BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဥကရစ်ထတိုက်ပွဲမှာ အပေါ် NUG...
သတင်းအတု

ဥကရစ်ထတိုက်ပွဲမှာ အပေါ် NUG နာမည်နဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

ဥကရစ်ထ တိုက်ပွဲမှာ KNU နဲ့ PDF တွေကို အားရမှု မရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက် အတုတစ်စောင်ဒီရက်ပိုင်းထဲထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  7 July 2022 6:46 PM IST
  • ဥကရစ်ထတိုက်ပွဲမှာ အပေါ် NUG နာမည်နဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

    အဆိုပါ ကြေညာချက်အတုဟာ ဇွန်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်းကြေညာချက်အတုထဲမှာ KNU နဲ့ ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိတဲ့အတွက် အားရမှု မရှိကြောင်း၊ ၅ ရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁၅ ဦး ကျဆုံး ခဲ့ရပြီး ၂၇၄ ဦး ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့အတွက် ၎င်းတို့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သောင်း ထောက်ပံ့မည်ဖြစ်ပြီး နီးစပ်ရာ NUG ရုံးတွေမှာထုတ်ယူနိုင်တယ်လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ ကြေညာချက်အတု ဖေ့စ်ဘွတ်အကောင့်တုတွေ ၊ Page အတုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဥကရစ်ထတိုက်ပွဲမှာ KNU နဲ့ ပူးပေါင်း PDF တွေက စစ်ကောင်စီရဲ့ စခန်းကို သိမ်းယူနိုင်ခြင်း မရှိတဲ့အတွက် အားရမှု မရှိဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးနာမည်သုံးပြီးဖြန့်ထားတဲ့ ကြေညာချက်အတုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး NUG က ထုတ်ပြန်ကြေညာထားခြင်း မရှိသလို မည်သည့် သတင်းဌာနကိုမှာ အင်တာဗျူးဖြေထားခြင်း ပြောဆိုထားခြင်း လည်းမရှိပါဘူး။ ဒီကြေညာချက်ဟာ NUG နာမည်သုံးပြီး Photoshop နဲ့ ဖန်တီးထားတဲ့ ကြေညာချက်အတုသာ ဖြစ်ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်တွေကို ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Ministry of Defence - National Unity Government of Myanmar မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီကြေညာချက်အတု မဖြန့်ဝေခင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကလည်း အခုလိုမျိုး NUG ကာကွယ်ရေးဝန်ကြီးဌာန နာမည်သုံးပြီး PDF တွေထဲမှာ ဒလန်တွေရှိတယ်လို့ ဖြန့်ခဲ့ကြပါတယ်။ ပထမ ထွက်ပေါ်ခဲ့တဲ့ NUG နာမည်သုံးပြီး ဖြန့်ထားတဲ့ သတင်းအတုအကြောင်းကို အောက်ပါ link မှာ ဖတ်ပါ။

    NUG တံဆိပ်နဲ့ ကြေညာချက်အတု


    ဒီကြေညာချက်အတုထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁၅ ဦး ကျဆုံးပြီး ၂၇၄ ဦး ဆေးရုံတက်ရောက် ကုသနေရတယ်လို့ ဖြန့်ဝေထားပေမယ့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ၈ ဦးသာ ကျဆုံးခဲ့တာပဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ကာ စစ်ကူလာတဲ့ ကားကလည်း အယောက် ၂၀ ခန့် သေဆုံးခဲ့ပါသေးတယ်။ တိုက်ပွဲအတွင်း အထိအခိုက် ကျဆုံးသတင်းကို ဒီမှာ ဖတ်ပါ။

    ဒါ့အပြင် Cobra စစ်ကြောင်းကလည်း စစ်ကောင်စီတပ်တွေ အထိအခိုက် အကျအဆုံးများခဲ့ကြောင်း အထောက်အထားတွေပါဝင်တဲ့ Drone နဲ့ ရိုက်ကူးထားတဲ့ Video တစ်ပုဒ်ကို ဒီကနေ့ ဇွန်လ ၄ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်မှာ ထုတ်ပြန်ထားပါတယ်။ Cobra Column က ထုတ်ပြန်ထားတဲ့ Video ကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်တဲ့ ပေ့ချ်တွေ၊ Account တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ ဝါဒဖြန့် သတင်းအတုတွေကို မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။


    Tags

    fake statementministry of defenseNUGMilitaryCoupPDFKNUကြေညာချက်အတုဥကရစ်ထတိုက်ပွဲ
    Read Full Article
    Claim :   ဥကရစ်ထ တိုက်ပွဲမှာ KNU နဲ့ PDF တွေကို အားရမှုမရှိဘူးလို့ NUG နာမည်နဲ့ ထုတ်ပြန်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!