BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း...
      သတင်းအတု

      NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် အခြေခံကာ လုပ်ကြံရေးသားထားတဲ့ သတင်းအတု

      NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် အခြေခံကာ လုပ်ကြံရေးသားထားတဲ့ သတင်းတွေကို လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ အထဲက ဘာသာရေးအသုံးချပြီး တိုက်ခိုက်တဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။

      By - Boom Live Myanmar |
      Published -  24 Aug 2020 6:49 PM IST
    • NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် အခြေခံကာ လုပ်ကြံရေးသားထားတဲ့ သတင်းအတု

      သတင်းတုတွေရေးသားဖြန့်ဝေလေ့ရှိတဲ့ နေလ New media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလိုင်လ ၁၇ ရက်မှာ "ဦးကိုနီကို ကျေးဇူးဆပ်သည့်အနေဖြင့် မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေဝင်ရောက်အရွေးခြယ်ခံစေခဲ့သည့် အတွက် ကန့်ကွက်မှုတွေမလုပ်ကြဘို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း" လို့ ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ရေးသားဖြန့်ဝေခဲ့ပါတယ်။

      ရေးသားဖြန့်ဝေမှုထဲမှာ "၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွင်းကနေ မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေကို ထည့်သွင်းယှဉ်ပြိုင်စေခြင်းက ဦးကိုနီကိုကျေးဇူးဆပ်သည့်အနေဖြင့် ဆောင်ရွက်ရခြင်း ဖြစ်တဲ့အတွက် မိမိတို့ပါတီဝင်တွေအနေနဲ့ ကန့်ကွက်မှုတွေ မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို လမ်းညွန်ပြောကြားလိုက်ကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဦးကိုနီ ရဲ့ကျေးဇူးတွေက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာအများကြီး ရှိတယ်ဆိုတာ ပါတီဝင်တွေအနေနဲ့ နားလည် သဘောပေါက်စေခြင်ကြောင်း၊ ဒါကြောင့်မို့ သူဖြစ်စေခြင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတုန်းက အခြေအနေအရ ချန်ထားခဲ့ရတဲ့ မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေကို ကျမတို့ပါတီကနေ ဝင်ရောက် ရွေးခြယ်ခံခွင့်ပြု ထားတာဖြစ်ကြောင်း၊ NLD ပါတီအနေနဲ့ ဦးကိုနီရဲ့ ကျေးဇူးကို ပြန်ဆပ်တယ်လို့ ခံယူထားကြပြီး ကန့်ကွက်မှုတွေ မလုပ်ကြဖို့ ၂၀၂၀ အောင်နိုင်ရေးကိုသာ ဦးတည်ကြိုးစားပေးကြပါလို့ ပါတီဝင်တွေကို တိုက်တွန်းပြောကြားခဲ့ကြောင်း" ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ဒီပိုစ့်ကို ထပ်ဆင့်ဖြန့်ဝေသူ နှစ်ထောင့်လေးရာကျော် ခန့်ရှိပြီး ယခုချိန်ထိ ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် အခြေခံပြီး ဘာသာရေးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒီသတင်းဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် ရွေးချယ်မှုနဲ့ပတ်သက်ပြီး NLD ပါတီမှာ မူဝါဒ သတ်သတ်မှတ်မှတ်ရှိပြီးသားဖြစ်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မူဝါဒ တစ်ခုမှမပါဝင်ဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောကြားထားချက်ကို ဇူလိုင် ၁၆ ရက်နေ့က BOOM ဝက်ဘ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ "မကွေးတိုင်း ဝန်ကြီးချုပ် နာမည်သုံးပြီး ဖြန့်ဝေတဲ့ သတင်းအမှား" ဆိုတဲ့သတင်းမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။


      ဒါ့အပြင် NLD အနေနဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု မရှိကြောင်းနဲ့ ဘာသာရေးဝန်ကြီးဖွဲ့မယ်ဆိုတာလည်း မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးမှ မုံရွာအောင်ရှင် ကလည်း ပြောထားပါသေးတယ်။ မုံရွာအောင်ရှင်ရဲ့ ပြောကြားချက်ကို ဇူလိုင် ၂၈ ရက်နေ့က BOOM ဝက်ဘ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ သတင်းမှာ တွေ့နိုင်ပါတယ်။


      နေလ New media ဟာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် လူမျိုးရေး၊ ဘာသာရေးကိစ္စတွေ အသုံးပြုကာ အဆက်မပြတ်တိုက်ခိုက်နေတာ တွေ့ရှိရပါတယ်။ သူတို့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၁၀ ရက်နေ့က ရေးသားဖြန့်ဝေခဲ့တဲ့ "အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေဟု ဒေါက်တာအောင်မိုးညိုပြော" ဆိုတဲ့ သတင်းအမှားနဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ရေးသားဖြန့်ဝေတဲ့ "မွတ်ဆလင်ရေးရာဝန်ကြီးဌာနတွေ ဖွင့်ခွင်ရဖို့ လုပ်ပေးရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်မှာကြားခဲ့" ဆိုတဲ့ ဘာသာရေးနဲ့ဆက်နွယ်ပြီး လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေကို BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ခဲ့ပါသေးတယ်။ BOOM ရဲ့ သတင်းဆန်းစစ်ချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။


      အဆိုပါ သတင်းအမှား ဖြန့်ဝေထားတဲ့ နေလ New Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ သတင်းဌာန အယောင်ဆောင်ထားပြီး နိုင်ငံရေးအရ ဝါဒဖြန့်တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်လေ့ရှိတာကို လည်းတွေ့ရပါတယ်။

      Tags

      NLD
      Read Full Article
      Claim :   NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် အခြေခံကာ ဘာသာရေးအသုံးချပြီး တိုက်ခိုက်နေတဲ့ သတင်းတွေ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!