BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ...
သတင်းအတု

NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ ဖြစ်မည် ဆိုတဲ့ သတင်းအမှား

လူမှူကွန်ရက်ပေါ်မှာ ဒီကာလအတွင်း ရွေးကာက်ပွဲနဲ့ပတ်သက်လို့ ပါတီတွေရဲ့သတင်းအမှားတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့အကြောင်းအရာတွေနေ့စဉ်လိုလို ဖြန့်ဝေနေတာတွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  20 Jun 2020 3:37 PM IST
  • NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ ဖြစ်မည် ဆိုတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်းမှာပဲ NLD ပါတီနဲ့ပတ်သက်ပြီးဖန်တီးဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ခုလည်းပျံ့နှံ့နေပါတယ်။ အဲ့ဒါက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ် အများစုဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်မယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ဖြစ်ပါတယ်။

    ဒီ သတင်းအမှားကို Ngwe Soe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဇွန်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၅၄ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "၂၀၂၀ တွင် NLD အမတ် ၆၈% အစ္စလာမ်ဘာသာဝင်များ ဖြစ်မည်" လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ် ၆၈% သည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ရမည်ဟု မူဝါဒ ချမှတ်ထားကြောင်း ပါတီထိပ်တန်း တာဝန်ရှိသူများမှ တဆင့် သိရသည်။ ၂၀၁၉ ခုနှစ် ကထဲက လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်များကို အစ္စလာမ် ဘာသာဝင်များကို ဦးစားပေး ရွေးချယ်မည် ဟု အတိအလင်း ပြောကြားပြီး ဖြစ်သည်။ လတ်တလော အမည်စာရင်းတင်သွင်းသူ အများစုကို ပါတီဗဟိုမှ လျို့ဝှက် စာရင်းတောင်းယူပြီး မန္တလေးတိုင်း ဒေသကြီး စစ်ကိုင်းတိုင်း ဒေသကြီး မကွေးတိုင်းဒေသကြီးတို့တွင် NLD ပါတီမှ ၈၀% အထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ရွေးကောက်ပွဲ ပြီးပါက ဒေါ်အောင်ဆန်းဆုကြည်ကလည်း အနားယူရင်း ဆေးဝါးကုသမှု ခံယူဖို့ နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် NLD မှ ရွေးချယ်ထားသူ အစ္စလာမ်ဘာသာဝင် ချမ်းမြှေ့အောင်အား NLD ပါတီဝင်များနှင့် တွေ့ရစဉ်" လို့ ရေးသားထားပါတယ်။ ဒီသတင်းရဲ့ မူလ အစဟာ Radio Free Myanmar တံဆိပ်နဲ့ Screen Shot တစ်ခု စတင်ပျံနှံ့ရာက စခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Screen Shot ကို ပြန်ယူပြီး အကောင့်ပေါင်းများစွာက လူမှု့ကွန်ယက်ပေါ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဒီသတင်းကို ထပ်ဆင့်ဝေမျှသူပေါင်းများစွာလည်း ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD အမတ် ၆၈% ဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်မယ် ဆိုတဲ့ သတင်းကို အချက်အလက် စစ်ဆေးဖို့ Boom Myanmar က NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ သတင်းတွေနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ ကျွန်တော်တို့ကတော့ ခုထက်ထိ မွတ်စလင်နဲ့ ပက်သက်လို့ ဘာမှကို ပြောထားတာ မရှိဘူး။ ကျွန်တော်တို့က အစတုန်းက အတိုင်းလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း အမတ်လောင်း တစ်ယောက်ရဲ့ ကန့်သတ်ချက်နဲ့ ပြည့်စုံရင် လက်ခံမယ်ဆိုတဲ့ဟာပဲ ရှိတယ်။ အဲ့တော့ ခုနတုန်းက ပြောတဲ့ ၆၈% တက်လာတယ် မတက်လာဘူး ဆိုတာကတော့ အခု ကျွန်တော် သိသမျှ ထဲမှာက ရွေးထားတာက မြို့နယ်အဆင့်ပဲ ရှိသေးတာကိုး။ ကျွန်တော်တို့ဆီ ရောက်မလာသေးဘူး။ ရောက်မလာသေးပေမယ့် ကျွန်တော်တို့ ကြားနေရတဲ့ ဟာထဲမှာတော့ အဲ့ဒီ ဂဏာန်းကြီးက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လက်ထဲကို မရောက်သေးတော့ Data ကတော့ အတိအကျ ကျွန်တော်မပြောနိုင်သေးဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ" လို့ ဦးဟံသာမြင့် က ဆိုပါတယ်။


    Tags

    fake newsNLD membersMuslim
    Read Full Article
    Claim :   ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD အမတ် ၆၈% ဟာ အစ္စလာမ်ဘာသာဝင်များ ဖြစ်မယ် ဆိုတဲ့ သတင်းကို Boom Myanmar က NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!