BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG က Covid ကုသရေးလုပ်ငန်းစဉ်တွေ...
သတင်းအတု

NUG က Covid ကုသရေးလုပ်ငန်းစဉ်တွေ ဖျက်ဆီးဖို့ ညွှန်ကြားတယ်ဆိုတဲ့ သတင်းအတု

Covid -19 ရောဂါကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာချိန်မှာ NUG အစိုးရက အောက်ဆီဂျင်သိုလှောင်ကန်တွေ ဖျက်ဆီးပစ်ဖို့အပြင် ကိုရိုနာရောဂါ ကုသရေး လုပ်ငန်းစဉ်တွေ ဖျက်ဆီးပစ်ဖို့ ညွှန်ကြားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  4 Aug 2021 6:37 PM IST
  • NUG က Covid ကုသရေးလုပ်ငန်းစဉ်တွေ ဖျက်ဆီးဖို့ ညွှန်ကြားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၁ မိနစ်မှာ ဝိဘာဂ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ထားတာဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NUG လ/ဝ ညွှန်ကြားချက် ပေါက်ကြား သတိရှိပါ အဆုံးဟွန်ယုတ်မာပြီ NUG ၏ လဝ ညွှန်ကြားချက်ပေါက်ကြား" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "အစိုးရမှပေးသောအောက်စီဂျင် သိုလှောင်ကန်များ ဖျက်ဆီးရန်၊ ကိုဗစ်စင်တာများအား ဖျက်ဆီးးရန်၊ ကိုဗစ်ဆေးများ ဖျက်ဆီးရန်၊ အောက်စီဂျင်အတုများ ထုတ်ဝေဖြန့်ဖြူးရန်၊ အောက်စီဂျင်ဗူးများတန်းစီ ထုတ်ယူ၍ ဘားဖွင့်ဖျက်ဆီးရန်၊ ကိုဗစ်ကူညီ ပရဟိတသမား များအား ရန်ပြုရန်၊ ဆရာတော်များအား ကိုဗစ်ကူး အောင်ပြုလုပ်ရန်၊ အကြမ်းဖက်သမား၊ ဇော်ဝေစိုး.ဇင်မာအောင်၊ လွင်ကိုလတ်တို့မှ ပြည်တွင်း NLD အမာခံများ PDFများအား ညွှန်ကြားခဲ့" (အသုံးအနှုန်းမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီလိုညွှန်ကြားခဲ့တဲ့အတွက် NUG အဖွဲ့ဝင်တွေကို တွေ့တဲ့နေရာမှာ သုတ်သင်ပစ်ဖို့ သွေးထိုးလှုံ့ဆော်ထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဝိဘာဂ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၈၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀၀ ကျော် ရှိနေပြီး တခြားကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ Covid-19 ကုသရေး လုပ်ငန်းစဉ်တွေ ဖျက်ဆီးဖို့ NUG က ညွှန်ကြားထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ NUG ကို တိုက်ခိုက်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။

    လက်ရှိကိုရိုနာ ရောဂါကူးစက်မှု တစ်ကျော့ပြန်မြင့်တက်နေတဲ့အချိန်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေများပြားခဲ့ပြီး အောက်ဆီဂျင်တန်းစီနေတဲ့ စက်ရုံတွေကို စစ်ကောင်စီက ပိတ်ထားခိုင်းတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ ရောင်းချခွင့် ပေးမယ်ဆိုတဲ့အမိန့်တွေ ထုတ်ပြန်ထားတာသာရှိပြီး အောက်ဆီဂျင် သိုလှောင်ကန်တွေ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ ၎င်းတို့ သတင်းအမှားဖြန့်ထားသလို NUG က အောက်ဆီဂျင် သိုလှောင်ကန်တွေ ဖျက်ဆီးခိုင်းတာတွေ၊ ကာကွယ်ကုသရေး လုပ်ငန်းစဉ်တွေ နှောက်ယှက်ဖျက်ဆီးခိုင်းတာတွေ မရှိသေးပါဘူး။

    NUG အစိုးရဟာ ၎င်းတို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ လက်ရှိပြန့်ပွားနေတဲ့ Covid ရောဂါပိုး မျိုးကွဲတွေအကြောင်း၊ ဆီးချိုရောဂါရှိသူတွေ သတိထားရမယ့်အချက်တွေ၊ တခြားကျန်းမာရေး ဗဟုသုတ အချက်တွေကို ဖြန့်ဝေပေးနေပါတယ်။ အဆိုပါ ဖြန့်ဝေပေးနေတဲ့ အကြောင်းအရာတွေကို Ministry of Health, National Unity Government of Myanmar မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခု သတင်းအမှားမထွက်ပေါ်ခင်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကလည်း ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ကို ဖွက်ထားဖို့ ညွှန်ကြားတယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပထမ အကြိမ်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ link မှာ ဖတ်ပါ။

    ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖွက်ထားခိုင်းတယ် ဆိုတဲ့ သတင်းအတု




    Tags

    Fake newsNUGdestructionCovid treatmentOxygen storage tankoxygen cylindersMilitaryCoupCovid-19Corona Myanmarသတင်းအတုအောက်ဆီဂျင်ဘူး
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ Covid-19 ကုသရေး လုပ်ငန်းစဉ်တွေ ဖျက်ဆီးဖို့ NUG က ညွှန်ကြားထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!