BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံခြားသားအကြံပေးများကြောင့်...
သတင်းအတု

နိုင်ငံခြားသားအကြံပေးများကြောင့် မဲခိုးမှုမပေါ်ပေါက်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီက ငှားရမ်းထားတဲ့ နိုင်ငံခြားသား အကြံပေး အယောက် ၉၀ ကျော်ကြောင့် မဲခိုးမှု မပေါ်ခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 Dec 2020 9:27 PM IST
  • နိုင်ငံခြားသားအကြံပေးများကြောင့် မဲခိုးမှုမပေါ်ပေါက်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Point News Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၂ ရက်နေ့ နေ့ခင်း ၂ နာရီ ၆ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "နိုင်ငံခြားသားအကြံပေး ၉၀ ကျော်ကြောင့် မဲခိုးမှု မပေါ်ကြောင်း သတင်းပေါက်ကြား" လို့ ရေးထားပါတယ်။

    အဆိုပါ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "ဒေါ်လာသန်းချီပေးငှားထားသည့် အကြံပေးအယောက်၉၀ကြောင့် NLD မဲခိုးမှုတွေ မပေါ်တာလို့ ပါတီရဲ့ခေါင်းဆိုင်ပိုင်းတွေက ဝန်ခံထားသည်။ ပြည်သူ့ဘဏ္ဍာထဲက လစဉ် သန်း ၁၀၀၀ ကျော် သုံးပြီး မဲခိုးဖို့သာ အကြံပေးခဲ့တာကြောင့် ငှားရတာမတန်ဘူးလို့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ဖုန်းပြောကြားမှုပေါက်ကြားခဲ့သည်။ မဲရုံအတွင်းမဲခိုးမှုအတွက် အမေရိကန်မှ ထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းကို သုံးခဲ့ကြောင်းလည်း ဖုန်းပြောစဉ် ခိုးယူနားထောင်ခဲ့သည့် ဆက်သွယ်ရေးအရာရှိက အထောက်အထားများကို မကြာမီဖော်ထုတ် တင်ပြမည်ဖြစ်ကြောင်း ပြောဆိုထားသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဲ့ဒီ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ ကျော် ရှိနေပြီး ပြန်လည် ကူးယူ ဖော်ပြသူများလည်း ရှိနေပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီက ငှားရမ်းထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ကြောင့် မဲခိုးမှု မပေါ်တာဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ရွေးကောက်ပွဲ မတိုင်ခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    NLD ပါတီမှာ နိုင်ငံခြားသား အယောက် ၉၀ ကျော်ငှားရမ်းထားပြီး ပြည်သူ့ဘဏ္ဍာထဲက လစဉ် ဘီလီယံချီပြီး သုံးစွဲနေတယ်ဆိုတဲ့ အကြောင်းအရာဟာ ရွေးကောက်ပွဲ မတိုင်ခင် ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပြောဆိုထားပါတယ်။ လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားတယ်လို့ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး အောက်တိုဘာလခန့်က ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားအကြောင်း Boom ရဲ့ အချက်အလက် စစ်ဆေးမှုကို အောက်က Link မှာ ဖတ်ပါ။

    အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော်အတွက် လစဉ်ဘီလီယံချီသုံးစွဲတယ်ဆိုတဲ့ သတင်းအမှား



    အခုထွက်ပေါ်နေတဲ့ သတင်းအမှားဟာ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းမှားတွေကို အခြေခံပြီး ပြန်လည်ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားတယ်လို့ ဦးဇော်ဌေးက အောက်တိုဘာလ အလယ်ပိုင်းခန့်မှာ အတည်ပြု ပြောကြားထားပါတယ်။





    Tags

    fake newsNLDhiring foreign advisersstealing votesElection Myanmar
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီက ငှားရမ်းထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ကြောင့် မဲခိုးမှု မပေါ်တာဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!