BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀...
      သတင်းအတု

      အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော်အတွက် လစဉ်ဘီလီယံချီသုံးစွဲတယ်ဆိုတဲ့ သတင်းအမှား

      လူမှုကွန်ယက်ပေါ်မှာ NLD အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခန့်အပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 19 Oct 2020 8:57 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော်အတွက် လစဉ်ဘီလီယံချီသုံးစွဲတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ ရေးသား ဖြန့်ဝေမှု့တွေကို မေလခန့်က လူမှုကွန်ယက်ပေါ်မှာ စတင်ပျံနှံ့ခဲ့တာကို တွေ့ရပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလ ထဲမှာ ပြန်လည် ရေးသားဖြန့်ဝေလာတာကို တွေ့ရပါတယ်။ အစောပိုင်းက ဖြန့်ဝေခဲ့တဲ့ ရေးသားမှုတွေမှာ NLD အစိုးရက ပြည်ပတိုင်းပြည်တွေက ထိပ်တန်းအကြံပေး ၉၀ ကျော်ငှားရမ်းထားတာ ဖြစ်ပြီး အဲ့ဒီ အကြံပေးတွေထဲမှာ စပိုင်တွေ အများကြီး ပါဝင်တယ်လို့ ဖြန့်ဝေခဲ့ကြပါတယ်။

      ခုနောက်ပိုင်း ပြန်လည် ဖြန့်ဝေမှုတွေမှာတော့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ ပြည်သူ့ဘဏ္ဍာထဲက တစ်လကို ဘီလီယံချီပြီး အကုန်ကျခံကာ နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ငှားရမ်းထားတယ်လို့ ဖြန့်ဝေကြတာ ရှိသလို ပြည်ပ အပအကြံပေး ၉၀ ကျော်ငှားရမ်းထားပြီး တိုင်းပြည်ရဲ့ အရေးကိစ္စအားလုံးကို တခြားနိုင်ငံသားတွေသိအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရေးသားဖြန့်ဝေမှုတွေ တွေ့ရပါတယ်။

      တချို့ရေးသားဖြန့်ဝေမှုတွေမှာတော့ "နိုင်ငံခြားသား အကြံပေး ၉၀ ကျော် အတွက် တစ်လနှုန်း ပြည်သူ့ဘဏ္ဍ ထဲက သုံးစွဲမှု $36370 * အယောက်90= 3273300 USD၊ မြန်မာငွေကျပ် ၄၇,၂၈၁,၀၀၀ * အယောက်၉၀ =၄၂၅,၅၂၉၀,၀၀၀ကျပ်" လို့ ငွေကြေးပမာဏတွေ ဖော်ပြပြီး ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

      မူရင်း ရေးသားမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      NLD အစိုးရမှာ နိုင်ငံခြားသားအကြံပေး ၉၀ ကျော်ငှားရမ်းထားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

      အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ခန့်အပ်ထားခြင်း မရှိဘူးလို့ နိုင်ငံတော် သမ္မတရုံး အိမ်တော်သတင်းထောက်တွေ သီးသန့်ရှိတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ပြောကြားထားပါတယ်။

      လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားတယ်လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

      အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွင်ဟာ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။




      Tags

      False newsNLD governmentforeign advisersအစိုးရအကြံပေး ၉၀ ကျော်သတင်းအမှား
      Read Full Article
      Claim :   NLD အစိုးရမှာ နိုင်ငံခြားသားအကြံပေး ၉၀ ကျော်ငှားရမ်းထားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!