BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သာသနာရေးဝန်ကြီး ကျန်းမာရေး အခြေအနေ...
သတင်းအတု

သာသနာရေးဝန်ကြီး ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို အပေါ် ကျန်းမာရေးအခြေအနေ မကောင်းတော့ဘူးလို့ ရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  9 Oct 2020 9:39 AM IST
  • သာသနာရေးဝန်ကြီး ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Yan Ning ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင် ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီပိုစ့်ထဲမှာ "သာသနာရေးဝန်ကြီး သူရအောင်ကို အချေအနေ မကောင်းဟု သတင်းရ" (မူရင်းရေးသားချက်အတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီ စာသားတွေနဲ့အတူ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဆေးရုံကုတင်ပေါ်မှာ အိပ်နေတဲ့ ဓါတ်ပုံတစ်ပုံကို ယှဉ်တွဲ ဖော်ပြထားပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို အောင်အောင် ဆိုတဲ့ အကောင့်ပိုင်ရှင်က Screen Shot ပြုလုပ်ပြီး NLD ပါတီကို ဆန့်ကျင်သူများ သီးသန့်ရှိတဲ့ "ထမိန်ခြုံများအား နှိပ်ကွပ်ရေး မျိုးချစ်တပ်ပေါင်းစု" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ "ဟော ဖြစ်ပြန်ပီနောက်တယောက် မျိုးတုံးတော့မယ်ထင်" (မူရင်းရေးသားချက်အတိုင်း) ဆိုတဲ့ စာသားတွေကို ရေးသားပြီး ပြန်တင်ခဲ့ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၃၀၀ ကျော် Comment ပေါင်း ၁၅၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ ၁၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Yan Ning ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ အောင်အောင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေမှာ ရေးသားထားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ကျန်းမာရေးအခြေအနေ မကောင်းဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ သာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြုဖြေကြားပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး "အဲ့ဒီဟာက သတင်းအတုဖြစ်ပါတယ်။ ဝန်ကြီးသည် ဝန်ကြီးသည် ရုံးထိုင်ပြီး နိုင်ငံတော် တာဝန်နဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု တာဝန်များကို ထမ်းဆောင်နေပါတယ်။ ဒီနေ့တောင် ထာဝရ ငြိမ်းချမ်းရေးဘုရားတည်ဆောက်မှုတွေ စစ်ဆေးပါသေးတယ်" လို့ သာသနာရေး ဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    သတင်းအမှား ဖြန့်ဝေသူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဲ့ဒီ ဓါတ်ပုံဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လက ဓါတ်ပုံအဟောင်း တစ်ပုံဖြစ်ပြီး သူရဦးအောင်ကိုက နှလုံးခုန်နှုန်း မြန်နေတဲ့ အတွက် ဆေးရုံသွားပြတဲ့ အခါမှာ ဆရာဝန်က ဆေးရုံတက်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှု ခံနေစဉ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြည့်ရှု့ မေးမြန်းခဲ့တဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပြီး ဘေးမှာ ပါဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင် တို့ရဲ့ ဓါတ်ပုံကို Crop ဖျက်ထုတ်ထားပြီး သတင်းအမှား ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်။


    အဲ့ဒီ ဓါတ်ပုံပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး၂၀၁၅ ခုနှစ် သတင်အဟောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    သတင်းအမှား ဖြန့်ခဲ့တဲ့ အောင်အောင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တု တစ်ခု ဖြစ်တာကို တွေ့ရပြီး ၎င်းသတင်းအမှား ဖြန့်ခဲ့တဲ့ ဖေ့စ်ဘွတ်ဂရုဟာ NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ တင်လေ့ရှိတဲ့ ဖေ့စ်ဘွတ်ဂရုတစ်ခု ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    false newsMinister of Religious Affairs and Culturepoor healthThura U Aung Koသာသနာရေးဝန်ကြီသတင်းအမှား
    Read Full Article
    Claim :   Yan Ning ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ အောင်အောင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေမှာ ရေးသားထားတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ကျန်းမာရေးအခြေအနေ မကောင်းဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က သာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!