BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ဝန်ကြီးတွေကိုဖမ်းဖို့...
သတင်းအတု

NUG ဝန်ကြီးတွေကိုဖမ်းဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေးတယ်ဆိုတဲ့ သတင်းအတု

NUG အဖွဲ့ဝင် ဝန်ကြီးတွေကို ဖမ်းဆီးဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေးတယ်ဆိုတဲ့ သတင်းအတုတွေ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Nov 2021 9:48 PM IST
  • NUG ဝန်ကြီးတွေကိုဖမ်းဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Aunglinn Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NUG အကြမ်းဖက်အဖွဲ့ဝင် ဝန်ကြီးများကိုဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ်အမိန့်ပေး" လို့ ရေးသားထားပြီး သတင်းအမှားရဲ့ အတွင်းမှာတော့ "NUG အကြမ်းဖက်အဖွဲ့ဝင် ဝန်ကြီးများကိုဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေးခဲ့ကြောင်းအဆိုပါနိုင်ငံ ထုတ်မီဒီယာများက ဖော်ပြသည့် လက်ရှိထိုင်းအစိုးရသည် NUG အကြမ်းဖက်အဖွဲ့ဝင်များကို ထိုင်းနိုင်ငံအတွင်း လုံးဝခြေချခွင့်မပြုကြောင်း အိမ်စောင့်အစိုးရအဖွဲ့အား ကတိပြုခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း ပုန်းခိုနေသော NUG အဖွဲ့ဝင်များကို လိုက်လံရှာဖွေ ဖမ်းဆီးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ကတိကဝတ်ပြုခဲ့ကြောင်း၊ NUG ကိုအားပေးအားမြောက်ပြုလုပ်သူများ၊ ကူညီထောက်ပံ့သူများကိုပါ ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ စစ်ကောင်စီက နိုင်ငံတကာရဲတပ်ဖွဲ့ Interpol နဲ့ ချိတ်ဆက်ပြီး ငွေကြေးကူညီထောက်ပံ့သူများကိုပါ ဖမ်းဆီးအရေးယူသွားဖို့ စီစဉ်နေကြောင်း၊ လက်ရှိထိုင်းနိုင်ငံမှာ အလှူငွေကောက်ခံနေသူ ၆ ဦးကို ဖမ်းဆီးရမိထားကြောင်း ၎င်းသတင်းအမှားထဲမှာ ဖော်ပြထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    Aunglinn Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ အဆိုပါ ပိုစ့်ကို Like လုပ်ထားသူ ၂၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀၀ ကျော်ရှိကာ မှတ်ချက်ရေးသားသူ ၃၅၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG အဖွဲ့ဝင် ဝန်ကြီးတွေကို ဖမ်းဆီးဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးလိုက်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဖန်တီးရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ထိုင်းဝန်ကြီးချုပ်က NUG ဝန်ကြီးတွေကို ဖမ်းဆီးဖို့ အမိန့်ပေးထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှ အဆိုပါ အကြောင်းအရာကို ဖော်ပြထားခြင်း မရှိပါဘူး။ ဒါအပြင် ငွေကြေးထောက်ပံ့သူ ၆ ဦးကို ဖမ်းဆီးထားတယ် ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကလည်း စစ်ကောင်စီထောက်ခံသူတွေက PDF နဲ့ NUG တွေကို အာဆီယံ ၉ နိုင်ငံက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် လက်မှတ်ရေးထိုးပြီး ဖမ်းဆီးမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်နဲ့ NUG၊ CRPH ကို ပူပေါင်းတိုက်ဖို့ အာဆီယံမှာ ဘုံသဘောတူခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ပါသေးတယ်။ စက်တင်လာလက ဖြန့်ဝေခဲ့တဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီး Boom က အချက်အလက် ဆန်းစစ်ထားတဲ့ သတင်းကို အောက်ပါ link တွေမှာ ဖတ်ပါ။

    အာဆီယံ ၉ နိုင်ငံက PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးတယ် ဆိုတဲ့ သတင်းအတု

    NUG နဲ့ CRPH နဲ့ တခြားအဖွဲ့တွေကို ပူးပေါင်းတိုက်ထုတ်ဖို့ အာဆီယံမှာ သဘောတူတယ်ဆိုတဲ့ သတင်းအမှား


    Tags

    Fake newsThai Prime Ministerordered to arrestNUG ministersCoupMilitaryသတင်းအတုစစ်ကောင်စီဖမ်းဆီး
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!