BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အိန္ဒြာကျော်ဇင်ရဲ့ live အဟောင်းနဲ့...
      သတင်းအတု

      အိန္ဒြာကျော်ဇင်ရဲ့ live အဟောင်းနဲ့ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်

      သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဖေစ့်ဘွတ် live မှာ နံပါတ်ခန့်မှန်းခိုင်းပြီး ထပ်ဆင့်ဖြန့်ဝေပေးသူတွေကို အိုင်ဖုန်းနဲ့ ငွေသားတွေ လက်ဆောင်ပေးမယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်အတုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  28 Nov 2023 7:26 AM IST
    • အိန္ဒြာကျော်ဇင်ရဲ့ live အဟောင်းနဲ့ လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်

      ဒီအကြောင်းအရာကို Eᴀᴀɪɴᴅʀᴀ-Kʏᴀᴀᴡ-Zɪɴɴ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ၂၇ ရက် နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ၅ နာရီအတွင်း ပြန်လည်ဖြန့်ဝေမှုပေါင်း နှစ်ထောင်ကျော်နဲ့ ပိုစ့်အောက်မှာ မှတ်ချက်ပေးမှုပေါင်း ခြောက်ထောင်ကျော် ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေစ့်ဘွတ် live တစ်ခုကို အသုံးပြုပြီး ‘ပုံထဲက နံပါတ်ကို မှန်မှန်ကန်ကန် ခန့်မှန်းသူ 350 က $10,000 နဲ့ iPhone 14 15 pro max ကို ရရှိမှာဖြစ်ပါတယ်’ လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင် လိမ်ညာရေးသားထားတဲ့ ဖေစ့်ဘွတ် live ဖြစ်တာတွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့် မဟုတ်သလို ပေချ့်ဖွင့်ထားတာ နှစ်လခန့်သာ ရှိသေးတာ တွေ့ရပါတယ်။

      ဒီလို လိမ်လည်ဖြန့်ဝေခိုင်းမှုနဲ့ ပုံစံတူကို ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ပြုလုပ်ခဲ့တဲ့အတွက် BOOM က သတင်းဆန်းစစ် ခဲ့ပါသေးတယ်။


      အဆိုပါအချိန်ကလည်း ဖုန်းပေးမယ်၊ ငွေသားပေးမယ်ဆိုပြီး လိမ်လည်ဖြန့်ဝေခိုင်းခဲ့ပါသေးတယ်။

      သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတ်။

      အခုဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ် live ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က လွှင့်ခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုကို ပြန်လည် ကူးယူဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။ မူရင်း live ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာချိန်မှာ တခြားစီးပွားရေး တခုခုပြုလုပ်ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

      အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

      Tags

      donationiphonesGive awayFake donationကံစမ်းမဲအတုFake Facebook livefake lucky drawActorActress
      Read Full Article
      Claim :   အိန္ဒြာကျော်ဇင်ရဲ့ live ထဲက နံပါတ် ခန့်မှန်းနိုင်သူ ဖုန်းပေးမယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!