BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ်...
Top Block

နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ် Positive ထွက်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆီမှာ ကိုရိုနာရောဂါပိုး Positive ထွက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2020 12:55 PM IST
  • နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ် Positive ထွက်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Forward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၃၃ မိနစ်မှာ ရေးသားထားတာ ဖြစ်ပြီးတော့ အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို" ဆိုတဲ့ သတင်းခေါင်းစဉ်ကို တပ်ထားပါတယ်။ အဲ့ဒီသတင်းရဲ့ အတွင်းပိုင်းမှာတော့ "နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေး ခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီးများဖြင့် သီးသန့်ကုသနေကြောင်း နေအိမ်အသိုင်းအဝိုင်းများထံမှ သိရသည်" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဆေးစစ်ချက် အဖြေကို ၂၀ ရက်နေ့က စတင်သိခဲ့ရတာဖြစ်ပြီး အတိုင်ပင်ခံရုံးနဲ့ ရင်းနှီးသူ တစ်ဦးက လူမှုကွန်ယက်ပေါ်မှာ အဆိုပါ Positive ထွက်တယ်ဆိုတဲ့ အကြောင်းအရာကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ ပြန်ဖျက်ချခိုင်းတဲ့အတွက် အဆိုပါ ပိုစ့်ကို ပြန်ဖျက်ချခဲ့ကြောင်း အဆိုပါ သတင်းအမှားထဲမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံကို ကိုရိုနာရောဂါ ကူးစက်ခံရနိုင်တယ်လို့ WHO ကျန်းမာရေးအဖွဲ့ရဲ့ အတွင်းရေးမှူးက မတ်လ ခန့်မှာ သတိပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားချက် အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Forward Media Group ကနေ ထပ်ဆင့်ဝေမျှသူဟာ ၁ နာရီအတွင်း ၂ ထောင်ကျော်ရှိခဲ့ပြီး ပြန်လည်ကူးယူဖော်ပြသူပေါင်း များစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Forward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တတိယအကြိမ်ဆေးစစ်ချက်မှာ Covid-19 ရောဂါ Positive ထွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်းတွေ့ရပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးက ဦးကြည်တိုးက "ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများသည် အတုအယောင်များသာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် အစိုးရတာဝန်၊ ပါတီတာဝန်များကို ပုံမှန်ထမ်းဆောင်နေပါသည်" လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။


    အဆိုပါ သတင်းအမှားဟာ လွန်ခဲ့တဲ့ ၃ ရက်ခန့်က အစိုးရအဖွဲ့ဝင်တွေနဲ့ ရင်းနှီးသူ တစ်ဦးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ "အမေ Positive ပါ" ဆိုတဲ့ စာကို ရေးသားဖြန့်ဝေပြီး နောက်ဆက်တွဲအနေနဲ့ သတင်းအမှား ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ အဲ့ဒီ ပိုစ့်ကို ရေးသားသူဟာ မိနစ်ပိုင်းအတွင်း ပြန်ဖျက်သွားခဲ့တဲ့အတွက် အဲ့ဒီရက်ပိုင်းအတွင်း နိုင်ငံတော် အတိုင်ပင်ခံဟာ စင်္ကာပူနိုင်ငံမှာ ဆေးကြိတ်ကုနေတယ် ဆိုတဲ့ သတင်းအမှား တချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။

    အဆိုပါ Forward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ သတင်းအမှားတွေ ဖြန့်ပြီး ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ Page မှာ ပြီးခဲ့တဲ့ လပိုင်းကလည်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နဲ့ NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်တို့အကြား စိတ်ဝမ်းကွဲစေမယ့် သတင်းအမှားတစ်ခု ဖြန့်ဝေခဲ့ပါတယ်။

    Tags

    False newsState CounsellorDaw Aung San Suu KyiCorona diseaseCovid positiveနိုင်ငံတော်အတိုင်ပင်ခံကိုဗစ် Positiveသတင်းအမှား
    Read Full Article
    Claim :   Forward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တတိယအကြိမ်ဆေးစစ်ချက်မှာ Covid-19 ရောဂါ Positive ထွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!