအမှားထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံ တရုတ်နိုင်ငံသားအဖြစ် ခံယူထားကြောင်း ရေးသားထားတယ်လို့ ဆိုထားပေမယ့် ၎င်းရဲ့ Twitter စာမျက်နှာမှာ ဒီအကြောင်းအရာကို လုံးဝ ပြောဆိုထားခြင်း မရှိပါဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ Twitter အကောင့်ကို ဒီမှာ ကြည့်ပါ။

      ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက AA နဲ့ နီးစပ်တဲ့ သတင်းဌာန တစ်ခုဖြစ်တဲ့ Border News Agency က အယ်ဒီတာတစ်ဦးက ဒီပေ့ချ်မှာ တင်နေတာတွေနဲ့ ပတ်သက်ပြီး "ဒီ Page ကို Like မလုပ်ထားကြပါနဲ့။နောက်ပြီး အဲဒီကသတင်းတွေကို Share မလုပ်ကြပါနဲ့။ ဒီဟာက သတင်းအမှားတွေတင်ပြီး ဝါဒဖြန့်နေတာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာတွေ လုပ်နေတာပါ" လို့ အသိပေး ရေးသားထားပါတယ်။


      Tags

      False newsArakan ArmyMajor General Twan Mrat NaingResignedRakhineChinese citizenshipသတင်းအတုရက္ခိုင့်တပ်တော်CoupMilitary
      Read Full Article
      Claim :   ရခိုင့်တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်လူမျိုးအဖြစ်မှနှုတ်ထွက်ပြီး တရုတ်နိုင်ငံသားခံယူ
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!