BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ငွေစက္ကူကြောင့်ရောဂါကူးစက်နိုင်ခြေများတယ်ဆိုတဲ့ သတင်းအမှား

COVID – 19 နဲ့ပါတ်သတ်ပြီး သတင်းမှားတွေ သတင်းတုတွေ နေ့စဉ်ထွက်ပေါ်နေတဲ့ကာလမှာ စီပွားရေးလုပ်ကိုင်သူအချို့ သတင်းအမှားတချို့ကိုအသုံးချပြီး အရောင်းမြှင့်တင်ဖို့ကြိုးစားကြတာတွေရှိပါတယ်။

By - Boom Live Myanmar |
Published -  22 Sept 2020 8:40 PM IST
  • ငွေစက္ကူကြောင့်ရောဂါကူးစက်နိုင်ခြေများတယ်ဆိုတဲ့ သတင်းအမှား

    ဒီရက်ထဲမှာပဲ Hand Spray ရောင်းတဲ့လုပ်ငန်းတစ်ခုက COVID – 19 ဟာငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတယ်ဆိုပြီးကြော်ငြာနေတာ တွေ့ရပါတယ်။

    ဒီလိုငွေစက္ကူတွေမှာ ဒီလို ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့အကြောင်းရာတွေနဲ့ ပတ်သက်ပြီး BOOM က မကြာခဏ သတင်းဆန်းစစ်ချက်ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ယခင်ကလည်းဒီလိုအကြောင်းအရာတွေကို မကြာခဏဖြန့်ဝေနေကြတာရှိသလို ၊ အခုတခါမှာလည်း Galaxy Clean ဆိုတဲ့ ဖေစ့်ဘွတ်စာမျက်နှာက လက်ဆေးရည် (Hand Sanitizer Gel) ရောင်းချတဲ့ ပိုစ့်တစ်ခုမှာ ဒီမှားယွင်းတဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး ထုတ်ကုန်ကြော်ငြာအဖြစ် ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    ငွေစက္ကူကိုင်တွယ်သုံးစွဲမှုနဲ့ပတ်သက်လို့ တချို့ဖြန့်ဝေမှုတွေမှာလည်း အရက်ပြန်စွတ်ပြီး ပုဝါတစ်ထည်နဲ့ ထုပ်သိမ်းပါဖို့နဲ့ မိနစ် ၃၀ လောက်ကြာမှ ကိုင်တွယ်ပါ ဆိုပြီး ရေးသားထားပါသေးတယ်။COVID – 19 ဟာငွေစက္ကူတွေဆီကတဆင့်ကူးစက်နိုင်ချေများကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေက ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒီလိုဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီသတင်းကိုရေးသားနေချိန် စက်တင်ဘာလ ၂၂ ရက်နေ့အထိ COVID – 19 ဟာ ငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများလို့ ကြေငြာထားခြင်း မရှိသေးပါဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အသေးစိတ်ေကြေငြာချက်တွေကို ဒီနေရာ မှာ သွားရောက်လေ့လာ နိုင်ပါတယ်။

    အထက်မှာ ဖော်ပြခဲ့သလို ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပြီးဖြစ်ပြီး သတင်းပါအချက်တွေထဲမှာ လေ့လာမှုတွေအရ ဒီနေ့အထိ COVID – 19 ဟာ ငွေစက္ကူတွေဆီမှာ ကြီးထွားအသက်ရှင်နိုင်ခြင်းနဲ့ ပျံ့နှံ့ကူးစက်နိုင်ခြင်း ရှိ၊

    မရှိ ဆိုတာကို သက်သေပြနိုင်တဲ့အချက် မရှိသေးကြောင်း၊ WHO အနေနဲ့လည်း ငွေစက္ကူတွေကိုင်တွယ်မယ်ဆိုရင် သန့်ရှင်းမှုရှိဖို့သာ အကြံပြုထားကြောင်း၊ လက်များကို မကြာခဏေ ဆးကြောဖို့နဲ့ အခြေခံသန့်ရှင်းရေးပြုလုပ်ခြင်းကို လိုက်နာဖို့လိုကြောင်း ရေးသားဖော်ပြထားပါတယ်။

    အသေးစိတ်အချက်အလက်တွေကို BOOM က ရေးသားထားခဲ့တဲ့ သတင်းမှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။

    အဲ့ဒီအပြင် စက်တင်ဘာလ ၂၂ ရက်မှာပဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ MRTV ဖေ့စ်ဘွတ် Page မှာ သတင်းအမှန်ကိုဝေမျှထားပါသေးတယ်။အဆိုပါသတင်းမှာတော့ ဆေးတက္ကသိုလ် (၁)ရန်ကုန် ၊ ဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်းက အခုလိုပြောကြားထားတာကို အခုလိုဝေမျှထားတာဖြစ်ပါတယ်။

    "လက်ရှိတွင် ငွေစက္ကူမှတစ်ဆင့် ရောဂါပိုးကူးစက်သည်ဟူသော အကြောင်းအရာ မရှိသော်လည်း ကိုင်တွယ်ပြီးသောအခါတိုင်း မျက်စိ၊နား၊ နှာခေါင်းစသော မျက်နှာ၏ T Zone နေရာများကို မထိတွေ့မိစေရန်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း ဆေးတက္ကသိုလ် (၁)ရန်ကုန် ၊ ဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း မှ သတိပေးပြောကြားထားကြောင်း သိရပါသည်" လို့ဖေါ်ပြထားတာဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    ဒါကြောင့် လက်ရှိဖြန့်ဝေမှုမှာပါဝင်တဲ့ COVID – 19 ဟာငွေစက္ကူတွေဆီကတဆင့် ကူးစက်နိုင်ချေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတယ်ဆိုတဲ့ အချက်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားခြင်းမရှိသလို သတင်းအမှန်လည်းမဟုတ်ကြောင်း စိစစ်ဖေါ်ပြလိုက်ပါတယ်။

    Tags

    transmit coronavirusBanknotesavoid cash paymentsငွေစက္ကူCOVID-19Corona Myanmarcovid19
    Read Full Article
    Claim :   စီးပွားရေးလုပ်ကိုင်သူတွေ အနေနဲ့လည်း ကိုယ့်ရဲ့ထုတ်ကုန် ရောင်းစွံဘို့ ကြော်ငြာရာမှာ အွန်လိုင်းပေါ်က ရေးသားဖြန့်ဝေမှုတွေကို ဆန်းစစ်ခြင်း မပြုပဲ အမှုမဲ့အမှတ်မဲ့ ရယူသုံးစွဲခြင်း မလုပ်သင့်ကြောင်း BOOM က သတင်းရေးသားတင်ဆက်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!