BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သတင်းအမှား။ နိုင်ငံတော်အတိုင်ပင်ခံက...
      သတင်းအတု

      သတင်းအမှား။ နိုင်ငံတော်အတိုင်ပင်ခံက မွေးနေ့မှာ ဘာသာကူးပြောင်းတယ်ဆိုတဲ့အကြောင်းအရာ

      ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ပါတီခေါင်းဆောင်တွေအပေါ် သတင်းအမှားတွေနဲ့တိုက်ခိုက်မှူတွေသိသိသာသာတိုးလာနေပါတယ်။ ဒီကာလအတွင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဝါဒဖြန့်တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ခပ်စိပ်စိပ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  28 Jun 2020 8:55 AM IST
    • သတင်းအမှား။ နိုင်ငံတော်အတိုင်ပင်ခံက မွေးနေ့မှာ ဘာသာကူးပြောင်းတယ်ဆိုတဲ့အကြောင်းအရာ

      အဲ့ဒီရေးသားချက်ထဲမှာ "ဒေါ်စုကြည်ကတော့ သူကိုအမေခေါ်သူတွေ ထောက်ခံသူတွေ ပါတီဝင်တွေကို အရှက်ခွဲချလိုက်ပြီ ၇၅နှစ်ပြည့် မွေးနေ့မှာ မူဆလင်ဘာသာဝင်ဖြစ်ကြောင်းကြေငြာပြစ်လ်ုက်ပြီ။ သူ့နေအိမ်နံရံမှာ ဟလ္လာရဲ့အဆိုအမိန့်တွေ တစ်ခန်းတစ်နားချိတ်ဆွဲပြလိုက်ခြင်းက သူဟာမူဆလင်ဘာသာဝင်ဖြစ်ကြောင်း ကြေငြာလိုက်တာဘဲ။ မနှစ်ကလဲ မြန်မာနိုင်ငံမြေပုံကို ကိတ်မုန့်နဲ့လုပ် အစိတ်စိတ်အမွှာမွှာခွဲပြပြီး မြန်မာနိုင်ငံကို ဖျက်ဆီးနေတယ်လို့ပြခဲ့ပြီဘဲ ဒေါ်စုတာဝန်ကျေပါတယ် ပြည်သူ အလို့ခံရတာတော့ မတတ်နိုင်ဘူးလေ။ ငါးနှစ်လုံးလုံး ဗုဒ္ဓဘာသာဖျက်ဆီးပြီး ပြည်သူတွေ စိတ်ဝမ်းခွဲ ဆင်းရဲဒုက္ခရောက်အောင်လုပ် နိုင်ငံအကြွေးတွေ မတန်တဆတင်အောင်လုပ် အဲဒါကိုမသိကြတာတော့ မတတ်နိုင်ဘူးလေ။ သမီးတို့ကတော့ ၂၀၁၅မျိုးစောင့်ဥပဒေ ကန့်ကွက်ထဲက သာသနာနဲ့ လူမျိုးဖျောက်မယ်လို့ သိခဲ့တာ သိလျှင်သိခြင်း ရေးခဲ့တာဘဲ ဒါပေမဲ့ အကောင့်ကကျ လူကလဲလုပ်ကြံခံရဆိုတော့ ထွက်ပြေးနေရတယ်လေ ခုတော့ ဒေါ်စုလဲ ပြန်တော့မယ် NLDတွေလဲ အရှက်ကွဲကျန်ရုံရှိတာပေါ့" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      ဒီသတင်းအမှားကို Like လုပ်ထားသူ ၃၆၀၀ ကျော်၊ Comment ရေးသားသူ ၂၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၈၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီရေးသားဖြန့်ဝေမှူမှာပါဝင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံက ၇၅ နှစ်ပြည့် မွေးနေ့မှာ အစ္စလာမ်ဘာသာဝင်အဖြစ် ကြေငြာလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်ခဲ့ပါတယ်

      တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ် ကလည်း အိမ်နံရံမှာ ချိတ်စွဲထားတဲ့ အရာတွေဟာ အိမ် Decoration အလှဆင်ထားတာဖြစ်ပြီး အစ္စလာမ်ဘာသာရေးစာတွေ မဟုတ်ဘူးလို့ Boom Myanmar ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

      ဒီသတင်းအမှားဟာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၅ နှစ်ပြည့် မွေးနေ့မှာ လက်ဆောင်ပေးတဲ့သူတွေ ဆုတောင်းစကား ဆိုတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့တဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို အခြေခံပြီး ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အလားတူပြီးခဲ့တဲ့ရက်တွေကဖြန့်ဝေခဲ့တဲ့ သတင်းအတုတစ်ခုကိုလည်းအခြေခံပြီးရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နေအိမ် ဧည့်ခန်းဆောင်မှာ ချိတ်ဆွဲထားတဲ့ Art Work တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုရ်အာန် ကျမ်းစာ ဖြစ်တယ်ဆိုပြီး စွတ်စွဲ ပြောဆိုရာက စတင်ခဲ့တာ ဖြစ်ပါတယ်။


      ဒီ နောက်ခံ ဓါတ်ပုံတွေအပေါ် သတင်းအမှား ဖြန့်ဝေခဲ့တဲ့အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

      ဒေါ်အောင်ဆန်းစုကြည်ဘာသာကူးပြောင်းတယ်ဆိုတဲ့အကြောင်းအရာကို ရေးသားခဲ့သူဟာ NLD အစိုးရနဲ့ပတ်သက်လို့ သတင်းအမှား၊ သတင်းအတုတွေ အစဉ်တစိုက်ရေးသားနေသူဖြစ်တာကိုတွေ့ရပါတယ်။ သူ့ရဲ့အကောင့်မှာ NLD နဲ့ပတ်သက်တဲ့ သတင်းအမှားပေါင်းမြောက်များစွာကိုလည်း အမြဲတစေ ရေးသားဝေမျှနေသူဖြစ်ပါတယ်။

      Tags

      fake newsState Counsellorconverting to Islamနိုင်ငံတော်အတိုင်ပင်ခံအစ္စလာမ်ဘာသာကူးပြောင်းသတင်းအမှား
      Read Full Article
      Claim :   သူဇာခိုင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားဝေမျှထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံက ၇၅ နှစ်ပြည့် မွေးနေ့မှာ အစ္စလာမ်ဘာသာဝင်အဖြစ် ကြေငြာလိုက်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!