BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ထိပ်ပိုင်းခေါင်းဆောင်တွေ...
သတင်းအတု

NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2020 5:05 PM IST
  • NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို နေဝင်းထွန်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ၈ နာရီ ၅၄ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "NLD ထိပ်တန်းအဖွဲ့ပြေးဖို့ ပြိင်နေပြီမှာ(၂)လခန့်ရှိ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းရဲ့ အတွင်းမှာတော့ "ပြည်သူလူထုထောက်ခံမှု့ လုံးဝ ကျဆင်းနေသည်ကို သဘောပေါက်လာသော NLD ထိပ်တန်းအဖွဲ့နှင့် နိုင်ငံ ခြားသား အကြံပေးအဖွဲ့များ ထွက်ပြေးဖို့ပြင်ဆင်နေ သည်မှာ လွန်ခဲ့သော (၂)လခန့်ကထဲကဖြစ်သည်ဟု အမည်မဖော်လိုသော အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ ထိပ် တန်းခေါင်းဆောင်းတစ်ဦး၏ ကြေးနန်းစာအရာ သိရသည်ဟု လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးအဖွဲ့ အမှု့ဆောင်အရာရှိချုပ် ဒါရိုက်တာ ရော ဘတ်ဆန်နီက ပြောကြားသည်။ ထောက်လှမ်းရေးသတင်းအရ (8-9-2020) မတိုင်ခင် ကထဲက NLD ထိပ်တန်းခေါင်းဆောင်အဖွဲ့ တဒါဇင် လောက်နဲ့ နိုင်ငံခြားသားအတိုင်ပင်ခံအဖွဲ့တွေ မြန်မာပြ ည်က တိတ်တဆိတ် ထွက်သွားကြတယ်ဆိုတာ ဖာ်ပြထားတာတွေရတယ်" လို့ ရေးသားထားပြီး အဲ့ဒီ သတင်းအမှားရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာပြည်အတွင်းမှာ မရှိတော့ကြောင်း နိုင်ငံခြား အကြံပေး ၉၀ ငှားထားပြီး တိုင်းပြည်ရဲ့ အချက်အလက်တွေ တစ်ဖက်လှည့်နဲ့ ရောင်းစားခဲ့ကြောင်း ပြည်သူတွေ အဖြစ်မှန်ကို သိတော့မှာမို့ နိုင်ငံခြားကို တိတ်တဆိတ် ထွက်ပြေးတော့မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ Live ထုတ်လွှင့်မှုတွေဟာ မြန်မာပြည်ထဲမှာ ရှိနေတာနဲ့ တူအောင် သေချာ ပြင်ဆင်ထားကြောင်း ရေးသားထားပြီး Private Election monitoring Group (PEMG) ဆိုတဲ့ အဖွဲ့ရဲ့ အမှု့ဆောင် ဒါရိုက်တာရောဘတ်ဆိုနီ ဆိုသူက ပြောတယ်လို့ ဖော်ပြထားပါတယ်။

    မူရင်းရေးသားမှုတွေကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို နေဝင်းထွန်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၅၃၀၀ ကျော် ရှိနေပြီး Like လုပ်ထားသူ ၃၄၀၀ ကျော် ရှိနေပါတယ်။ ဒါ့ အပြင် ဒီသတင်းအမှားကို ထပ်ဆင့်ဝေမျှသူ များစွာလည်း ရှိနေပြီး လက်ရှိအချိန်ထိ ကူးယူဖော်ပြနေကြဆဲ ဖြစ်ပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီက ငှားရမ်းထားတဲ့ အကြံပေး ၉၀ ကျော်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေး လှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ သတင်းအမှား ဖြန့်ထားတာကို တွေ့ရပါတယ်။

    ၎င်းရေးသားထားတဲ့ NLD ပါတီမှာ နိုင်ငံခြားသား အကြံပေး အယောက် ၉၀ ငှားထားတယ်ဆိုတဲ့ အကြောင်းအရာဟာ စက်တင်ဘာလခန့်က ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်ပြီး အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ခန့်အပ်ထားခြင်း မရှိဘူးလို့ နိုင်ငံတော် သမ္မတရုံး အိမ်တော်သတင်းထောက်တွေ သီးသန့်ရှိတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ပြောကြားထားပါတယ်။

    လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ငှားရမ်းထားပြီး အားလုံးဟာ မြန်မာနိုင်ငံသားများသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Boom က ဆန်းစစ်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်သူတွေဟာ အဆိုပါ အကြံပေး အယောက် ၉၀ ငှားထားတယ်ဆိုတဲ့ သတင်းအမှားကို ဆက်လက်အသုံးပြုပြီး အခု သတင်းအမှားကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီသတင်းအမှားကို ဖြန့်တဲ့အခါ Private Election monitoring Group (PEMG) ဆိုတဲ့ အဖွဲ့ရဲ့ အမှု့ဆောင် ဒါရိုက်တာရောဘတ် ဆိုနီဆိုတဲ့ နာမည်ကို အသုံးပြုထားပါတယ်။ ၎င်းတို့ ရေးသားထားတဲ့ PEMG နဲ့ ရောဘတ်ဆိုနီ ဆိုတဲ့နာမည်ဟာ သတင်းအမှားတွေ ဖြန့်ပြီး NLD ပါတီကို တိုက်ခိုက်နေတဲ့ Radio Free Myanmar ဆိုတဲ့ အဖွဲ့က အသုံးပြုနေတဲ့ နာမည်တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းဟာ တကယ်မရှိသလို ရောဘတ်ဆိုနီဆိုတဲ့ နာမည်ဟာလည်း လုပ်ကြံဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားထဲက ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က "နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေကို ထားတယ်ဆိုတဲ့ ကိစ္စက ဦးဇော်ဌေးလည်း ရှင်းပြီးပါပြီ။ မဟုတ်ပါဘူး။ အကြံပေးက ဗမာတွေပါပဲ ထားတာ။ အကြံပေးတွေ တိတ်တဆိတ်ငှားတယ်တို့ အစိုးရအဖွဲ့က ထွက်ပြေးဖို့ ကြံစည်နေတယ်တို့ ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိတဲ့ဟာပဲလို့ ကျွန်တော်ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။



    Tags

    Fake newstop NLD leadersplanning to fleeNLD ထိပ်ပိုင်းခေါင်းဆောင်ထွက်ပြေးဖို့ ကြံစည်သတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီက ငှားရမ်းထားတဲ့ အကြံပေး ၉၀ ကျော်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!