BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး...
သတင်းအတု

ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖွက်ထားခိုင်းတယ် ဆိုတဲ့ သတင်းအတု

ကိုရိုနာရောဂါ တစ်ကျော့ပြန်မြင့်တက်လာတဲ့အချိန်မှာ အောက်ဆီဂျင်အိုး လိုအပ်ချက်တွေ များပြားခဲ့ပြီး ဒီအခြေအနေ ကို ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံးပေါင်းများစွာ ဖွက်ထားခဲ့လို့ ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  31 July 2021 6:55 PM IST
  • ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖွက်ထားခိုင်းတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဇူလိူင်လ ၂၆ ရက်နေ့မှာ ဝိဘာဂ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာ ဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဝရမ်းပြေး NUG က ဇော်ဝေစိုးရဲ့ အမိန့်နဲ့ ARGO ရဲ့ စက်ရုံဂိုထောင်မှာ ဖွက်ထားတဲ့ အောက်စီဂျင်အိုး အလုံး‌ ရေ ၄၀၀၀၀ ရှာဖွေတွေ့ရှိ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး သတင်းရဲ့အတွင်းပိုင်းမှာတော့ "ဒီနေ့ သတင်းအရ လုံခြုံရေးတပ်ဖွဲများက သွားရောက်ရှာဖွေရာ ARGO ရဲ့ စက်ရုံဂိုထောင်ထဲက oxygen sylander အလုံး ၄၀၀၀၀ တွေ့ရှိခဲ့ပြီး ပိုင်ရှင်က ! ဈေးကစားဖို့နဲ့ စစ်ကောင်စီ ကိုဗစ်ရောဂါမထိန်းချုပ်နိုင်အောင် ဇော်ဝေစိုးက မရောင်းဖို့ပြောထားလို့သိမ်းထားတာလို့ သိရပါတယ်။ သူတိုဈေးကစားလို ၆ သိန်းတန် Oxygen Concentrator တလုံးက အခု သိန်း ၂၀ ထိ ပေါက်ကြေး ဖြစ်လာတယ် ဒါတောင် ပြည်သူတွေ ငွေရှိတိုင်း ဝယ်လို မရလို့ အသက်ပေါင်းများစွာ စတေးခဲ့ရပါတယ်။ အောက်ဆီဂျင်းပေါင်း (40000) ကျော် ခု ကာစတန်နံပတ်လိုက်နေပါတယ် ၊ အရေးယူမှာပါ။" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဖြန့်ဝေသူ များပြားခဲ့ပြီး ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖွက်ထားဖို့ Argo စက်ရုံကို အမိန့်ပေးထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေးကြည့်တဲ့အခါ ဒေါက်တာဇော်ဝေစိုးကို တိုက်ခိုက်ဖို့ ဖြန့်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်ကြောင်းတွေ့ရပါတယ်။

    ၎င်းတို့ ဖြန့်ဝေထားတဲ့ အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖမ်းမိတယ် ဆိုတဲ့ အကြောင်းအရာကို သတင်းဌာနတွေမှာ ဖော်ပြထားခြင်း မရှိသလို၊ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံလိုင်းတွေ၊ သတင်းစာတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ လုပ်ကြံရေးသားထားခြင်း သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေက ဇူလိူင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၂) တံတားက ဝင်ရောက်လာတဲ့ အောက်ဆီဂျင်အိုးတွေတင်ဆောင်ထားတဲ့ ကားကို တားဆီးကာ အောက်ဆီဂျင်အိုး အလုံး ၁၃၀ ကို ကရင်ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မျိုးမင်းနောင် အမိန့်နဲ့ သိမ်းယူခဲ့တယ်လို့ ဧရာဝတီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ စစ်ကောင်စီတပ်တွေ အောက်ဆီဂျင်အိုးတွေ ကြားဖြတ်ယူခဲ့တဲ့ အကြောင်းကို ဒီမှာ ကြည့်ပါ။

    ရန်ကုန်မြို့က အောက်ဆီဂျင်ပေးနေတဲ့ စက်ရုံတွေကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အောက်ဆီဂျင် အိုးတန်းစီနေတဲ့ ပြည်သူတွေကို လွတ်လပ်စွာ တန်းစီခွင့် မပေးတော့ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာနဲ့မှ ပေးမယ်ဆိုပြီး ထိန်းချုပ်ထားပါတယ်။ ဒီလို ထိန်းချုပ်ထားတဲ့အကြောင်း DVB သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    စစ်ကောင်စီဘက်ကတော့ ဒီလို ထိန်းချုပ်ရတာဟာ အမြတ်တင်ပြီး စျေးနှုန်းအဆမတန်နဲ့ ပြန်ရောင်းနေတဲ့ ဝိသမလောဘ သမားတွေကြောင့် လုပ်ရတာလို့ ဖြေရှင်းချက် ပေးထားပါတယ်။

    Tags

    Fake newsNUGDr. Zaw Wai SoeOxygen cylindersHiddenMilitaryCoupသတင်းအတုဒေါက်တာဇော်ဝေစိုးအောက်ဆီဂျင်အိုး
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ ဒေါက်တာဇော်ဝေစိုးက အောက်ဆီဂျင်အိုး အလုံး ၄၀၀၀၀ ဖွက်ထားဖို့ Argo စက်ရုံကို အမိန့်ပေးထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!