BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက...
      သတင်းအတု

      အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ သတင်းအမှား

      အဆိပ်ရှိမြွေ အကိုက်ခံရပါက အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေ ဝါးစားလိုက်ရုံနဲ့ မြွေဆိပ်ဖြေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  31 Aug 2023 12:01 PM IST
    • အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို ‘လက်တွေ့အသုံးချဆေးနည်းများ’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ် ၂၉ ရက်နေ့ ညပိုင်းက စတင် ဖြန့်ဝေထားတာဖြစ်ပြီး ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု သောင်းကျော်ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘ရုတ်တရက် မြွေကိုက်လို့ စိုးရိမ်စရာ မလိုတော့ကြောင်း၊ ဆေးဆရာတစ်ဦး ခရီးထွက်စဉ် မြွေကိုက်လူနာတစ်ဦးနဲ့ ဆုံတာကအစပြုပြီး အာတာလွတ်အပင်နဲ့ အာတာဥလွတ် ဝါးစားပြီး ပျောက်ကင်းအောင် ကုသခဲ့ကြောင်း၊ နောက်ထပ် လူနာတစ်ဦး ကိုတော့ အာတာလွတ်ဥ ထောင်းထားတဲ့ အရည်ကို နှာခေါင်းပိုက်ကတဆင့် အစာအိမ်ထဲရောက်အောင် ထည့်ပေးရာ ၁၅ မိနစ်အတွင်း ပျောက်ကင်းခဲ့တာဖြစ်ကြောင်း’ စတဲ့ အချက်အလက် အထောက်အထား မပါ ရေးသားကာ ဘယ်သူမှ အတည်ပြုချက် မရယူနိုင်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မြွေကိုက်ခံလူနာတွေ အနေနဲ့ အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေ ဝါးစားလိုက်ရုံနဲ့ မြွေဆိပ်ပြေနိုင်တယ်၊ ရောဂါပျောက်ကင်းတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက မြွေဆိပ်နဲ့ အခြားအဆိပ်တွေကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်မှု လုပ်ထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ မရှိသေးပါ။

      ကမ္ဘာတစ်ဝန်းမှာ မြွေ ကိုက်ရောဂါနဲ့ ပက်သက်ပြီး အာနိသင်အစွမ်းထက်ပါတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ပေါင်းများစွာကို စနစ်တကျ စမ်းသပ် သုတေသနပြုလုပ်တင်ပြချက်များစွာရှိကြောင်း၊ မြန်မာနိုင်ငံမှာလည်း မြွေကိုက်၊ မြွေဆိပ်သင့်ခြင်းကိုကာကွယ်နိုင်တယ်ဆိုပြီး လူအများ ပြောနေတဲ့ မြန်မာ့ဆေးဖက်ဝင် အပင်တွေများစွာရှိကြောင်း၊ သို့သော် မည်သည့် ဆေးဖက်ဝင်အပင်မျှ ဈေးကွက်တွင် တရားဝင်ခွင့်ပြု ရောင်းချနေခြင်း မရှိသေးကြောင်း၊ မည်သည့် ဆေးဝါးကုမ္ပဏီကမှလည်း စျေးကွက်မှာ တရားဝင်ထုတ်လုပ် ရောင်းချတာ ယနေ့အထိ မရှိသေးကြောင်း ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဝင်းအောင်ရဲ့ “မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးမှာ ရေးသားထားပါတယ်။


      ဆောင်းပါးထဲမှာ အဆိပ်ရှိမြွေ အကိုက်ခံရတိုင်းလည်း မြွေဆိပ်သင့်တာ မဟုတ်ကြောင်း၊ အဆိပ်ပမာဏ များစွာဝင်မှသာလျှင် မြွေဆိပ် တက်နိုင်ကြောင်း၊ အဆိပ်ရှိမြွေ အကိုက်ခံရမှုရဲ့ ၄၄ ရာခိုင်နှုန်းသာ အန္တရာယ်ပြုနိုင်လောက်တဲ့ မြွေဆိပ်ပမာဏဝင်ပြီး အသက် သေဆုံး နိုင်တာ ဖြစ်ကြောင်း၊ ဒါကြောင့် တချို့မြွေကိုက်ခံရမှုတွေမှာ မြွေဆိပ်ဖြေဆေးထိုးနှံမှု (သို့မဟုတ်) ဆေးမကုသပဲ အလိုအလျောက် ပြန်ကောင်းသွားတာ ဖြစ်ကြောင်း၊ သို့ပေမယ့် အဆိပ်ရှိမြွေ အကိုက်ခံရသူတွေမှာ မှန်ကန်ထိရောက်တဲ့ မြွေဆိပ်ဖြေဆေး အချိန်မီ သတ်မှတ် ပမာဏ မရရှိပါက ရာနှုန်းပြည့် အသက်အန္တရာယ် ကြုံတွေ့နိုင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

      ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ဆေးသုတေသန ဦးစီးဌာနမှာ မြွေဆိပ်သင့်ခြင်းအတွက် စနစ်တကျ သုတေသန ပြုလုပ်ထားတဲ့ ဆေးဖက်ဝင် အပင်တွေ ရှိပေမယ့် ဒီဆေးဖက်ဝင်အပင်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အဆိပ် ချေဖျက် နိုင်တဲ့ ဆေးပမာဏ အတိအကျကို ဖော်ထုတ်တင်ပြ နိုင်ခြင်း မရှိသေးကြောင်းနဲ့ မြွေဆိပ်သင့် လူနာတွေပေါ်မှာ အမှန်တကယ် အစွမ်း အာနိသင် ရှိ၊ မရှိ ဆိုတာတွေက စမ်းသပ်ပြီး သုတေသန ပြုလုပ်ဘို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

      ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားခဲ့တဲ့ ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သီဟိုဠ်ပင်ရဲ့ အခေါက်ကို ဝါးစားပါက မြွေဆိပ်ပျောက်မယ်၊ သခွပ်ပင်ကို ဝါးစားရင် မြွေဆိပ်ပြေတယ် နဲ့ အခုလည်း အာတာလွတ် အပင်နဲ့ ဥတွေကို ဝါးစားရင် မြွေဆိပ်ပြေတယ်လို့ ဖြန့်ဝေနေတာဟာ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ အိမ်နီးခြင်း အိန္ဒိယနိုင်ငံ၊ အာဖရိကနိုင်ငံတွေက ဆိုရှယ်မီဒီယာ အသုံးပြုသူကြားတွေမှာလည်း ဒီလိုပြောဆိုဖြန့်ဝေမှုတွေ ရှိနေတဲ့အတွက် လက်လှမ်းမီရာ သတင်းဌာနတွေအနေနဲ့ သတင်းဆန်းစစ်ချက် ပြုလုပ်နေရပါတယ်။


      အထက်ပါအကြောင်းအရာကတော့ သီဟိုဠ်ပင်ရဲ့ အခေါက်ကို ဝါးစားပါက မြွေဆိပ်ပျောက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အတွက် AFP သတင်းဌာက သတင်းဆန်းစစ်ထားတာဖြစ်ပါတယ်။ ဒီသတင်းထဲမှာလည်း မြေကိုက်ခံရပါက တိုင်းရင်းဆေး၊ ဆေးမီတိုတွေနဲ့ ကုသမနေပဲ မြွေဆိပ်ဖြေဆေးရှိတဲ့ ဆေးရုံကို အမြန်သွားရောက်သင့်တယ် ဆိုတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပေးချက်ကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Read Full Article
      Claim :   အာတာလွတ်ပင်နဲ့ အာတာလွတ်ဥတွေက မြွေဆိပ်ဖြေနိုင်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!