BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ယူကရိန်းအလှမယ် တိုက်ပွဲမှာ...
      သတင်းအတု

      ယူကရိန်းအလှမယ် တိုက်ပွဲမှာ ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

      ရုရှားကျူးကျော်မှုကို တိုက်ခိုက်ဖို့ စစ်တပ်ထဲ ဝင်သွားတယ်ဆိုတဲ့ ယူကရိန်းအလှမယ် ဟာတိုက်ပွဲတစ်ခုမှာ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

      By - Boom Live Myanmar |
      Published -  22 March 2022 10:08 PM IST
    • ယူကရိန်းအလှမယ် တိုက်ပွဲမှာ ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို နိုင်ငံတကာ လူမှုကွန်ယက်သုံးစွဲသူတွေထံမှာ ဖေဖော်ဝါရီလ ခန့်က စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက လူမှုကွန်ယက် သုံးစွဲသူတွေပါ မတ်လ အစပိုင်းခန့်မှာ စတင်ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ယူကရိန်းအလှမယ် တိုက်ပွဲအတွင်း ကျဆုံး" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ Miss Grand Ukarine 2015, Miss Supranational Ukarine 2016 အလှမယ် Natasha Perakov ဟာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါပြီ။ သူမကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်ပါ" လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ထောင်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြသူ များစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ယူကရိန်းအလှမယ်ဟာ ရုရှားကျူးကျော်မှုကို တိုက်ခိုက်ဖို့ စစ်တပ်ထဲ ဝင်ရောက်သွားပြီးနောက် တိုက်ပွဲမှာ ကျဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

      ၎င်းတို့ ဖြန့်ဝေရာမှာ သုံးထားတဲ့ ဓါတ်ပုံတွေဟာ Miss Ukraine Anastasiia Lenna ရဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး သတင်းအမှားထဲမှာ "ယူကရိန်း အလှမယ် Natasha Perakov" လို့ ဖော်ပြထားပါတယ်။ တကယ်တော့ Miss Ukraine Anastasiia Lenna ဟာ စစ်တပ်ထဲလည်း ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။ သူမဝါသနာပါတဲ့ Airsoft ကစားစဉ်က ဓါတ်ပုံကို အသုံးပြုပြီး ယူကရိန်းအမျိုးသမီးတွေ စိတ်ဓါတ်ကြံခိုင်းကြောင်း ဖော်ပြဖို့ အင်စတာဂရမ်မှာ ၎င်းဓါတ်ပုံကို တင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

      အစောပိုင်းရက်တွေက ပျံ့နှံ့ခဲ့တဲ့ ယူကရိန်းအလှမယ် စစ်ထဲ ဝင်ရောက်ခဲ့တယ်ဆိုတာလည်း သတင်းအမှားသာဖြစ်ကြောင်း နောက်ပိုင်းမှာ သူမရဲ့ အင်စတာဂရမ် အကောင့်မှာ ရှင်းလင်းရေးသားခဲ့ပါတယ်။ ဒီအကြောင်းအရာကို Boom ကလည်း အချက်အလက် စစ်ဆေးထားပြီးသား ဖြစ်ပါတယ်။

      ပထမ ထွက်ပေါ်ခဲ့တဲ့ ယူကရိန်းအလှမယ် စစ်တပ်ထဲ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းအမှားအကြောင်းအရာကို အောက်ပါ Link မှာ ဖတ်ပါ။

      ယူကရိန်းအလှမယ် စစ်တပ်ထဲ မဝင်ခဲ့ပါ


      နိုင်ငံတကာ စာမျက်နှာတွေမှာတော့ ယူကရိန်းရဲ့ ပထမဆုံး အမျိုးသမီးပိုက်လော့ "Natasha Perakov" ဟာ တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ပြည်တွင်းမှာတော့ ပိုက်လော့အစား ယူကရိန်းအလှမယ်လို့ ရေးသားဖြန့်ဝေကြတာ တွေ့ရပါတယ်။

      ယူကရိန်းအမျိုးသမီး ပိုက်လော့ကလည်း သေဆုံးခြင်း မရှိသလို နာမည်လည်း မှားနေတယ်လို့ နိုင်ငံတကာ Fact Check သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ နိုင်ငံတကာ Fact Check သတင်းတွေအရ ပထမဆုံး ယူကရိန်း အမျိုးသမီးပိုက်လော့အမျိုးသမီးဟာ Nadiya Savchenko ဖြစ်ပြီး သူမဟာ လက်ရှိမှာ နိုင်ငံရေးသမား တစ်ဦး ဖြစ်နေတယ်လို့ သိရပါတယ်။

      ဒီသတင်းအမှားနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ Fact Check သတင်းတွေကို အောက်ပါ link တွေမှာ ဖတ်ပါ။

      Fact check: Viral image shows Ukrainian soldier, not country's first female fighter pilot

      Unrelated Photo Shared as Ukraine's 'First Female Fighter Pilot', Killed in War


      Tags

      Miss UkraineMiss Anastasiia LennamilitaryRussia-Ukarine Warသတင်းအမှားယူကရိန်းအလှမယ်တိုက်ပွဲမှာကျဆုံး
      Read Full Article
      Claim :   ယူကရိန်းအလှမယ် တိုက်ပွဲအတွင်း ကျဆုံး
      Claimed By :  facebook, YouTube, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!