BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မကွေးတိုင်း ဝန်ကြီးချုပ်...
သတင်းအတု

မကွေးတိုင်း ဝန်ကြီးချုပ် နာမည်သုံးပြီး ဖြန့်ဝေတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အပေါ် အခြေခံပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 July 2020 9:25 AM IST
  • မကွေးတိုင်း ဝန်ကြီးချုပ် နာမည်သုံးပြီး ဖြန့်ဝေတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်းမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နာမည်ကို အသုံးချပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ပျံနှံ့နေပါတယ်။

    Chit Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဟာ ဂျူလိုင်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ "မွတ်ဆလင်ကိုယ်စားလှယ်လောင်း တွေကို ဘယ်သူကထည့်ခိုင်းတယ်ဆိုတာ ဒေါက်တာအောင်မိုးညို ပြောပြီ" လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ် ။

    အဲ့ဒီ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "ခက်နေတာက ဒါတော့ သူ့လူ မို့ထည့်ပေးပါ ဒါတော့ကျနော့လူမို့ချန်ထားမပေးပါနဲ့ဆိုတဲ့ ပါတီထဲ ကလူကြီးတွေ အုပ်စုကဲပြီး သူ့လူကိုယ့်လူ ပါဝင်ရေး တွေ ရှိနေ တော့ အောက်က တင်လာတဲ့ လူထက် လူကြီးတွေ ထည့်မယ့်လူကို ဦးစားပေးရ မ လိုဖြစ်နေတော့ အောက်ခြေမှာ ရပ်မိရပ်ဖ တွေနဲ့ ရွေးပြီးတင်ခဲ့တဲ့ လူတွေကို ဘယ်လိုရှင်းရမလဲ ဆိုတဲ့ကိစ္စ ပဲ ၊ အုပ်စုက လေး အုပ်စုလောက် ဖြစ်နေတာ နာယက ကြီးဦးဝင်းထိန်ကလည်း သူ့လူထည့်ဖို့ပြောတယ် အမကြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့လူမို့ချန်မထားစေချင်ဘူး ကိုဇော်မြင့်မောင်ကလဲ ဒီလူဒီလူ တော့ ပါစေချင်တယ် ဒေါ်မေဝင်းမြင့်ကလည်း သူအမျိုးသမီးရေးရာ က စွမ်းဆောင်ရည်ကောင်းပါတယ်သူ့လူတွေလည်း ထည့်ပေးပါ ဆိုတာ တွေကြောင့် ရွေးခြယ်ဖို့ တော်တော်အကြတ်ရိုက်နေရတယ်လို့ဆို ဒေါက်တာအောင်မိုးညိုက ဆိုပါတယ် ။ ဒါ့အပြင် အရွေးခံမယ့် သူတွေထဲမှာ မွတ်ဆလင် တွေပါဝင်နေတဲ့အတွက် ပါတီဝင်တွေထဲက သဘောမကျတဲ့အသံတွေလည်း ပြန်ကြားနေရတော့ ထည့်သင့်မထည့်သင့်ကလည်း စဉ်းစားနေရတယ် ၊ အဲ့ဒီထဲမှာ အမကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်မေဝင်းမြင့် ထည့်ခိုင်းတဲ့ မွတ်ဆလင် ကိုယ်စားလှယ်လောင်း တွေကိုတော့ထည့်ပေး ရမှာပါ။ ဒါကလဲ သမ္မတကြီးဦးဝင်းမြင့် အရွေးခံမယ့် နေရာ မှာအထောက်အကူဖြစ်စေအောင်ရယ် ပါတီရဲ့ အခြားအောင်နိုင်ရေး အထောက်အကူပြု ဘို့ပါ ၊ ကျနော်ကရွေးခြယ်စီစစ်ရေး မှာပါနေတော့ တော်တော် ဂွတီးဂွကျ ဖြစ်နေရတယ် ရက်ကလည်းကပ်နေပြီ တင်လိုက် လို့ အမည်စာရင်းထွက်လာတော့မှ သူ့လူ မပါဘူးလား ကိုယ့်လူမပါတော့ဘူးလား တွေဖြစ်ကျရင်လည်း မကောင်းဘူး ဒီထက် အုပ်စုတွေကွဲကြပြန်အုန်းမယ် ခက်တာမှ တော်တော် ခက်ပါတယ် လို့ ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၇၀၀ ကျော် ရှိနေပြီး တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူများတဲ့ Group တွေထဲ ထပ်ဆင့်ဝေမျှ နေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Chit Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ မွတ်စလင်ကိုယ်စားလောင်းတွေ ရွေးချယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကမှာကြားထားတယ်လို့ ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့တယ်ဆိုတဲ့အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒေါက်တာအောင်မိုးညိုကလည်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထွက်ပေါ်နေတဲ့ သတင်းအမှားတွေနဲ့ ပက်သက်ပြီး "နည်းမျိုးစုံ ဖြိုခွဲတိုက်ခိုက်လျက် ရှိပါသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ သတိကြပ်ကြပ် ထားကြစေ ချင်ပါသည်ခင်ဗျား။ ကျနော် မပြောတာကို အပြောလုပ်နေပါသည်" လို့ ရေးသားထားပါတယ်။

    အခုလို ကိုယ်စားလှယ် ရွေးချယ်မှုအပေါ် သတင်းအမှားဖြန့်ဝေတာနဲ့ ပက်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က "ကျွန်တော်တို့ပါတီမှာ ကိုယ်စားလှယ်မူ ရှိတယ်။ ကိုယ်စားလှယ် မူထဲမှာ ခုနက ပြောတဲ့ ဘာသာရေးနဲ့ ပက်သက်တဲ့မူ ဘာတစ်ခုမှ မပါဘူးပေါ့နော်။ ဘယ်ဘာသာမို့လို့ ပိုပြီးတော့ ဦးစားပေးရမယ်ဆိုတဲ့အချက်က မပါဘူး။ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်ရွေးချယ်တဲ့အထဲမှာ ချမှတ်ထားတဲ့ မူတွေအတိုင်းပဲ သွားရတာ" လို့ Boom Myanmar ကို ပြောပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာ ဒေါက်တာအောင်မိုးညို၊ မုံရွာအောင်ရှင်၊ ဒေါက်တာဇော်မြင့်မောင် တို့အပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒီလို သတင်းအမှားတွေ ထွက်ပေါ်မှု အပေါ် ကိုနေဘုန်းလတ်က အခုလို မှတ်ချက်ပေးပါတယ်။

    "ဒါကတော့ သူတို့မှာ တိုက်ခိုက်ချင်တဲ့ သူတွေကတော့ Target ထားတဲ့သူတွေ ရှိတာပါ။ နိုင်ငံရေးမှာ နည်းနည်း ထင်ပေါ် လာတဲ့သူတွေ ဆိုရင်တော့ သူတို့က Target ထားပြီး တိုက်ခိုက်တာများတယ်။"

    Tags

    false informationMagway Division Chief MinisterDr. Aung Moe NyoMuslim candidates in NLDမကွေးတိုင်းဝန်ကြီးချုပ်‌ဒေါက်တာအောင်မိုးညိုသတင်းအမှားမွတ်စလင်ကိုယ်စားလှယ်လောင်းဝါဒဖြန့်
    Read Full Article
    Claim :   Chit Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတဲ့ မွတ်စလင်ကိုယ်စားလောင်းတွေ ရွေးချယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကမှာကြားထားတယ်လို့ ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့တယ်ဆိုတဲ့အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!