BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျေးရွာတွေကို မီးရှို့ဖို့...
သတင်းအတု

ကျေးရွာတွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောထားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေနဲ့ KIA ရဲဘော်တွေ တိုက်ပွဲဖြစ်ရင် ရွာတွေကို မီးရှို့ထွက်ပြေးဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောထားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Dec 2022 8:17 PM IST
  • ကျေးရွာတွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ဝေလာကြတာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဓါတ်ပုံပေါ်မှာ စာရေးပြီးဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်းစာထဲမှာ ဗိုလ်ချုပ်ဂွမ်မော်က KIA တပ်ဖွဲ့ဝင်တွေကို "မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် ရွာတွေကို မီးရှို့ခဲ့ကြ။ စစ်တပ်က မီးငြိမ်းနေတာနဲ့ မင်းတို့နောက်ကို မလိုက်နိုင်တော့ဘူး။ ပြီးတော့ မီးလောင်သွားတဲ့ အိမ်တွေဟာလည်း မင်းတို့အမျိုး တစ်ယောက်မှ မပါဘူး။ အားလုံးဗမာအိမ်တွေ၊ ရှမ်းအိမ်တွေချည်းပဲ ရှင်းလား" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် အကောင့်ပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရင် ရွာတွေကို မီးရှို့ထွက်ပြေးဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီထောက်ခံသူတွေဘက်က ဝါဒဖြန့်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်ကြောင်း တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေက နေအိမ်တွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာ ဆက်တိုက်ဖော်ပြခံနေရတဲ့အတွက် ၎င်းတို့ မီးရှို့တာမဟုတ်ဘူးလို့ Facebook Acc တုတွေနဲ့ ၎င်းတို့လုပ်တာမဟုတ်ကြောင်း တန်ပြန်ဝါဒဖြန့်လာတာဖြစ်ပါတယ်။ ကျေးရွာတွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောထားခြင်းလည်း မရှိသလို မည်သည့် နေရာမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။

    စစ်ကောင်စီထောက်ခံသူတွေက လွန်ခဲ့တဲ့ လတွေထဲက PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအမှားတွေ၊ KIA က စစ်ကိုင်းတိုင်းက ရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ချီလေ့ရှိပါတယ်။

    ယခင်ဖြန့်ခဲ့တဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု

    KIA က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု

    စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအပါအဝင် အခြားပြည်နယ်တွေကို ဝင်ရောက်စီးနင်းရာမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်လေ့ရှိကြောင်း သက်သေအထောက်အထားတွေ Video တွေ များစွာထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ Myanmar Witness အဖွဲ့က ပြုလုပ်ထားတဲ့ သုတေသန စာတမ်းမှာလည်း စစ်ကောင်စီတပ်တွေဟာ မီးကို လက်နက်သဖွယ်အသုံးပြုပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့ သက်သေအထောက်အထားတွေ စုဆောင်းပြီး ထောက်ပြထားပါတယ်။ ဒီသုတေသနစာတမ်းတွေမှာ မီးလောင်နေချိန် ဂြိုလ်တုဓါတ်ပုံတွေပါ ရိုက်ကူးပြီး ပြသထားတာဖြစ်ပါတယ်။ Myanmar Witness က ရေးသားပြုစုထားတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတဲ့ အကြောင်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်ကို ထောက်ခံအားပေးပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှာတွေ ဝါဒဖြန့် သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupKIAသတင်းအတုအာဏာသိမ်းစစ်ကောင်စီဗိုလ်ချုပ်ဂွမ်မော်
    Read Full Article
    Claim :   စစ်ကောင်စီတပ်တွေနဲ့ KIA ရဲဘော်တွေ တိုက်ပွဲဖြစ်ရင် ရွာတွေကို မီးရှို့ထွက်ပြေးဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြော
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!