PDF အဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း ၉၀ ကျော်က PDF တွေ တပ်မတော်ဆီမှာ လက်နက်တွေ အပ်နှံကာ အလင်းဝင်တယ်ဆိုပြီး လုပ်ကြံရေးသားကာ ဝါဒဖြန့်ဝေမှုတွေ ရှိနေပါတယ်။

ဒီလုပ်ကြံသတင်းကို U Han ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီ ၁၅ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ရေးသားဖြန့်ဝေရာမှာ "ငြိမ်းချမ်းမှူကို လိုလားတဲ့ pdf အဖွဲ့ဝင်တွေ တပ်မတော်ဆီမှာ လက်နက်တွေ လာရောက် အပ်နှံပြီး အလင်းဝင်နေကြောင်း၊ ပုံတွေမှာ ကျောက်ပြုတ်ရွာကတစ်ဆင့် ဆက်သွယ်ပြီးကလေး pdf တွေ လက်နက်အပ်နှံ ကြပုံဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း ၉၀ကျော်က pdf တွေ အလင်းဝင်ကြတာဖြစ်ကြောင်း" ရေးသားကာ စစ်ကောင်စီယူနီဖောင်း ဝတ်ဆင်ထားသူတစ်ဦးကို အသက် ၅၀ ဝန်းကျင်ခန့် ရှိသူတွေက လက်နက်တွေ ပေးအပ်နေပုံတွေကို တွဲပြီး ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

PDF တပ်ဖွဲ့တွေကို လူငယ်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် ဖြန့်ဝေနေတဲ့ ဓါတ်ပုံတွေထဲမှာ အသက်ကြီးပိုင်းတွေသာ မြင်တွေ့ရပါတယ်။

ဒီဖြန့်ဝေမှုဟာ တမင်ဆင်ရိုက်ထားတဲ့ ဓါတ်ပုံတွေအသုံးပြုထားတာဖြစ်ပြီး စစ်တပ်အနေနဲ့ ဝါဒဖြန့်နေတာသာ ဖြစ်တယ်လို့ Mizzima သတင်းဌာနကလည်း ဖော်ပြထားပါတယ်။


သတင်းထဲမှာ အလင်းဝင်တယ်လို့ စွပ်စွဲခံရတဲ့ ကလေး PDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက "ကလေး PDF မှာ ဒီလိုဖြစ်စဉ် လုံးဝမရှိကြောင်း၊ ကျောက်ပြုတ်ရွာဟာ စစ်ကောင်စီအခြေစိုက်တဲ့ ကျေးရွာသာဖြစ်တဲ့အတွက် ပုံထဲပါသူတွေဟာ ပျူစောထီး တွေသာဖြစ်နိုင်ကြောင်း၊ ပုံပါသေနတ်တွေဟာလည်း စစ်ကောင်စီ ဆင်ပေးထားတဲ့ လက်လုပ်သေနတ် အစုတ်တွေသာ ဖြစ်ကြောင်း၊ ပျံ့နှံ့နေတဲ့ ပုံတွေဟာ စစ်ကောင်စီအနေနဲ့ ဝါဒဖြန့်ဖို့ ကိုယ့်လူနဲ့ကို ဆင်ရိုက်ထားတာ ဖြစ်နိုင်ကြောင်း" ပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်း အခြေစိုက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒေသတွင်းမှာ PDF တွေ လက်နက်ချတယ်ဆိုတဲ့ ဖြစ်စဉ်မရှိကြောင်းနဲ့ စစ်ကောင်စီတပ်တွေ သိမ်းဆည်းမိထားတဲ့ လက်လုပ်သေနတ်တွေနဲ့ ဇာတ်လမ်းဆင်နေတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောထားတယ်လို့ ဖော်ပြထားပါတယ်။

Mizzima သတင်းဌာနမှာ ဖော်ပြထားချက်အရ စစ်ကိုင်းတိုင်းအတွင်းရှိ ကျောက်ပြုတ်ရွာသည် ပျူစောထီး တပ်ဖွဲ့များအဖြစ်ဖွဲ့စည်းထားတဲ့ ရွာဖြစ်ပြီး မခံနိုင်သည့် ကျေးရွာပြည်သူများလည်း ထွက်ပြေး စစ်ရှောင်နေတာ လနဲ့ချီကြာပြီဖြစ်ကြောင်း သိရပါတယ်။

သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim :   PDF များ တပ်မတော်ထဲ လက်နက်များ လာရောက် အပ်နှံ အလင်းဝင်နေကြသည်
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.