BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်းအတွင်း PDF ၁၄၅...
သတင်းအတု

စစ်ကိုင်းတိုင်းအတွင်း PDF ၁၄၅ ယောက်အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်းအတွင်း ဒေသစုံက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင် ၁၄၅ ယောက် တမနက်တည်း အလင်းဝင်တယ်လို့ ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  25 Feb 2022 4:14 PM IST
  • စစ်ကိုင်းတိုင်းအတွင်း PDF ၁၄၅ ယောက်အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

    စစ်ကောင်စီ ထောက်ခံအားပေးတဲ့ ဖေစ့်ဘွတ်အကောင့်တွေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး၊ မင်းတပ်၊ မုံရွာ၊ ချောင်းဦးနဲ့ အရာတော် ဒေသတွေဆီမှာ ပုန်းရှောင်နေတဲ့ GZ တွေ မနက် ၆ နာရီမှာ နီးစပ်ရာ စစ်ကောင်စီစခန်းတွေမှာ အလင်းဝင်ခဲ့တယ်လို့ ရေးသားထားတာပါ။

    "ကလေးမြို ၃၀၊ မင်းတပ် ၄၅၊ မုံရွာ ၂၀၊ ချောင်းဦး ၃၅၊ အရာတော် ၂၀ ပေါင်း ၁၄၅ ယောက် နယ်မြေ အသီးသီးတွင် လာရောက် အလင်းဝင်ကြပါတယ်။ အသေးစိတ်တော့ မသိရေသးပါ။" ဆိုပြီးလည်း ရေးသားထားပါသေးတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ အခုဖြန့်ဝေနေတဲ့ ပိုစ့်တွေနဲ့ ပုံစံတူလုပ်ကြံထားတဲ့ သတင်းအမှားကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစောပိုင်းက တစ်ခါ ဖြန့်ဝေခဲ့ပါသေးတယ်။ အဲ့အချိန် ဖြန့်ဝေမှုမှာလည်း အခုဖြန့်ဝေနေတဲ့ စာသားတွေအတိုင်း ရေးသားထားတာပါ။ အောက်ပါပုံကို ကြည့်ပါ။


    ပြီးခဲ့တဲ့နှစ်အတွင်းက ဖြန့်ဝေခဲ့မှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီထောက်ခံသူ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင်တွေ အလင်းဝင်တယ်ဆိုပြီး လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေကို မကြာခန ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားခဲ့ပါတယ်။


    BOOM ရဲ့ သတင်းဆန်းစစ်ထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    PDF membersSurrendered to the Militryစစ်ကောင်စီတပ်Military CoupMilitary Coup Myanmarmilitary councilfake newsPDFpeople
    Read Full Article
    Claim :   စစ်ကိုင်းတိုင်းအတွင်း PDF ၁၄၅ ယောက်အလင်းဝင်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!