BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • QUAD အဖွဲ့နဲ့...
သတင်းအတု

QUAD အဖွဲ့နဲ့ မြန်မာ့ကမ်းခြေစောင့်တပ်ဖွဲ့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းအမှား

အမေရိကန် လေယာဉ်တင်သဘောၤ USS carl vinson ဦးဆောင်တဲ့ အဖွဲ့က မြန်မာ့ပင်လယ်ရေပိုင်နက်သို့ ကျုးကျော် ဝင်ရောက်လာတဲ့အတွက် မြန်မာကမ်းခြေစောင့် တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့အကြောင်းအရာတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေတာတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  27 Oct 2021 2:50 PM IST
  • QUAD အဖွဲ့နဲ့ မြန်မာ့ကမ်းခြေစောင့်တပ်ဖွဲ့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ကူးယူဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဒီလိုဖြန့်ဝေရာမှာ "USS carl vinson လေယာဉ်တင် သင်္ဘော ကြီးဦးဆောင်တဲ့ QUAD အဖွဲ့ဟာဘင်္ဂလားပင်လယ်အော်မှာ စစ်ရေးလေးကျင့်ရာကနေ မြန်မာ့ပင်လယ်ရေပိုင်နက်သို့ ကျုးကျော်ဝင်ရောက်လာသဖြင့် Myanmar coast guard နဲ့ ရင်ဆိုင်တွေ့မှု့ဖြစ်ပွားခဲ့ကြောင်း၊ ကိုကိုးကျွန်းရေတပ်ရှိ ရေကြောင်းကာကွယ်ရေးမှ missiles ဒုံး 21 လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ 11 လုံးက ပစ်မှတ်ကို ထိရောက်ပျက်စီးစေခဲ့ကြောင်း၊ ပင်လယ်ပြင် ရင်ဆိုင်တိုက်ပွဲမှာ တော်ပီဒို 32 လုံးပစ်ခတ်ရာ 28 လုံးဟာ ရန်သူ့ ရေငုပ် သင်္ဘောနဲ့ ဖျက်သင်္ဘော အချို့ကို နစ်မြှုပ်ဖျက်စီးကြောင်း၊ မင်္ဂလာဒုံ လေတပ်မှ Sukhoi -30 နဲ့ Sukhoi -35 တိုက်လေယာဉ်တွေက Sukhoi -30 လေးစီး ထိခိုက်ပျက်စီးခဲ့ပြီး Quad ဖက်မှ F -15 EX fighter 23စီးကိုပစ်ခတ် ဖျက်စီးနိုင်ခဲ့ကြောင်း" ရေးသားထားတာပါ။

    ရေးသားထားမှုရဲ့ အောက်ဆုံးမှာတော့ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးပေါင်းနဲ့ "(Bawmalaytway pyawsayphot)" ဆိုပြီး နောက်ပြောင် ရေးသားထားတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုဟာ အထက်မှာ ရေးသားခဲ့တဲ့အတိုင်း " (Bawmalaytway pyawsayphot)" ဆိုပြီး စစ်တပ်ထောက်ခံတဲ့ "2021တပ်မတော်အစိုးရ ထောက်ခံသူများ ဆုံစည်းရာ" ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ နောက်ပြောင် ရေးသားထားတဲ့ ပိုစ့်တစ်ခုသာ ဖြစ်ပါတယ်။

    အမေရိကန်ရေတပ်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ဖြစ်စဉ်ဟာ အမှန်တကယ်မရှိခဲ့သလို ဒီလိုအခြေအနေနဲ့ပတ်သက်တဲ့သတင်းတစုံတရာလည်း ဒီရက်ပိုင်းထဲမှာ ရှိမနေခဲ့ပါဘူး။

    ရက်ပိုင်းအတွင်း စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ ဂရုတွေမှာ ဒီအကြောင်းအရာနဲ့ အလားတူတဲ့ နောက်ပြောင်ရေးသားထားတဲ့ သတင်းတွေကို BOOM က သတင်းဆန်းစစ်ထားခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ အောက်က လင့်တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    နယ်ပေါင်းစုံက PDF တပ်ဖွဲ့ဝင်တွေ လက်နက်အပ်နှံတယ်ဆိုတဲ့ သတင်းအမှား၊

    ဒေါ်စု ခြံဝင်းအတွင်း ဥမင်ရှိတယ်ဆိုတဲ့ သတင်းအမှား နဲ့

    ဝါကန်ဒါဘုရင်ကြီးက စစ်တပ်ကို ထောက်ခံသတဲ့လား

    Tags

    USS carl vinsonအမေရိကန် လေယာဉ်တင်သဘောၤမြန်မာကမ်းခြေစောင့် တပ်ဖွဲ့Myanmar coast guardကိုကိုးကျွန်းရေတပ်မင်္ဂလာဒုံ လေတပ်Sukhoi -30Sukhoi -35F -15 EX fighterFakenewsMilitary Coupmilitary council
    Read Full Article
    Claim :   အမေရိကန် လေယာဉ်တင်သဘောၤ USS carl vinson ဦးဆောင်တဲ့ အဖွဲ့က မြန်မာ့ပင်လယ်ရေပိုင်နက်သို့ ကျုးကျော် ဝင်ရောက်လာတဲ့အတွက် မြန်မာကမ်းခြေစောင့် တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတယ်လို့ လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!