BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်...
သတင်းအတု

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဖေစ့်ဘွတ် တိုက်ရိုက်လွှင့်ပြီး ဖုန်းတွေ လှူဒါန်းတယ်ဆိုတာ မဟုတ်ပါ

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဖေစ့်ဘွတ် live လွှင့်ပြီး ကံစမ်းမဲအဖြစ် iPhone 14 တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖြန့်ဝေ ခိုင်းနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2023 4:42 PM IST
  • ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဖေစ့်ဘွတ် တိုက်ရိုက်လွှင့်ပြီး ဖုန်းတွေ လှူဒါန်းတယ်ဆိုတာ မဟုတ်ပါ

    ဒီအကြောင်းအရာကို 𝐄𝐚𝐢𝐢𝐧𝐝𝐫𝐚_𝐊𝐲𝐚𝐚𝐰_𝐙𝐢𝐧- ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ပြန်လည်ဖြန့်ဝေမှုပေါင်း သုံးထောင်ကျော်နဲ့ ပိုစ့်အောက်မှာ မှတ်ချက်ပေးမှုပေါင်း တစ်သောင်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေစ့်ဘွတ် live တစ်ခုကို အသုံးပြုပြီး ‘ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 14 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီမှာ စာရင်းပေးသွင်းပါ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင် လိမ်ညာရေးသားထားတဲ့ ဖေစ့်ဘွတ် live ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့် မဟုတ်သလို ပေချ့်ဖွင့်ထားတာ တစ်ရက်သာ ရှိသေးတာ တွေ့ရပါတယ်။

    ပိုစ့်အောက်မှာ မှတ်ချက်ပေးသူတွေကို အလိုအလျောက်ပြန်လည် ဖြေကြားတဲ့ မှတ်ချက်မှာလည်း ‘ကျွန်ုပ်၏တိုက်ရိုက်ထုတ်လွှင့်မှုကို Facebook အဖွဲ့ 15-25 ခုတွင် မျှဝေပါ၊ 10 ​​မိနစ်ကြာ ကြည့်ရှုပြီး ဆုမကုန်မီ ယခုပင် ရယူလိုက်ပါ။ ကျေးဇူးတင်ပါတယ်’ လို့ ရေးသားထားပါတယ်။

    ဒါဟာ ဆိုရှယ်မီဒီယာတွေပေါ်က လိမ်နည်း တမျိုးဖြစ်ပြီး ပေချ့် follower များလာချိန်မှာ တခြားစီးပွားရေး တခုခုပြုလုပ်ခြင်း (သို့) တခြားသူတစ်ဦးကို ပြန်လည်ရောင်းချခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ် live ဟာ ၂၀၂၀ ခုနှစ်လောက်က လွှင့်ခဲ့တဲ့ ဗွီဒီယိုကို ပြန်လည် ကူးယူဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။

    ဖေစ့်ဘွတ် live ထဲမှာ ကတုံးဆံပင်နဲ့ သရုပ်ဆောင် ပြေတီဦးကို တွေ့ရမှာပါ။ ဒီ ဖေစ့်ဘွတ် live ကို All in One Entertainment ဆိုတဲ့ Youtuber ချန်နယ်မှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၈ ရက်က တင်ထားတာလည်း ရှိပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာ ဖေစ့်ဘွတ်ပေချ့် like များအောင်နဲ့ follower တိုးအောင် လိမ်ညာထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    donate iphonesFake donationကံစမ်းမဲအတုFake Facebook livefake lucky drawActorActress
    Read Full Article
    Claim :   ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဖေစ့်ဘွတ် live လွှင့်ပြီး ကံစမ်းမဲအဖြစ် iPhone 14 တွေ ပေးမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!