BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • TNLA က လက်နက်ကြီးနဲ့ ပစ်ခတ်လို့...
      သတင်းအတု

      TNLA က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ပျက်စီးသွားတယ်ဆိုတဲ့ သတင်းအတု

      TNLA တပ်ဖွဲ့တွေက နောင်ချိုမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ထိမှန်ပျက်စီးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  28 Nov 2023 8:05 PM IST
    • TNLA က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ပျက်စီးသွားတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ဝေလာကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ အိမ်တွေ မီးလောင်ပြိုကျနေတဲ့ ဓါတ်ပုံတွေကို သုံးထားပါတယ်။ ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ “TNLA က နောင်ချိုမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လူနေအိမ်ထိမှန် ပျက်စီး” လို့ရေးသားထားပြီး သတင်းအမှားအတွင်းမှာ “နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က လူနေအိမ်တွေကို အကြမ်းဖက် TNLA နဲ့ PDF တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ TNLA တပ်တွေက တိုက်ပွဲများ ဖြစ်ပွားနေချိန် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိရာ ဆမ်မဆယ်ကျေးရွာတွင် လူနေအိမ်ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      TNLA တပ်ဖွဲ့တွေက နောင်ချိုမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူနေအိမ်တွေ ထိမှန်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      သတင်းအမှားဖြန့်သူတွေသုံးထားတဲ့ ဓါတ်ပုံဟာ နိုဝင်ဘာလ ၆ ရက်နေ့က ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ TNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အဆိုပါ ၆ ရက်နေ့ မနက်အစောပိုင်းထဲက တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ အကြိမ် ၅၀ ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် နောင်ချိုမြို့နယ်က ဆမ်မဆယ်ကျေးရွာက လူနေအိမ်တွေ ထိမှန်ပျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်က ပုံတွေ ဖြစ်ပါတယ်။ စစ်တပ်ထောက်ခံသူတွေက အဆိုပါ သတင်းကိုယူပြီး တန်ပြန်ဝါဒဖြန့်ဖို့ သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။

      ခေတ်သစ် သတင်းဌာန ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာမှာ ကြည့်ပါ။

      စစ်ကောင်စီထောက်ခံသူတွေဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ TNLA နဲ့ တစ်ခြား ရှမ်းလူမျိုးစုတွေကြား အမုန်းတရားဖြန့်ဝေတာတွေ၊ သွေးထိုးလှုံ့ဆော်တာတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။ ယခင် TNLA နဲ့ တစ်ခြား ရှမ်းလူမျိုးစုတွေအပေါ် ဖြန့်ထားတဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။

      TNLA က ရှမ်းတွေကို နှိပ်စက် သတ်ဖြတ်သွားတယ် ဆိုတဲ့ သတင်းအမှား

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsTNLAfiredheavy weaponsMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   TNLA က နောင်ချိုမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လူနေအိမ်ထိမှန် ပျက်စီး
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!