BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံရေးလှုပ်ခတ်ဖို့...
သတင်းအတု

နိုင်ငံရေးလှုပ်ခတ်ဖို့ သတင်းအမှားတွေပြန်လည်ဖြန့်ဝေနေတဲ့ မီဒီယာအမည်ခံပေ့ချ်

မီဒီယာအမည်ခံပြီး နိုင်ငံရေးလှုပ်ခတ်စေမယ့် အကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိရေးသားဖြန့်ဝေနေတဲ့ Forwardmediagroup အမည်ရှိ ဖေ့စ်ဘွတ်Page ဟာ ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တပတ်အလိုမှာ သတင်းအမှားတွေနဲ့တကျော့ပြန်လှုံ့ဆော်မှုတွေထပ်မံပြုလုပ်လာပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2020 10:03 AM IST
  • နိုင်ငံရေးလှုပ်ခတ်ဖို့ သတင်းအမှားတွေပြန်လည်ဖြန့်ဝေနေတဲ့ မီဒီယာအမည်ခံပေ့ချ်

    ဒီ page ဟာ ရွေးကောက်ပွဲအကြို အစောပိုင်းကာလမှာကတည်းက နိုင်ငံတော်အကြီးအကဲတွေအပါအဝင် နိုင်ငံရေးနယ်ပယ်ကထင်ရှားသူတွေကြားမှာ သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ အမြဲတစေဖြန့်ဝေနေတာကြောင့် Facebook Team က အဆိုပါ Page ကို ဖြုတ်ချခဲ့ပြီးဖြစ်ပေမယ့် အခုရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ပေ့ချ်အသစ်တစ်ခုစတင်ပြီး သတင်းအမှားတွေပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖျက်ခံလိုက်ရတဲ့ Page အတု

    အဲ့ဒီနာမည်နဲ့ ပထမ ပေ့ချ်ဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သတင်းအမှားပေါင်း ၆၀ ကျော် တင်ခဲ့ပါတယ်။

    ၎င်း သတင်းအမှားတွေထဲမှာ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ရန်တိုက်ပေးတဲ့ သတင်းအမှားမျိုးလည်း တင်ခဲ့ဖူးသလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှားမျိုးလည်း တင်ခဲ့ဖူးပါတယ်။

    ဒါ့အပြင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက NLD ပါတီအပေါ် ပုတ်ခတ်ပြောဆိုထားတယ်ဆိုတဲ့ သတင်းအမှားမျိုးကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ Page ကပဲ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကိုရိုနာရောဂါပိုး တွေ့ရှိတယ်ဆိုတဲ့ သတင်းအမှားကို ထပ်ဖြန့်ခဲ့ပါတယ်။

    ၎င်း ပေ့ချ်ဟာ သတင်းအမှားပေါင်း များစွာကို တင်ခဲ့အတွက် ၂၀၂၀ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်းမှာ အဆိုပါ Page ကို Facebook Team က ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အတည်ပြုပြောဆိုထားပါတယ်။

    အဆိုပါ Page မှာတင်ခဲ့တဲ့ သတင်းအမှားတချို့ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    အသစ်ထပ်ဖွင့်ထားတဲ့ Page အတု

    ပထမ Page ဖျက်ခံရပြီး နောက် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဒုတိယ Page ထပ်မံထွက်ပေါ်လာပါတယ်။ ဒုတိယ ပေ့ချ်လည်း ပထမ ပေ့ချ်မှာ တင်ခဲ့တဲ့ ပုံစံအတိုင်း သတင်းအမှားတွေ ဆက်တိုက်တင်နေတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ အဆိုပါ Page ဟာ ပထမဆုံး သတင်းအမှားကို တင်ခဲ့ပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ Facebook ကို မြန်မာငွေ သိန်း ၂၀၀၀ (အမေရိကန်ဒေါ်လာ ၁၅ သန်း) ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒုတိယ သတင်းအမှားအနေနဲ့ (၈၈) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် နာမည် အသုံးပြုပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ပုဒ် တင်ခဲ့ပါတယ်။

    နောက်ထပ် သတင်းအမှား တစ်ပုဒ်အနေနဲ့ NLD ပါတီရဲ့ ဗဟိုသုတေသန လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးမျိုးရန်နောင်သိမ်း နာမည်ကို အသုံးပြုပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ အလုပ်မလုပ်ဘဲ လခ ယူထားတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။

    အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ ဦးဝင်းထိန် နာမည်အသုံးပြုပြီး ရွေးကောက်ပွဲ ပြီးတဲ့အခါ NLD ပါတီရဲ့ တံဆိပ်ကို ဒေါက်ဖိနပ်ပုံ ပြောင်းမယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထပ်တင်ထားပါတယ်။

