BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာခြားအဖြစ် ဖြန့်ထားတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာခြားကိုးကွယ်သူဖြစ်ပြီး မိခင်အရင်းကိုတောင် မကန်တော့ဘူးလို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 March 2024 9:54 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာခြားအဖြစ် ဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို စောနန်းဝေဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ပုံကပြောသော သမိုင်းနှင့် စိတ်ထား၊ မိခင်ဒေါ်ခင်ကြည် သေဆုံးစဉ် လူလူချင်း ဦးချစရာမလိုဘူးဆိုတဲ့ ဘာသာခြားကိုးကွယ်သူ” လို့ ရေးသားထားပါတယ်။ ဓါတ်ပုံကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာ “မိဘအရင်းကိုတောင်ဂါရဝ၊မပြုနှိုင်လောက်အောင်မောက်မာတဲ့မိန်းမကိုတိုင်းပြည်အာဏာသွားအပ်မိတော့အခုလိုတွေ့ကြုံကြရတာမဆန်းပါဘူးလေ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာခြားကိုးကွယ်သူဖြစ်ပြီး မိခင်အရင်းကိုတောင် မကန်တော့ဘူးလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်တပ်ရဲ့ လော်ဘီတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာခြားတစ်ဦးဖြစ်တယ်လို့ ၁၉၈၈ နောက်ပိုင်းထဲက အစဉ်အဆက် ဝါဒဖြန့်ချီခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဘာသာဝင် စစ်စစ် တစ်ဦးသာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေ; အကြပ်အတည်းဖြစ်တဲ့ ကာလတိုင်းမှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အပေါ်ဘာသာရေးအသုံးချပြီး သွေးထိုးလှုံ့ဆော်တာ၊ တိုက်ခိုက်တာ ပြုလုပ်နေကြသာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခင် သတင်းအမှားနဲ့ တိုက်ခိုက်ထားတဲ့ အကြောင်းအရာတွေကို အောက်ပါ Link မှာ ဖတ်ပါ။

    ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးနဲ့ တိုက်ခိုက်ထားတဲ့ သတင်းအမှား

    လက်ကမ်းစာရွက် သတင်းတုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လူလူချင်း ဦးမချဘူးလို့ သတင်းအမှားဖြန့်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘုရားရှိခိုးဦးချတာတွေကို မကြာခဏ တွေ့မြင်နိုင်ပါတယ်။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPropagandaDaw Aung San Suu KyiNon Buddhistသတင်းအမှားဘာသာခြားသွေးထိုးလှုံ့ဆော်
    Read Full Article
    Claim :   ပုံကပြောသော သမိုင်းနှင့် စိတ်ထား၊ မိခင်ဒေါ်ခင်ကြည် သေဆုံးစဉ် လူလူချင်း ဦးချစရာမလိုဘူးဆိုတဲ့ ဘာသာခြားကိုးကွယ်သူ
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!