BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေက...
သတင်းအတု

စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှု ပိုမို လုပ်ဆောင်လာတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  11 Dec 2022 11:48 AM IST
  • စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Kyaw Linn Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "PDFများ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်းပိုမိုများပြားလာ" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ခေတ်သစ်၊ မဇ္ဇိမနဲ့ DVB သတင်းဌာနတွေမှာ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးတယ်လို့ ဆိုပေမယ့် တကယ်ထွက်ပေါ်လာတဲ့ Video file တွေမှာ PDF တွေကသာ ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတာဖြစ်ကြောင်း ရွာထဲမှာ တိုက်ပွဲဖြစ်ရင် ၎င်းတို့နောက် မလိုက်နိုင်အောင် ရွာတွေကို မီးရှို့ဖျက်ဆီးပစ်ကြောင်း၊ PDF တွေကို မထောက်ခံတဲ ရွာတွေနဲ့ ပြည်သူ့စစ်ဖွဲ့စည်းထားတဲ့ ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးပစ်ကြောင်း ရေးသားထားတဲ့အပြင် "နစကအစိုးရအုပ်ချုပ်မှု ယန္တရားပျက်ပြားနေကြောင်း ပုံဖော်လိုတဲ့ NUG ကြောင့် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ များပြားလျက်ရှိပြီး တည်ငြိမ်အေးချမ်းမှု မရှိကြောင်း နိုင်ငံတကာကို သိစေချင်လို့ စစ်ဘေးရှောင်အမည်တပ်ပြီး ရွာသူ/သားတွေကို ကျေးရွာတွေမှာ မနေရဲအောင် ခြိမ်းခြောက် မောင်းထုတ်နေတာလည်းဖြစ်ပါတယ်" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကနေ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးမှု ပိုမိုလုပ်ဆောင်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့် သတင်းအမှားတစ်ပုဒ် ဖြစ်ကြောင်းတွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအပါအဝင် အခြားပြည်နယ်တွေကို ဝင်ရောက်စီးနင်းရာမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်လေ့ရှိကြောင်း သက်သေအထောက်အထားတွေ Video တွေ များစွာထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

    Myanmar Witness အဖွဲ့က ပြုလုပ်ထားတဲ့ သုတေသန စာတမ်းမှာလည်း စစ်ကောင်စီတပ်တွေဟာ မီးကို လက်နက်သဖွယ်အသုံးပြုပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့ သက်သေအထောက်အထားတွေ စုဆောင်းပြီး ထောက်ပြထားပါတယ်။ ဒီသုတေသနစာတမ်းတွေမှာ မီးလောင်နေချိန် ဂြိုလ်တုဓါတ်ပုံတွေပါ ရိုက်ကူးပြီး ပြသထားတာဖြစ်ပါတယ်။

    Myanmar Witness က ရေးသားပြုစုထားတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတဲ့ အကြောင်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်ကို ထောက်ခံအားပေးပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှာတွေ ဝါဒဖြန့် သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။


    Tags

    Fake newsMilitaryCoupJuntaPDFburning down the villagesသတင်းအတုစစ်ကောင်စီအာဏာသိမ်းမီးရှို့အကြမ်းဖက်
    Read Full Article
    Claim :   PDFများ မီးရှို့ဖျက်ဆီးမှု စစ်ကိုင်းတိုင်းအတွင်းပိုမိုများပြားလာ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!