BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေက ထိုင်းနိုင်ငံမှာ...
သတင်းအတု

PDF တွေက ထိုင်းနိုင်ငံမှာ အလုပ်သမားတွေထံက ခေါင်းပုံဖြတ်နေတယ်ဆိုတဲ့ သတင်းအတု

PDF တွေက ထိုင်းနိုင်ငံမှာ အလုပ်သမားအသွင်နဲ့ ထင်တိုင်းကြဲပြီး စက်ရုံအလုပ်သမားတွေဆီက လခ ၃၀ ရာခိုင်းနှုန်း အဓ္ဓမသိမ်းယူနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Feb 2024 8:43 AM IST
  • PDF တွေက ထိုင်းနိုင်ငံမှာ အလုပ်သမားတွေထံက ခေါင်းပုံဖြတ်နေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို သတင်းအမှားပေါင်းများစွာ ဖြန့်ဝေခဲ့တဲ့ Radio Free Myanmar ဆိုတဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ PDF တွေ အလုပ်သမားအသွင်ဖြင့် ထိုင်းနိုင်ငံမှာ ထင်တိုင်းကျဲနေကြ လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံများမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ သတင်းပေးပို့ချက်အရ ၊ PDF တွေဟာ ထိုင်းနိုင်ငံကို အလုပ်သမားများအသွင်ယူပြီး ရောက်ရှိနေကြကြောင်း၊ ၎င်း PDF တွေက မြန်မာအလုပ်သမားတွေဆီထံကနေ လစဉ် လုပ်အားခရဲ့(၃၀) ရာခိုင်နှုန်းကို အတင်းအဓမ္မလုယူနေကြကြောင်း၊ သံရုံးကိုသွားတိုင်ရင်လည်း အလောင်းဖျောက်ပစ်ကြကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    PDF တွေက ထိုင်းနိုင်ငံမှာ အလုပ်သမားအသွင်နဲ့ ထင်တိုင်းကြဲပြီး စက်ရုံအလုပ်းသမားတွေဆီက လခ ၃၀ ရာခိုင်းနှုန်း အဓ္ဓမသိမ်းယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ထိုင်းနိုင်ငံထဲမှာ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်နေသူတွေ များစွာရှိပြီး မိမိဆန္ဒအလျှောက်သာ ထည့်ကြတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ PDF တွေ အတင်းအဓ္ဓမ ဆက်ကြေးကောက်ခံတဲ့ပုံစံမျိုး ဒါမှမဟုတ်ဖိအားပေးပြီးငွေကြေးတောင်းခံတဲ့ဖြစ်စဉ်မျိုးဖြစ်ပွားထားခြင်းမရှိသေးပါဘူး။အခုရည်ညွှန်းတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့လည်း သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးသလို၊ တိုင်ကြားသူတွေကို လောင်းဖျောက်တယ်ဆိုတဲ့ ဖြစ်စဉ်လည်း မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းတု သက်သက်သာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီသတင်းအမှားကို မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ လူမှုကွန်ယက်ပေါ်သတင်းတွေ အားကောင်းနေတဲ့ကာလမှာလည်း ထိုင်းနိုင်ငံထဲနေထိုင်သူတွေထဲ ဒီအကြောင်းအရာကို တစ်စုံထုတ်ဖော်ပြောဆိုထားခြင်းလည်း မရှိပါဘူး။ စစ်ကောင်စီ ထောက်ခံသူတွေကသာ သီသန့်ဖြန့်ထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ RFM ဆိုတဲ့ အဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလထဲက သတင်းအမှား ရာပေါင်းများစွာကို ဖေ့စ်ဘွတ်အကောင့်တုတွေ၊ Group တွေ Website တွေနဲ့ ဖြန့်ခဲ့တဲ့ Radio Free Myanmar အဖွဲ့သာဖြစ်ပြီး အခု သတင်းအမှားကိုလည်း ၎င်းတို့ ယခင်ဖြန့်နေကြ ပုံစံအတိုင်း ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။


    Tags

    Fake newsPDFs30 percent of wagesworkersThailandသတင်းအတုအဓ္ဓမသိမ်းယူ
    Read Full Article
    Claim :   PDF တွေက ထိုင်းနိုင်ငံမှာ အလုပ်သမားအသွင်နဲ့ ထင်တိုင်းကြဲပြီး စက်ရုံအလုပ်းသမားတွေဆီက လခ ၃၀ ရာခိုင်းနှုန်း အဓ္ဓမသိမ်းယူနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!