BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံတော် အတိုင်ပင်ခံ...
သတင်းအတု

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှား

နိုင်ငံတော်အကြီးအကဲဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းအမှားတွေများစွာပေါ်ထွက်ခဲ့ပြီးဖြစ်သလို ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ လူတွေထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကြံဖန်တီးထားတဲ့ သတင်းတစ်ခုလည်းထပ်မံပေါ်ထွက်ခဲ့ပါသေးတယ်။

By - Boom Live Myanmar |
Published -  25 Sept 2020 12:27 PM IST
  • နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးတည်တိုက်ခိုက်တဲ့ သတင်းအမှား

    ဒီတစ်ခါဖန်တီးတဲ့ သတင်းအမှားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့အတွက် သူမနေရာမှာ အခြားတစ်ယောက်အစားထိုးထားတယ် ဆိုပြီး စိတ်ကူးယဉ်ဆန်တဲ့ သတင်းကိုလုပ်ကြံဖန်တီးပြီးရေးသားဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုတွေ၊ ကိုဗစ်ကာလအတွင်း သူမကိုင်တွယ် ဆောင်ရွက်နေတဲ့ သတင်းတွေအပေါ်စောင့်ကြည့်နေရုံနဲ့ ဒီသတင်းတွေကအမှားလားအမှန်လားဆိုတာသိနိုင်ပေမယ့်၊ ဒီလိုရေးသားထားတဲ့အကြောင်းအရာတွေကို အမှန်တကယ် ယုံကြည်ပြီးဝေမျှခဲ့သူမြောက်မြားစွာလည်းရှိခဲ့ပါတယ်။

    ဒီသတင်းကို Min Min ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ စက်တင်ဘာလ ၁၆ ရက်နေ့က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး သူရေးသားထားတဲ့အကြောင်းအရာကို ထပ်ဆင့်ဖြန့်သေူလေးထောင့်ခြောက်ရာကျော် ရှိခဲ့သလို ငွေရှာဖို့သက်သက်ဖန်တီးထားကြတဲ့သတင်းအမည်ခံ ဝဘ်ဆိုက်တွေပေဓမှာလည်း ဒီအကြောင်းအရာကို ဖောဖောသီသီဖြန့်ဝေခဲ့ကြပါတယ်။

    ဒီလို ဖြန့်ဝေတဲ့ အကြောင်းအရာတွေထဲမှာ "မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်ရဲ့လိမ်လည်မူ.ကြီး" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ရေးသားထားတဲ့အကြောင်းအရာတွေထဲမှာ " နိုင်ငံတော်အတိုင်ပင်ခံရဲ့ လုံခြုံရေးသက်တော်စောင့်တွေ စောင့်ကြည့်လူနာအဖြစ် နေရချိန် ယာရီလုံခြုံရေးအသစ်များနဲ.အစားထိုးတာ ကြည့်ခြင်းဖြင့် ပုံပါအမျိုးသမီးမှာအစားထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီမဝမ်းကွဲ ဒေါ်ကြည်ကြည်စန်းဖြစ်ကြောင်း၊ ခန္ဓာကိုယ်အချိုးအစားအရ မတူညီကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အစစ်က ကိုဗစ်ဖြစ်နေပြီး နိုင်ငံခြားတွင် ဆေးကုသမှု ခံယူဘို့ကြိုးစားပေမယ့် ဘယ်နိုင်ငံကမှ လက်မခံကြောင်း၊ ရောဂါသုံးမျိုး ခံစားနေရတာဖြစ်ကြောင်း (သွေးကင်ဆာ၊ ဦးနောက်သွေးကြောပိတ်၊ ကိုဗစ်) စတာတွေ ရေးသားထားတာပါ။ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီလိုအချက်အလက်တွေကို အထောက်အထားမဲ့လုပ်ကြံံရေးသားမှုတွေနဲ့ဖြန့်ဝေခဲ့တဲ့အပြင် အဲ့ဒီပို့စ်တွေမှာရေးသားထားတဲ့အချက်အလက်တွေဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်လိုလူတွေ လေ့လာဖေါ်ထုတ်ထားတယ်ဆိုတဲ့အထောက်အထားတွေမပါဝင်ပါဘူး။ ဒီလို ဝါဒဖြန့်တဲ့အကြောင်းအရာတွေ၊ လူတွေထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေဟာ လူပြိန်းကြိုက်အကြောင်းအရာတွေ ရေးသားဖြန့်ဝေနေတဲ့ သတင်းမီဒီယာအမည်ခံဝဘ်ဆိုက်တွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ အရေးအသားမျိုးတွေဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာတွေဟာ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ရုံသာမက တခြားသောသတင်းအမှားဖြန့်ဝေတဲ့ ဝဘ်ဆိုက်တွေနဲ့ Page တွေမှာပါ ရက်သတ္တပတ် တစ်ပတ်နီးပါး အရှိန်အဟုန်နဲပျံ့နှံံ့လာတဲ့အခြေအနေမှသာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့အကောင့်ကနေဖြေရှင်းတဲ့ ပို့စ်တစ်ခုကိုအသိပေးရေးသားခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း၊ Positive တွေ့တယ်ဆိုတာ လုံးဝ မဟုတ်ကြောင်း၊ ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ကြောင်း နဲ့ လုပ်ကြံ ဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ကြောင်း သူ့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က အသိပေး ရေးသားထားပါတယ်။


    ရေးသားထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါပေမယ့် ဒီဖြေရှင်းချက်ဟာ သတင်းအမှားပျံ့နှံ့ပြီးရက်အတော်ကြာမှ ဖြေရှင်းခဲ့တာဖြစ်သလို သတင်းအမှားတွေနဲ့ပတ်သက်လို့အရေးယူမယ်ဆိုတဲ့ ပို့စ်ကိုရေးသားဝေမျှပြီးတဲ့နာရီပိုင်းအတွင်းမှာ အဆိုပါသတင်းအတုကို တင်ထားခဲ့သူတွေက ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။

    BOOM အနေနဲ့ ဒီရေးသားဖြန့်ဝေမှုနဲ့ ဆင်တူတဲ့ "နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ် Positive ထွက်တယ်ဆိုတဲ့ သတင်းအမှား" ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ BOOM သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ကိုဗစ် Positive ဖြစ်တယ်လို့ ဖြန့်ဝေနေတာနဲ့ ပတ်သတ်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးက ဦးကြည်တိုးက "ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများသည် အတုအယောင်များသာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် အစိုးရတာဝန်၊ ပါတီတာဝန်များကို ပုံမှန်ထမ်းဆောင်နေပါသည်" လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

    Tags

    #Fake Newsclonecovid19Covid positiveMyanmar LeaderInfectionsDisinfomationနိုင်ငံတော်အတိုင်ပင်ခံ
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့အတွက် သူမနေရာမှာ အခြားတစ်ယောက်အစားထိုးထားတယ် ဆိုပြီး လူမှုမီဒီယာတွေပေါ်ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!