BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ငွေကျပ်လေးထောင်နဲ့ကာကွယ်ဆေးရဖို့...
      သတင်းအတု

      ငွေကျပ်လေးထောင်နဲ့ကာကွယ်ဆေးရဖို့ အတိုင်ပင်ခံပြောတယ်ဆိုတဲ့သတင်းအမှား

      ယခုနှစ်ကုန်မှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးတစ်လုံး မြန်မာကျပ်ငွေ ၄၀၀၀ နဲ့ရအောင် နိုင်ငံတော်အတိုင်ပင်ခံက ဆောင်ရွက်ပေးမယ်လို့ ပြောဆိုတယ်ဆိုတဲ့ သတင်းမှားကို နောက်ထပ်တကြိမ် ပြန်လည်ဖြန့်ဝေမှုတွေရှိနေပါတယ်။

      By - Boom Live Myanmar | 23 Nov 2020 3:51 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ငွေကျပ်လေးထောင်နဲ့ကာကွယ်ဆေးရဖို့ အတိုင်ပင်ခံပြောတယ်ဆိုတဲ့သတင်းအမှား

      "ယခုနှစ်ကုန်မှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိမှာဖြစ်ပြီး ဆေး ၁ လုံးကို မြန်မာကျပ်ငွေ ၄၀၀၀ နဲ့ ရအောင်ဆောင်ရွက်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားကြောင်း၊ ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့် TV မှာပါ အမေစု ကိုယ်တိုင် ကြေငြာသွားပါပြီ။ သတင်းကို ယနေ့ည ၈ နာရီ TV သတင်းမှာ တရားဝင်ကြေငြာပေးပါမယ် ကြည့်ကြပါ။" လို့ ရေးသားဖြန့်ဝေနေမှုတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဖြန့်ဝေနေခဲ့တဲ့ စာသားတွေအတိုင်း ယခုနိုဝင်ဘာလ ၁၈ ရက်နေ့မှာ နောက်ထပ်ကြိမ် ထပ်မံဖြန့်ဝေေနေတာပါ။

      ဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီသတင်းကို သတင်းဆန်းစစ်ချက်ပြုလုပ်ကာ BOOM သတင်းဌာနမှာ အောက်တိုဘာလ ၂၀ ရက်နေ့က ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီနေရာ မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။


      ယခုထပ်မံဖြန့်ဝေတဲ့ သတင်းဟာ အောက်တိုဘာလအတွင်းက ဖြန့်ဝေခဲ့တဲ့ သတင်းမှားနဲ့ စာသားများကအစ အတူတူပဲ ဖြစ်တဲ့အတွက် BOOM မှာဖော်ပြခဲ့တဲ့ ယခင်သတင်းဆန်းစစ်ချက်ထဲက တချို့အချက်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

      "2020 နှစ်ကုန်ပိုင်းမှာ ၁၂လပိုင်းပေါ့ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ။ ဆေး ၁ လုံးကိုယ်လည်း မြန်မာကျပ်ငွေ ၄၀၀၀ ဖြင့်ရအောင် ဆောင်ရွက်ပေးမယ်။ TV မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားတယ်" ဆိုပြီး ရေးသားချက်နဲ့ ပါတ်သတ်ပြီး ယခင်သတင်းမှားဖြန့်ဝေခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ တိုက်ရိုက်ထုတ်လွင့်တဲ့ အစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ခြင်း မရှိသလို ယခုအချိန်ထိလည်း ဒီလိုမျိုးပြောဆိုထားတာ မရှိသေးပါဘူး။


      နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတွင်း COVID -19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      2020 နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပါပြီ ဆိုတာနဲ့ ပါတ်သတ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေထဲမှာ BioNTech နဲ့ Pfizer တို့ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနဲ့ အမေရိကန်ကုမ္ပဏီ Moderna ကာကွယ်ဆေးတွေက လက်တလော ကောင်းမွန်တဲ့ ရလဒ်တွေရှိနေတယ်လို့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြနေတာ တွေ့ရပါတယ်။

      ဒီဆေးနှစ်မျိုးလုံးရဲ့လက်တွေ့စမ်းသပ်ချက်တွေက ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတဲ့အကြောင်း သတင်းတွေမှာ ကြေငြာထားပါတယ်။

      BioNTech နဲ့ Pfizer တို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်သုံးခွင့်ပြုရန် အမေရိကန်နိုင်ငံ FDA ကို နိုဝင်ဘာလ ၂၀ ရက်နေ့က တင်ပြထားပြီး ဒီဇင်ဘာလမှာ ဖြန့်ချိနိုင်ရန် ဆောင်ရွက်နေတယ်လို့ Pfizer ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားပါတယ်။


      Pfizer ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      vaccineState Counsellor speechCOVID-19 Vaccine
      Read Full Article
      Claim :   ကိုဗစ်ရောဂါ ကာကွယ်ဆေးတစ်လုံး မြန်မာကျပ်ငွေ ၄၀၀၀ ရအောင် နိုင်ငံတော်အတိုင်ပင်ခံက ဆောင်ရွက်ပေးမယ်လို့ ပြောဆိုတယ်ဆိုတဲ့ သတင်းမှားကို နောက်ထပ်တကြိမ် ပြန်လည်ြaဖန့်ဝေလာတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!