    ၎င်း ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    Forward Media ဆိုတဲ့ Facebook Page ကနေ ဖြန့်ဝေထားတဲ့ သတင်းတွေကို Boom Myanmar က သတင်း ဆန်းစစ်ကြည့်တဲ့အခါ သတင်းမီဒီယာ အယောင်ဆောင်ပြီး သတင်းအမှား ဖြန့်ဝေကာ နိုင်ငံရေး အမြတ်ထုတ်နေတာကို တွေ့ရပါတယ်။

    အဲ့ဒီ Page ဟာ ပထမ အကြိမ်မှာ သတင်းအမှားများစွာ တင်ခဲ့တဲ့အတွက် Facebook ကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး အခုရက်ပိုင်း ထပ်မံ အသစ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပထမ Facebook ပေါ်က ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော် သတင်းထောက်တွေ သီးသန့်ရှိတဲ့ ဖေ့စ်ဘွတ် Group ထဲ မှာ အတည်ပြုပြောဆိုထားတဲ့ အကြောင်းကို စံတော်ချိန်သတင်းဌာနရဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။


    သတင်းအမှားဖြန့်တဲ့ပုံစံ

    ၎င်းပေ့ချ်ဟာ သတင်းအမှားဖြန့်တဲ့ အခါ လူသိများတဲ့ သူတွေရဲ့ နာမည်ကို အသုံးပြုပြီး အချင်းချင်းကြား အမုန်းပွားစေတဲ့ သတင်းအမှားတွေ တင်လေ့ရှိပါတယ်။ ပထမ ဖျက်ချခံခဲ့ရတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် နာမည်အသုံးပြုပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တိုက်ခိုက်တဲ့ သတင်းအမှား တင်ခဲ့ပါတယ်။

    အခု ဖေ့စ်ဘွတ်ပေ့ချ်မှာတော့ NLD ပါတီရဲ့ ဗဟိုသုတေသန လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးမျိုးရန်နောင်သိမ်း နာမည်ကို အသုံးပြုပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို တိုက်ခိုက်တဲ့ သတင်းအမှားတင်ခဲ့ပါတယ်။ ၎င်းဟာ နိုင်ငံရေးနယ်ပယ်ထဲက အထင်ကရလူတွေ အချင်းချင်းကြားမှာ အမုန်းပွားအောင် သတင်းအမှားဖြန့်ကာသွေးထိုး လှုံ့ဆော်လေ့ရှိပါတယ်။

    ပထမ Page မှာတုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး နာမည်ကို အသုံးပြုပြီး NLD ပါတီကို တိုက်ခိုက်ထားပါတယ်။ အခု Page မှာတော့ ကိုမင်းကိုနိုင် ရဲ့ နာမည်ကို အသုံးပြုပြီး NLD ပါတီကို တိုက်ခိုက်တဲ့ သတင်းအမှားတင်ထားပါတယ်။

    ဒါ့အပြင် ၎င်းဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးအရ တိုက်ခိုက်တဲ့ သတင်းအမှားတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သတင်းအမှားတွေလည်း မကြာခဏ တင်လေ့ရှိပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်မှာ ကိုရိုနာရောဂါ ဖြစ်ပွားနေပြီ ဆိုတဲ့ သတင်းအမှားတွေ တင်ခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom က ဆန်းစစ်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ဒီပေ့ချ်မှာ ဦးဝင်ထိန်နာမည်သုံးပြီး NLD ပါတီရဲ့ တံဆိပ်ကို ဒေါက်ဖိနပ်ပုံ ပြောင်းလဲမယ်ဆိုတဲ့ သတင်းအမှားကို သတင်းအမှားကို တင်ထားပါတယ်။ ဒီ Page တင်ထားတဲ့ သတင်းတိုင်းဟာ သတင်းအမှားတွေသာ ဖြစ်ပြီး ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်မှာ သတင်းအမှားတွေ ပိုမို ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ၎င်းရဲ့ ရေးသားမှုတိုင်းဟာလည်း NLD ပါတီကို တိုက်ခိုက်တဲ့ သတင်းအမှားများသာ ဖြစ်ပြီး ဒီမိုကရေစီ အရေးလိုလားသူတွေရဲ့ နာမည်ကိုသာ အသုံးချပြီး သတင်းအမှားဖြန့်နေတာကို တွေ့ရပါတယ်။









    Tags

    Fake pagepolitical fake newsForward Media Groupattack to NLDပေ့ချ်အတုသတင်းအမှား
    Read Full Article
    Claim :   သတင်းမီဒီယာအယောင်ဆောင်ပြီး သတင်းအမှားတွေ ဖြန့်ပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ Forward Media Group ဆိုတဲ့ Facebook Page အကြောင်းကို Boom Myanmar က အချက်အလက်ဆန်းစစ်ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!