BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သာသနာရေးဝန်ကြီး ယာဉ်မတော်တဆမှု...
သတင်းအတု

သာသနာရေးဝန်ကြီး ယာဉ်မတော်တဆမှု ဖြစ်တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2021 10:02 AM IST
  • သာသနာရေးဝန်ကြီး ယာဉ်မတော်တဆမှု ဖြစ်တယ်ဆိုတဲ့ သတင်းအတု

    ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီမှာ Naing Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ယာဉ်မတော်တဆမှု ဖြစ်ပြီးမေးရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် လုပ်ကြံရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းအမှားကို ရေးသားဖြန့်ဝေရာမှာ ရောင်စုံနဲ့ ပြုလုပ်ထားတဲ့ Template တစ်ခုအသုံးပြုထားပြီး အဲ့ဒီ Template အပေါ်မှာ "ဗုဒ္ဓကိုစော်ကားသူ သာ/ဝန် ဦးအောင်ကို နေပြည်တော်လွှတ်တော် အဝင်နားတွင် ကားအက်စီဒင့်ဖြစ်ပြီး မေးရိုးကျိုးသွားကြောင်း" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီ Template နဲ့အတူ "အင်း ဘာပြောရပါ့မလဲ အောင်ကိုရေ" လို့ ရေးသားထားပါတယ်။

    အဲ့ဒီသတင်းအမှားကို Like လုပ်ထားသူ ၁၅၀ နီးပါးရှိနေပြီး၊ မှတ်ချက်ရေးသားသူ ၈၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူလည်း ၈၀ ကျော် ရှိနေပါတယ်။ မှတ်ချက်အများစုဟာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အပေါ် ဆဲဆိုထားတာတွေ တွေ့ရသလို ယာဉ်မတော်တဆမှုနဲ့ မြန်မြန်သေဆုံး သွားသင့်ကြောင်း ဗုဒ္ဓဘာသာကို စော်ကားခဲ့တဲ့အတွက် ပြန်ခံရတာဖြစ်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    Naing Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားထားတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နေပြည်တော်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး မေးရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ပြုလုပ်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    သတင်းအမှားတင်သူဟာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ယာဉ်မတော်တဆမှု ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် သာသနာရေးဝန်ကြီးဟာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာတည်ရှိတဲ့ သံဝေဇနိယ လေးဌာန (ဖွား၊ပွင့်၊ဟော၊စံ) စေတီဌာနကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး နေရာသီ ဆည်ရေရရှိစေရန် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကြည့်ရှု့စစ်ဆေးခဲ့ပါတယ်။ ဒီလို သွားရောက်ဖူးမြော်ကြည်ညိုပြီး၊ လုပ်ငန်းစဉ်တွေ စစ်ဆေးခဲ့တဲ့ အကြောင်းကို သူရဦးအောင်ကိုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားသလို အစိုးရရဲ့ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်တဲ့ Myanmar National Portal မှာလည်း ဖော်ပြထားပါတယ်။

    အဲ့ဒီဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။


    သူရဦးအောင်ကိုအပေါ် အောက်တိုဘာလခန့်ကလည်း ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ထွက်ခဲ့တဲ့ သတင်းအမှား အကြောင်းအရာအပေါ် Boom က အချက်အလက် စစ်ဆေးခဲ့တဲ့ သတင်းကို အောက်ပါ Link မှာဖတ်ပါ။

    သာသနာရေးဝန်ကြီး ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုတဲ့ သတင်းအမှား






    Tags

    Fake newsUnion Ministercar accidentသတင်းအတုယာဉ်မတော်တဆမှုသာသနာရေးဝန်ကြီး
    Read Full Article
    Claim :   Naing Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားထားတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နေပြည်တော်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး မေးရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!