BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လိုင်ဇာကို...
သတင်းအတု

လိုင်ဇာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ KIA တပ်ရင်း ၁၂ ကျဆုံးသွားကာ လိုင်ဇာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 April 2022 10:05 PM IST
  • လိုင်ဇာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဧပြီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီကို ထောက်ခံအားပေနေတဲ့ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "ကချင်မှာတော့ ပွဲးကပီးဆုံးသလောက်ဖြစ်သွားပီ တမခ88နဲ့အတူ နမခသားတို့ရဲ့ စစ်ရေးကျွမ်ကျင့်မှူ့နဲ့ အတူ ကချင်တပ်ရင်း12ကျဆုံးသွားပါပီ လှိုင်ဇာကိုထိမ်းချုပ်နိုင်သလောက်ဖြစ်သွားပီ ဒီအတိုင်းဆို ကရင်နဲ့ ကချင် ဘယ်သူကအရင်အဆုံးသတ်မယ်ထင်လည်း ကချင်ကတော့ အလောင်းထပ်နေပီ တပ်ရင်း12အားသိမ်းပီးပါပီ" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားကာ ရေးသားသူ နေရာမှာ "အညတရစစ်သည် မောင်မောင်" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ရာနဲ့ချီရှိနေပြီး ထပ်ဆင့်ဝေမျှထားသူတွေ ကူးယူဖော်ပြနေသူတွေ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် KIA တပ်ရင်း ၁၂ ကျဆုံးကာ လိုင်ဇာကို စစ်ကောင်စီက ထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    KIA တပ်ရင်းတွေ ကျဆုံးတယ်ဆိုတဲ့ အကြောင်းအရာဟာ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း KIA တပ်ရင်း ၁၂ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားဖြန့်ခဲ့ဖူးပါတယ်။ အဆိုပါ သတင်းအမှားဖြန့်စဉ်တုန်းကလည်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ကြီးနော်ဘူက သတင်းအမှားဖြစ်တယ်လို့ သတင်းမီဒီယာတွေကို အတည်ပြုထားပါတယ်။

    ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီထောက်ခံသူတွေက KIA တပ်ရင်း ၉ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထပ်မံဖြန့်ခဲ့ပါသေးတယ်။ အခုလည်း KIA တပ်ရင်း ၁၂ ကျဆုံးတယ်ဆိုတဲ့ သတင်းကို နောက်တစ်ကြိမ်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ယခင် စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေခဲ့တဲ့ KIA တပ်ရင်း ၉ နဲ့ တပ်ရင်း ၁၂ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    လက်ရှိကချင်ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေကသာ အထိနာနေပြီး KIA က မည်သည့်တပ်ရင်းမှ ကျဆုံးခြင်းမရှိပါဘူး။ ဒါ့အပြင် ကချင်လူငယ်အများစုကလည်း စစ်ကောင်စီကို တွန်းလှန်ဖို့ KIA ထဲ ဝင်ရောက်တာတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်တာတွေကြောင့် ပိုမို အင်အားတောင့်တင်းနေပြီပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ၂၀၁၆ ဝန်းကျင်ခန့်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က KIA ရဲ့ ကာမိုင်းစခန်း သိမ်းခံရစဉ်က ဓါတ်ပုံတွေကို ယူပြီး ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ကာမိုင်း စခန်းသိမ်းခံရစဉ်က သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။



    Tags

    False newsKIALaizamilitaryCoupKIA တပ်ရင်း ၁၂လိုင်ဇာစစ်ကောင်စီသတင်းအတု
    Read Full Article
    Claim :   KIA တပ်ရင်း ၁၂ ကျဆုံးသွားကာ လိုင်ဇာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်တော့မယ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!