BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • TNLA က ရှမ်းတွေကို နှိပ်စက်...
သတင်းအတု

TNLA က ရှမ်းတွေကို နှိပ်စက် သတ်ဖြတ်သွားတယ် ဆိုတဲ့ သတင်းအမှား

TNLA တပ်တွေက နောင်ချိုတိုက်ပွဲမှာ အကျအဆုံးများတဲ့အတွက် ရှမ်းရွာတွေကို နှိပ်စက်၊ သတ်ဖြတ်သွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2023 12:14 PM IST
  • TNLA က ရှမ်းတွေကို နှိပ်စက် သတ်ဖြတ်သွားတယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာဖြစ်ပြီး သတင်းအမှားကို မြန်မာ ဘာသာစကားအပြင် ရှမ်းဘာသာ စကားနဲ့ပါ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ “နောင်ချိုတိုက်ပွဲမှာ အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားတဲ့ TNLA ပလောင် အဖွဲ့နဲ့ အကြမ်းဖက် မန္တလေးPDFများက ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ရှမ်းတိုင်းရင်းသားများကို ညှဉ်းပမ်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်သွား” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    နောင်ချိုတိုက်ပွဲမှာ TNLA တပ်တွေက အကျအဆုံးများတဲ့အတွက် ၎င်းတို့ဆုတ်ခွာရာလမ်းကြောင်းက ရှမ်းရွာတွေကို ညှည်းပမ်းနှိပ်စက် ၊ သတ်ဖြတ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ TNLA တပ်တွေဟာ ပြင်ဦးလွင်မြို့နဲ့ မိုင် ၂၀ လောက်ကွာတဲ့ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ခန့်မှာ စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး။ နောင်ချို ဂုတ်ထိပ် ရှုခင်းသာဝန်းကျင်ကို TNLA တပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အထိနာခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ အကျဉ်းစခန်း ၄ ခုကို TNLA တပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်သိမ်းပိုက်မှုတွေမှာ လက်နက်အများအပြား ရရှိခဲ့တယ်လို့လည်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

    နောင်ချိုတိုက်ပွဲနဲ့ ပတ်သက်တဲ့သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က အထိနာပြီး ဆုတ်ခွာသွားတာတွေ စခန်းတွေ၊ လက်နက်တွေ သိမ်းခံရတာတွေသာ ရှိခဲ့ပြီး TNLA ဘက်က အထိနာပြီး ဆုတ်ခွာသွားခြင်းမရှိပါဘူး။ စခန်းတွေ ရတဲ့အထိ သိမ်းပိုက်သွားခြင်းသာ ရှိပါတယ်။

    ဒါ့အပြင် TNLA တပ်တွေ၊ ကိုးကန့်တပ်တွေဟာ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေထိန်းချုပ်မှုတွေ လုပ်လာတဲ့ တဲ့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီဘက်ကလည်း အမုန်းတရားတွေဖြန့်ကာ ဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။ TNLA က ရှမ်းတွေကို သတ်ဖြတ်နေကြောင်း အခုသတင်းအမှားဖြန့်သူတွေ ရေးသားထားသလို အကောင့်တုတွေကနေတဆင့် ဝါဒဖြန့်ချီလာတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    False newsMilitaryCoupTa
    Read Full Article
    Claim :   TNLA တပ်တွေက နောင်ချိုတိုက်ပွဲမှာ အကျအဆုံးများတဲ့အတွက် ရှမ်းရွာတွေကို နှိပ်စက်၊ သတ်ဖြတ်သွား
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!