BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG တံဆိပ်နဲ့ ကြေညာချက်အတု
သတင်းအတု

NUG တံဆိပ်နဲ့ ကြေညာချက်အတု

PDF အချင်းချင်းကြား သွေးကွဲစေဖို့ ရည်ရွယ်တဲ့ ကြေငြာချက်အတုတစ်စောင် ယခုရက်ပိုင်းထဲပေါ်ထွက်လာခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးနာမည်သုံးပြီ ဖြန့်ဝေနေတဲ့ အဲ့ဒီစာထဲမှာ PDF တွေထဲ သူလျှိုတွေရှိနေတယ်လို့ ရေးသားမှုတွေပါဝင်ပါတယ်။

By - Boom Live Myanmar |
Published -  30 Jun 2022 9:32 AM IST
  • NUG တံဆိပ်နဲ့ ကြေညာချက်အတု

    အဆိုပါ ကြေညာချက်အတုဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တံဆိပ်နဲ့ ၎င်းတို့ထုတ်ပြန်နေကြ ပုံစံ ပြုလုပ်ပြီး တယ်လီဂရမ်ချန်နယ်တွေကနေ ဖေ့စ်ဘွတ်ပေါ် ဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။ ၎င်း ကြေညာချက်အတုကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကြေညာချက်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဖွဲ့စည်းခဲ့တာ ၁ နှစ်ကျော်ရှိခဲ့ပြီး အားလုံးကို ဦးညွတ်အလေးပြုကြောင်း၊ ဇွန်လ ၂၂ ရက်နေ့ ပွင့်ဖြူမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် များစွာ စိတ်မကောင်း ဖြစ်ရပြီး လက်နက်များစွာလည်း ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်အတွင်းမှာ သူလျှိုများစွာ စိမ့်ဝင်နေကြောင်း၊ ၎င်းသူလျှိုတွေကို သေချာစိစစ်ဖော်ထုတ်မှသာ တော်လှန်ရေးကြီး အောင်မြင်နိုင်မှာ ဖြစ်ကြောင်း၊ PDF တွေကို မယုံကြည်သော ဒေသခံများနဲ့ ပျူစောထီးတွေကို သေချာစောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ ကြေညာချက်အတုကို ဖေ့စ်ဘွတ်အကောင့်တုတွေ Page အတုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေးတပ် PDF တွေထဲမှာ သူလျှိုတွေ ရှိနေပြီး စိစစ်ဖော်ထုတ်ရမယ်လို့ NUG နာမည်သုံးပြီး ဖြန့်ထားတာ ကြေညာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ ကြေညာချက်အတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီကြေညာချက်ဟာ NUG ထုတ်ပြန်ထားတာ မဟုတ်သလို NUG အနေနဲ့လည်း သတင်းဌာနတွေမှာပါ တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိပါဘူး။ NUG က ၎င်းတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေ ပြုလုပ်ရင် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွေကနေသာထုတ်ပြန်လေ့ရှိပါတယ်။

    ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ ဖေ့စ်ဘွတ်ကတင်ထားတဲ့ အကြောင်းအရာတွေထဲမှာ တစ်နေ့တာ စစ်ရေးသတင်းအကျဉ်းချုပ်ကလွဲပြီး တစ်ခြား မည်သည့်အရာမှာ ထုတ်ပြန်ဖော်ပြထားခြင်း မရှိပါဘူး။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ ထုတ်ပြန်တဲ့ အကြောင်းအရာတွေကို တရာဝင်ဖေ့စ်ဘွတ် စာမျက်နှာဖြစ်တဲ့ Ministry of Defence - National Unity Government of Myanmar မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။


    ဒါ့အပြင် NUG အစိုးရရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ PVTV မှာ ဒီကြေညာချက်ဟာ NUG က ထုတ်ပြန်ထားတာ မဟုတ်ဘဲ စစ်ကောင်စီထောက်ခံသူ လော်ဘီတွေက ဖြန့်ဝေထားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီကြေညာချက်နဲ့ ပတ်သက်ပြီး PVTV က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။





    Tags

    Fake statementNUGMinistry of DefenseSpyPDFsMilitaryCoupသတင်းအတုစစ်ကောင်စီပြည်သူ့ကာကွယ်ရေးတပ်သူလျှိုကြေညာချက်အတု
    Read Full Article
    Claim :   PDF တွေထဲမှာ သူလျှိုတွေရှိတယ်လို့ NUG ထုတ်ပြန်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!