BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဦးဖြိုးမင်းသိန်းရဲ့...
      သတင်းအတု

      ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို အပြစ်ပေးမယ်ဆိုတဲ့စာအတု

      ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နာမည်တွေအသုံးပြုပြီး သွေးထိုးလှုံ့ဆော်ထားတဲ့ ကြေညာချက်အတုတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပြီး ဒီရက်ပိုင်းထဲမှာပဲ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်လို့ PDF တွေကြေငြာတယ်ဆိုတဲ့စာအတုတစ်စောင်အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  11 Oct 2021 9:29 PM IST
    • ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို အပြစ်ပေးမယ်ဆိုတဲ့စာအတု

      ဒီရက်ပိုင်းအတွင်းမှာ ရန်ကုန် PDF နာမည်သုံးပြီး "စစ်ကောင်စီ အလိုတော်ရိ ဖြိုးမင်းသိန်းအား သတိပေးခြင်း" လို့ ခေါင်းစဉ်တပ်ထားတဲ့ (၃၁/၂၀၂၁) ဆိုတဲ့ ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပါတယ်။

      အဆိုပါ ကြေညာချက်ထဲမှာ အာဏာရှင်နဲ့ ပူးပေါင်းသူတွေ၊ အာဏာရှင်အကြိုက် လိုက်လျောသူတွေကို အပြစ်ပေးမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေအပေါ် စစ်ကောင်စီဘက်က ရပ်တည်က လာရောက်သက်သေထွက်ဆိုသည့်အတွက် အံအားသင့်ကာ စက်ဆုပ်ရွံရှာမိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က လဘ်စားခဲ့ရင်တောင် ပါတီအပေါ် သစ္စာစောင့်သိကာ နှုတ်ဆိတ်နေရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီအလိုတော်အတိုင်း တရားရုံးမှာ သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းရဲ့ မိသားစုဝင်တွေကို ထိရောက်ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ ကြေညာချက်ကို Yangon PDF နာမည်ခံထားတဲ့ ပေ့ချ်အတုနဲ့ လှည်းကူး PDF နာမည်ခံထားတဲ့ ပေ့ချ်အတုတွေက စတင်ဖြန့်ဝေခဲ့ကြပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေကလည်း ဆက်လက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      ရန်ကုန် PDF နာမည်သုံးပြီး ဦးဖြိုးမင်းသိန်း မိသားစုတွေကို ထိရောက်ပြတ်သားစွာ အရေးယူသွားမယ်ဆိုတဲ့ အကြောင်းအရာဟာ ရန်ကုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နာမည်သုံးပြီး ဖြန့်ထားတဲ့ ကြေညာချက်အတုသာ ဖြစ်တာ တွေ့ရပါတယ်။

      အဆိုပါ ရန်ကုန် PDF နာမည်သုံးပြီး ကြေညာချက်အတုတွေ ဖြန့်တဲ့အဖွဲ့ဟာ ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ ကြေညာချက်အတုတစ်စောင် ဖြန့်ဝေခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ ကြေညာချက်အကြောင်း Boom က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။

      Yangon PDF နာမည်သုံးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ထားတဲ့ စာအတု

      ဒီကြေညာချက်နဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ TV Channel လိုင်းဖြစ်တဲ့ Public Voice Television က အဆိုပါ ထုတ်ပြန်ချက်အကြောင်း စုံစမ်းစစ်ဆေးပြီး ထုတ်ပြန်ချက် အတုဖြစ်တယ်လို့ "သတင်းလား၊ ဂျင်းလား" အစီအစဉ်မှာ ဖော်ပြထားပါတယ်။

      Public Voice Television က ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သတင်းအမှားဖြစ်ကြောင်း ပြောဆိုထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


      Tags

      fake statementPhyo Min TheinYangon PDFCoupMilitaryကြေညာချက်အတုဦးဖြိုးမင်းသိန်းစစ်ကောင်စီပြည်သူ့ကာကွယ်ရေးတပ်သတင်းအမှား
      Read Full Article
      Claim :   ရန်ကုန် PDF နာမည်သုံးပြီး ဦးဖြိုးမင်းသိန်း မိသားစုတွေကို ထိရောက်ပြတ်သားစွာ အရေးယူသွားမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!