BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲခိုးဖို့ရည်ရွယ်ချက်နဲ့ တပ်ကို...
သတင်းအတု

မဲခိုးဖို့ရည်ရွယ်ချက်နဲ့ တပ်ကို ဖယ်ထုတ်ဖို့ကြိုးစားတယ်ဆိုတဲ့ သတင်းအမှား

သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ RFM အဖွဲ့က ဒီရက်ပိုင်းထဲမှာ NLD ပါတီက မဲခိုးဖို့ ရည်ရွယ်ချက်နဲ့ တပ်မတော်ကို ဖယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ထပ်မံဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  8 Jan 2021 4:08 PM IST
  • မဲခိုးဖို့ရည်ရွယ်ချက်နဲ့ တပ်ကို ဖယ်ထုတ်ဖို့ကြိုးစားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို RFM အဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းတို့အသုံးပြုနေကြ RFM Template ကိုအသုံးပြုကာ သတင်းပုံစံဖန်တီးပြီး ဖြန့်ဝေထားပါတယ်။

    ၎င်းတို့ဖြန့်ဝေထားတဲ့ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ယခုလိုမဲခိုးရန် ကြံရွယ်ချက်ဖြင့် တပ်မတော်ကိုဖယ်ထုတ်ဖို့ NLD ကကြိုးပမ်းခဲ့ဟုဆို" လို့ ရေးသားထားပါတယ်။

    သတင်းရဲ့ အတွင်းပိုင်းမှာတော့ NLD ပါတီကို မဲခိုးတဲ့ပါတီ ဖြစ်တယ်လို့ ရေးထားပြီး အာဏာရယူဖို့အတွက် စီမံကိန်းကြီးချမှတ်ခဲ့တယ်လို့ ရေးသားထားပြီး ၎င်းတို့ အာဏာလိုချင်တဲ့အတွက် စစ်တပ်ကို အပြတ်ရှင်းဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်ဝင်မပါဖို့အတွက် ရေရှည်စီမံကိန်းတွေ ချပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

    ဒီအကြောင်းအရာကို ရေးသားရာမှာ PEMG အဖွဲ့က အမှုဆောင်ဒါရိုက်တာ ရောဘတ်ဆန်နီ ဆိုသူက ပြောကြားထားတဲ့ အင်တာဗျူးကို ပြန်လည်ဖော်ပြထားတဲ့ ပုံစံရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာနဲ့ ဒီနေရာမှာ ဖတ်ပါ။


    သတင်းဆန်းစစ်ချက်

    RFM အဖွဲ့က ဖြန့်ဝေထားတဲ့ NLD ပါတီဟာ မဲခိုးဖို့ရည်ရွယ်ချက်နဲ့ တပ်မတော်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်ချ ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    RFM အဖွဲ့ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ သတင်းအမှားပေါင်း များစွာ တင်ခဲ့ပါတယ်။ အဲ့လို ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာ အများစုမှာ NLD ပါတီက မဲခိုးမှု ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းများစွာ ပါဝင်ခဲ့ပါတယ်။

    အခုဖြန့်ဝေထားတဲ့ သတင်းအမှားဟာလည်း ပထမ ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာတွေနည်းတူ လုပ်ကြံဖန်တီး ရေးသားထားတာ ဖြစ်ပါတယ်။ ၎င်းတို့ သတင်းအမှားဖြန့်တဲ့အခါမှာ လုပ်ကြံဖန်တီးထားတဲ့ အဖွဲ့နာမည်တွေ၊ လူနာမည်တွေ အသုံးပြုလေ့ရှိပါတယ်။ အခု သတင်းအမှားမှာလည်း ၎င်းတို့ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ရောဘတ်ဆန်နီ ဆိုတဲ့ နာမည်ကို ပြန်သုံးထားတာ တွေ့ရပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ FRM အဖွဲ့ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကနေ အခုအချိန်ထိ နိုင်ငံရေးလှုပ်ခတ်မှုဖြစ်အောင် ရည်ရွယ်ပြီး သတင်းအမှား ရာချီဖြန့်ဝေခဲ့ပါတယ်။ ၎င်းတို့အဖွဲ့ဟာ သတင်းအမှားရေးသားပြီးရင် ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် မှာဆင့်ပွားဖြန့်ဝေလေ့ရှိပါတယ်။

    RFM အဖွဲ့ရဲ့ လှုပ်ရှားပုံတွေနဲ့ ပတ်သက်ပြီး Boom က ရေးသားထားတဲ့ အကြောင်းအရာကို အောက်ပါ Link မှာဖတ်နိုင်ပါတယ်။

    စနစ်ကျတဲ့သတင်းအမှားဂိုဏ်း (သို့မဟုတ်) RFM ကွန်ရက်






    Tags

    Fake newsNLDTatmadawRFMမဲခိုးသတင်းအမှားRFM အဖွဲ့တပ်မတော်
    Read Full Article
    Claim :   RFM အဖွဲ့က ဖြန့်ဝေထားတဲ့ NLD ပါတီဟာ မဲခိုးဖို့ရည်ရွယ်ချက်နဲ့ တပ်မတော်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!