BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယူကရိန်းအလှမယ် စစ်တပ်ထဲ မဝင်ခဲ့ပါ
သတင်းအတု

ယူကရိန်းအလှမယ် စစ်တပ်ထဲ မဝင်ခဲ့ပါ

ရုရှားကျုူးကျော်မှုကြောင့် ယူကရိန်းကထင်ပေါ်ကျော်ကြားသူတွေ စစ်မှုထမ်းတဲ့သတင်းတွေကြားထဲမှာ ယူကရိန်းအလှမယ် Miss Anastasiia Lenna ဟာ အလှမယ်ဘဝကို စွန့်လွတ်ပြီး ယူကရိန်းစစ်တပ်ထဲ ဝင်သွားတယ် ဆိုတဲ့ သတင်းအမှားတွေလည်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  19 March 2022 8:42 PM IST
  • ယူကရိန်းအလှမယ် စစ်တပ်ထဲ မဝင်ခဲ့ပါ

    ၎င်း သတင်းတွေဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ခန့်က စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး Miss Ukraine Anastasiia Lenna ရဲ့ သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံတစ်ပုံနဲ့ စတင်ပျံခဲ့တာဖြစ်ပါတယ်။အဆိုပါအကြောင်းအရာဟာ မြန်မာနိုင်ငံရော၊ နိုင်ငံတကာ သတင်းဌာနတွေအပြင် လူမှုကွန်ရက်တွေမှာပါပျံ့နှံ့ခဲ့ပါတယ်။ ။ မြန်မာနိုင်က ဖြန့်ဝေသူ တချို့ကတော့ "ယူကရိန်းအလှမယ် Anastasiia Lenna သည် ယူကရိန်းပြည်သူများကို ကယ်တင်ရန် အလှမယ်ဘဝကို စွန့်လွတ်ပြီး ယူကရိန်းစစ်တပ်ထဲသို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။ Anastasiia Lenna သည် ယူကရိန်းနိုင်ငံ၏ ကိုယ်စားပြုအနေဖြင့် Miss Grand International 2015 တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ယခုအခါမူ ယူကရိန်းပြည်သူများနှင့်တစ်သားတည်းရှိနေပြီး မိမိပြည်ကို ကာကွယ်ရန် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်" လို့ ရေးသားဖော်ပြပြီး ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    မူရင်း ရေးသားဖော်ပြမှုတွေကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားဟာ လူမှုကွန်ရက် သုံးစွဲတွေကြားမှာ လူပေါင်း သိန်း၊ သန်းချီအထိ ပျံနှံ့ခဲ့ပြီး Acc ပေါင်းများစွာ၊ Page ပေါင်းများစွာက ကူးယူဖော်ပြခဲ့ကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ယူကရိန်းအလှမယ် Miss Ukraine Anastasiia Lenna ဟာ တိုင်းပြည်ကို ကာကွယ်ဖို့ အလှမယ်ဘဝကို စွန့်လွတ်ပြီး ယူကရိန်း စစ်တပ်ထဲကို ဝင်ရောက်သွားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ယူကရိန်းအလှမယ်ဟောင်းဟာ သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သေနတ်ကိုင်ထားတဲ့ ဓါတ်ပုံတစ်ပုံ တင်းပြီ ၎င်းဓါတ်ပုံနဲ့အတူ "#standwithukraine" ဆိုတဲ့ စာကို ရေးတင်ခဲ့ပါတယ်။ လူမှုကွန်ယက် သုံးစွဲသူတွေနဲ့ သတင်းဌာနတချို့က ၎င်းဓါတ်ပုံကို ပြန်ယူပြီး ယူကရိန်း အလှမယ်ဟာ ယူကရိန်းစစ်တပ်ထဲကို ဝင်ရောက်သွားပြီလို့ ရေးသား ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။


    ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာဒီသတင်းအပေါ်တုံ့ပြန်ဖြေရှင်းခဲ့ပါတယ် "လက်ရှိအခြေအနေကြောင့် ပြောချင်တာလေးရှိပါတယ်။ ကျွန်မက စစ်သားတစ်ယောက် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်၊ သာမန်လူသား တစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာရှိတဲ့ တခြားပြည်သူတွေလို လူသားတစ်ယောက်သာ ဖြစ်ပါတယ်။ ကျွန်မက Airsoft ကစားသမား တစ်ဦးဖြစ်ပြီး ဒီကစားနည်းကို နှစ်ပေါင်းများစွာ ကစားလာတဲ့သူဖြစ်ပါတယ်။ Airsoft ရဲ့ အဓိပ္ပါယ်ကို Google မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ကျွန်မရဲ့ Profile မှာရှိတဲ့ ဓါတ်ပုံတွေဟာ လူတွေ နိုးကြွစေဖို့ အတွက်ပါပဲ။ တခြားပြည်သူ သန်းပေါင်းများစွာလို ကျွန်မမှာလည်း သာမန်ဘဝသာ ရှိပါတယ်။ ကျွန်မတို့ ယူကရိန်း အမျိုး သမီးတွေရဲ့ သန်မာပြီး၊ ယုံကြည်မှုအပြည့်ရှိကာ၊ အားအင်အပြည့်ရှိကြောင်း ပြသရုံမှတစ်ပါး ၎င်းဓါတ်ပုံတွေနဲ့ ဝါဒဖြန့်လိုစိတ် မရှိပါဘူး။ ကျွန်မတို့ နိုင်ငံကို အာရုံစိုက်ပြီး အားပေးကူညီနေတာတွေ၊ ယူကရိန်းပြည်သူအားလုံးက ရုရှားရဲ့ ရန်လိုမှုကို နေ့တိုင်း တိုက်ခိုက်နေတာတွေအတွက် ကျေးဇူးတင်ပါတယ်" လို့ ရေးသားထားပါတယ်။

    Miss Ukraine Anastasiia Lenna က သူမရဲ့ အင်စတာဂရမ်ပေါ် အသိပေး ရေးသားထားတဲ့ စာကို ဒီမှာ ဖတ်ပါ။


    Miss Ukraine Anastasiia Lenna တင်ထားတဲ့ ဓါတ်ပုံဟာ သူမ Airsoft ကစားစဉ်က ဓါတ်ပုံသာ ဖြစ်ပါတယ်။ Airsoft ဆိုတာ ကော်သီးကျည်ဆန်တွေ၊ ပင်ပေါင် ဘောလုံးတွေ အစရှိတဲ့တွေနဲ့ ထည့်ပစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် စစ်တိုက်တိုင်း ဆော့တဲ့ ကစားနည်း ဖြစ်ပါတယ်။

    သူမ ၂၀၂၁ ခုနှစ်ခန့်က Airsoft ကစားစဉ်က ဓါတ်ပုံကို ဒီ Link မှာ ကြည့်နိုင်ပါတယ်။



    Tags

    Miss UkraineMiss Anastasiia LennamilitaryRussia-Ukarine Warသတင်းအမှားယူကရိန်းအလှမယ်
    Read Full Article
    Claim :   ယူကရိန်းအလှမယ် Anastasiia Lenna က အလှမယ်ဘဝကို စွန့်လွတ်ပြီး ယူကရိန်းစစ်တပ်ထဲသို့ ဝင်ရောက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!