BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်စု ခြံဝင်းအတွင်း...
သတင်းအတု

ဒေါ်စု ခြံဝင်းအတွင်း ဥမင်ရှိတယ်ဆိုတဲ့ သတင်းအမှား

သတင်းအမှားတွေဟာ တစ်ခါတလေမှာ နောက်ပြောင်ဖန်တီးတဲ့သတင်းတွေအဖြစ်နဲ့လူထုကြားထဲပျံ့နှံ့လေ့ရှိပါတယ်။ ဒီရက်ပိုင်းထဲမှာပဲဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းကနေ US area 51 ကို တိုက်ရိုက်တူးဖောက်ထားတဲ့ မြေအောက်ဥမင်လမ်းတွေ့တယ်ဆိုတဲ့အကြောင်းအရာကို နောက်ပြောင်ဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခုလည်းပျံ့နှံ့ခဲ့ပါသေးတယ်။

By - Boom Live Myanmar |
Published -  19 Oct 2021 7:33 AM IST
  • ဒေါ်စု ခြံဝင်းအတွင်း ဥမင်ရှိတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားဖြန့်ဝေမှုဟာ စစ်တပ် ထောက်ခံသူတွေကို လှောင်ပြောင်ဖို့ ရည်ရွယ်ပြီး သတင်းမှားဖန်တီးဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို "2021တပ်မတော်အစိုးရ ထောက်ခံသူများ ဆုံစည်းရာ" ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူနဲ့ ထပ်ဆင့်ဖြန့်ဝေနေသူ ငါးထောင်နီးပါး ရှိနေပြီး တခြားအကောင့်တွေမှာလည်း ကူးယူဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

    မူရင်းဖြန့်ဝေမှုတွေကိုတော့ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုပါတယ်။

    ဥမင်လှိုဏ်ခေါင်း ပုံနှစ်ပုံကို အသုံးပြုရေးသားထားတဲ့ ဒီအကြောင်းအရာမှာ "ဒေါ်စုကြည်နေအိမ်ခြံဝင်းအတွင်းမှ US area 51 သို့ တိုက်ရိုက် တူးဖောက်ထားသော မြေအောက်ဥမင်လမ်းအားတွေ့ရှိကြောင်း၊ ဥမင်လမ်းကို ရေဒါနှင့်ဖမ်းမရအောင် တည်ဆောက်ထားပြီး အမေရိကန်နိုင်ငံသား Lux Luther ရဲ့ အကူအညီရယူထားကြောင်း၊ Bermuda Triangle သို့သွားသော လမ်းကြောင်းများ တွေ့ရှိရကြောင်း၊ ဒေါ်စုကြည်၏ အစီအစဉ်မှာ အမျိုးဘာသာသာသနာကို ဖျောက်ဖျက်ရုံမကပဲ ပြည်ဖျက်စီမံကိန်းတွေ ချမှတ် ထားကြောင်းနဲ့ အမေရိကန်နိုင်ငံ Stark Industry ရဲ့ နည်းပညာအကူအညီတွေ Wakanda မှ ကုန်ကြမ်းတွေနဲ့ Ultron ရဲ့ စစ်တပ်ကိုပါ အကူအညီတောင်းထားကြောင်း" စတဲ့ အကျိုးအကြောင်းမညီညွတ်တဲ့ အချက်တွေကို ထည့်သွင်းဖန်တီးပြီးနောက်ပြောင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရှု့တတ်သူတွေအဖို့ ရေးသားချက်တွေကို မြင်ရုံနဲ့ နောက်ပြောင်ရေးသားထားတယ်ဆိုတာ သိနိုင်မှာ ဖြစ်ပေမယ့် ဖြန့်ဝေနေမှုတွေမှာတော့ တခြားတဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာလှိုဏ်ခေါင်းတွေရှိတယ်ဆိုတဲ့အချက်ကို အမှန်တကယ်ယုံမှားသံသယဖြစ်မှုတွေလည်းရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း "မြန်မာ့တပ်မတော်နဲ့ အတူရပ်တည်မယ်လို့ ဝါကန်ဒါနိုင်ငံဘုရင်ကြီး မိန့်ကြား" ဆိုတဲ့ နောက်ပြောင်ဖြန့်ဝေမှုကို BOOM က သတင်းဆန်းစစ်ခဲ့ပါသေးတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေတဲ့ ဒီသတင်းမှာတော့ ဘာမြူဒါတြိဂံ ကို သွားတဲ့ လမ်းကြောင်းတွေ့ရှိ၊ Wakanda မှ ကုန်ကြမ်းတွေနဲ့ Ultron ရဲ့ စစ်တပ်ကို အကူအညီတောင်း ဆိုတာတွေကို ကြည့်ရင် ဒါဟာနောက်ပြောင်ရေးသားထားတယ်ဆိုတာ သိနိုင်ပါတယ်။

    ဖြန့်ဝေရာမှာ အသုံးပြုတဲ့ ပုံတွေကတော့ ပီရူးနိုင်ငံ Miguel Castro အကျဉ်းထောင်အနီးတစ်ဝိုက်မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းကတွေ့ရှိခဲ့တဲ့ ပေ ၅၉၀ ရှည်တဲ့ လှိုင်ခေါင်းပုံနဲ့ ၂၀၁၅ ခုနှစ်က မက္ကဆီကို အကျဉ်းထောင်ကနေ လှိုဏ်ခေါင်းတူးပြီး လွတ်မြောက်ခဲ့တဲ့ Sinaloa မူးယစ်ဂိုဏ်းခေါင်းဆောင် El Chapo အသုံးပြုခဲ့တဲ့ လှိုဏ်ခေါင်းပုံတွေပဲ ဖြစ်ပါတယ်။


    ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    590 Foot TunnelPeru PrisonEl ChapoUS area 51မြေအောက်ဥမင်ဒေါ်အောင်ဆန်းစုကြည်ဘာမြူဒါတြိဂံWakandaUltronMiguel Castro အကျဉ်းထောင်Sinaloa မူးယစ်ဂိုဏ်းမက္ကဆီကို အကျဉ်းထောင်Fakenews
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း US area 51 ကို တိုက်ရိုက်တူးဖောက်ထားတဲ့ မြေအောက်ဥမင်လမ်းတွေ့ရှိတယ်ဆိုတဲ့အကြောင်းအရာဟာ နောက်ပြောင်ဖြန့်ဝေထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!